Unicode
ရှမ်းခေါက်ဆွဲလေး ကို ရှမ်းချဉ် သို့မဟုတ် ဂေါ်ဖီချဉ်လေးနဲ့ပြောင်းပြီး တွဲစားပါတယ်။ သူငယ်ချင်းတွေလည်း အိမ်မှာ လုပ်စားလို့ရအောင် ရှမ်းခေါက်ဆွဲ ပြင်ဆင်ပုံလေးကို တင်ဆက် ပေးသွားပါမယ်။
ပါဝင်ပစ္စည်းများ
ဆန်ခေါက်ဆွဲ ၁ ထုပ် ၊မြေပဲဆံလှော် ၅ကျပ်သား ၊ရှမ်းချဉ် ၅ ကျပ်သား ၊ကြက်သွန်မိတ် ၁စည်း ၊ငရုတ်သီးဆီကြော် ၊ပဲငံပြာရည်အပျစ် အနည်းငယ် ၊တို့ဖူးကြော် ၊ဝက်ခေါက်ကြော်၊ ပဲပုပ်စေ့လှော် ထောင်းပြီးသား အနည်းငယ် (optional) ၊ပဲရွက် အနည်းငယ်
ကြက်သွန်ဖြူဆီချက်
ကြက်သွန်ဖြူ ၄မွှာ ၊တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း ၊နှမ်းဖြူ အနည်းငယ် ၊
ကြက်သားဟင်းအနှစ်
ကြက်သားရင်ပုံသား ၂ ခု၊ကြက်သွန်နီ အနေတော် ၄ လုံး ၊ ခရမ်းချဉ်သီး အနေတော် ၆ လုံး ၊ကြက်သွန်ဖြူ ၈မွှာ
ငရုတ်သီး အစိမ်းမှုန့် ထမင်းစားဇွန်း ၂ ဇွန်း ၊ ဆား အနည်းငယ် ၊ ပဲငံပြာရည် အကျဲ ၂ ဇွန်း
ပြုလုပ်ပုံ
၁။ ကြက်သားရင်ပုံသားများကို သန့်စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ဆားအနည်းငယ်တို့နှင့် ရောနယ်ပါ။
၂။ ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပါ။
၃။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီ းအစိမ်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။
၄။ အနံ့မွှေးလာလျှင် ခရမ်းချဉ် သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေ ကို ထည့်လုံးပါ။ ၃မိနစ်ခန့်ကြာလျှင် ရေနွေးအနည်းငယ် ထည့်ပါ။
၅။ ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။
၆။ ဟင်းအနှစ်အရည်အတွက် ရေနွေး အနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။
၇။ ကြက်သွန်ဖြူ ဆီ ချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။
၈။ ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့် ကြီုစိမ်ပါ။
၉။ မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။
၁၀။ ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။
၁၁။ ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့နှင့် ပြုတ်ထားပါ။
၁၂။ မုန့်ဖတ်ပြုတ်ရန်အတွက် အဝကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။
ပြင်ဆင်ပုံ
စားနိုင်သလောက် မုန့်ဖတ်ကို ရှိးတံရှည် ဇကာထဲ ထည့်ပြီး ပွက်ပွက် ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။
ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ် စီထည့်ပြီး ပြင်ပေးပါ။
ပဲငံပြာရည် အပျစ်ကို လက်ဖက်ရည် ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။
ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်း အနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။
Credit – မူရင်းရေးသားသူ
No Comments
No comments:
Post a Comment