Friday, 24 January 2020

လူသိနည်းသော ငှက်ပျောသီးစိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုး

ငှက်ပျောသီးစိမ်းကို ဟင်းချက်ပြုတ်စား နိုင်သလို ဖျော်ရည် အဖြစ်လည်း ပြုလုပ်သောက် သုံးနိုင် ပါတယ်။ ငှက်ပျောသီး အမှည့်မှာတင် မဟုတ်ဘဲ မမှည့်သေးတဲ့ ငှက်ပျောသီး အစိမ်းမှာပါ ကျန်းမာရေး ကောင်းကျိုး တွေများစွာရှိတယ် ဆိုတာကို လူအများစုက သတိမထားမိတတ်ကြပါဘူး။

ဒါကြောင့်မို့လို့ ငှက်ပျောသီးအစိမ်းက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိစေနိုင်သလဲဆိုတာ ဗဟုသုတအနေနဲ့ ရေးသား ဖော်ပြလိုက်ပါတယ်နော်…

(၁) သုတေသန လေ့လာချက်တွေအရ ငှက်ပျောသီးစိမ်းတွေမှာ ငှက်ပျောသီးမှည့်တွေထက် Resistant Starch ပိုမို ပါဝင်တာကြောင့် အူအတွင်းပိုင်းကို သန့်စင်ပေးနိုင်ပြီး အူရောင်ခြင်းနဲ့ အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ငှက်ပျောသီး အစိမ်းမှာ ပါဝင်တဲ့ Lectins ဓာတ်ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို ကောင်းမွန်စေနိုင် ပါတယ်။ Lectins ဓာတ်ဟာ အမှည့်လွန်နေတဲ့ ငှက်ပျောသီးတွေမှာတော့ ပါဝင်မှုနှုန်းအား နည်းသွား တတ်ပါ တယ်။

(၃) ငှက်ပျောသီးစိမ်းမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင် ပါတယ်။ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရော တွေကို ကျဆင်းစေနိုင်တာကြောင့် ကိုယ်အလေးချိန် ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

ပိုတက်ဆီယမ် မြင့်မားစွာ ပါဝင် တာကြောင့် နှလုံးရဲ့လုပ်ဆောင် နိုင်စွမ်းကို ကောင်းမွန်စေနိုင်ပြီး နှလုံးသွေးကြောကျဉ်းခြင်းနဲ့ Heart Attack ဖြစ်ခြင်းကို ကာကွယ်ပေးနို င်ပါတယ်။

(၄) သွေးတွင်း သကြားဓာတ် လည်ပတ်မှုကို ပုံမှ န်ဖြစ်စေတာကြောင့် ဆီးချို သွေးချို ပမာဏကို ထိန်းချုပ်ပေးနိုင်ပြီး ဆီးချို ဝေဒနာရှင်တွေ အတွက် စားသုံးဖို့ သင့်တော် ပါတယ်။

(၅) အစားအသောက် ပျက်နေသူတွေ အနေနဲ့ ငှက်ပျော သီးစိမ်းကို ဖျော်ရည်ပြု လုပ်ပြီး သောက်သုံးပေးခြင်းအားဖြင့် အစာစားချင် စိတ်ကို ပြန်လည်ဖြစ်ပေါ်စေနို င်ပါတယ်။ ငှက်ပျောသီးစိမ်းကို ဟင်းချက်ပြုတ် စားနိုင်သလို ဖျော်ရည် အဖြစ်လည်း ပြုလုပ်သောက် သုံးနိုင် ပါတယ်။

ခရက်ဒစ် မူရင်

No comments:

Post a Comment