Tuesday, 28 January 2020

ချစ်သူ ကို ပွေ့ဖက်ခြင်းက ဖျားနာနေတာကိုပင် ပျောက်ကင်းစေနိုင်ဟုဆို

ချစ်သူ တွေ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်လိုက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင် တယ် ဆိုတာ ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ယုံကြည်မှု ရှိစေပါတယ် ။

ချစ်သူစုံတွဲတွေ ကြားထဲမှာ နွေးထွေးမှု ၊ လုံခြုံမှု ၊ ထပ်တူကျမှု နှင့် ယုံကြည်စိတ်ချရမှု တွေဟာ အရေးပါလှတဲ့ အချက်တွေ ပါပဲ။ မကြာခဏ ချစ်သူနှ င့်ပွေ့ဖက်ခြင်းက သင့်အတွက် စိတ်ဓာတ် ခွန်အားနှင့် ချစ်သူနှစ်ဦး သံယောဇဉ် ပိုမို ခိုင်မာ လာစေတဲ့ အချက် ပါပဲ။

၂။ နွေးထွေးမှုကို ရရှိစေပါတယ်။

ဒီအချက်က အဓိကရိုးရှင်းပြီး လူတိုင်း ပွေ့ဖက်ခါနီး ပြောကြပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင် အအေးဓာတ်ပိုလာတဲ့ အခါမျိုးမှာ အနားမှာ ရှိနေတဲ့ ချစ်သူကို ထွေးဖက် ထားမိမှာ အသေ အချာ ပါပဲ။ အကြောင်းပြချက်က ရှင်းပါတယ် သင်တို့နှစ် ဦးစလုံး နွေးထွေးမှု ရရှိစေဖို့ ဖြစ်ပ ါ တယ်။

၃။ စိတ်ဆိုး စိတ်ကောက်ပြေစေပါတယ် ။

ချစ်သူတွေ တစ်ဦးနှင့်တစ်ဦး အရမ်းချစ်နေပေမဲ့ စကားများရန် ဖြစ်နေပါသလား။ စကားများတဲ့ ကိစ္စပြဿနာကို ဆက်ရှင်းနေရင် စကားထက်မျ ားနေရဦး မှာပါပဲ။ ဒီတော့ ဘာမှမပြောပဲ ၅မိနစ်လောက် ပွေ့ဖက်ထားလိုက်ပါ။ စိတ်ဆိုး စိတ်ကောက်ခြင်းတွေ တဖြည်းဖြည်း ပျောက်ကွယ် သွားပါ လိမ့်မယ်။ ပွေ့ဖက်ပြီးတော့မှ ချစ်သူကို ဆက်ပြီး ချော့ပါ။

၄။ အထီးကျန်ခြင်းကို ပြေပျောက်စေပါတယ်။

တစ်ယောက်တည်း ဖြစ်နေချိ န်တွေမှာ အထီးကျန်တယ်လို့ သင်ခံစားဖူးမှာပါ။ ဒီအချိန်မျိုးဆို သင်ထွေးပွေ့ထားချင်တဲ့ ရင်ခွင်နှင့် လက်တစ်စုံကို တမ်းတနေမိမှာ အမှန်ပါပဲ။ အချိန်တွေခွဲခွာပြီး ပြန်တွေ့ဆုံတဲ့အခါ ထွေးပွေ့ ဖက်တွယ်ထားခြင်းက အထီးကျန် မှုကို ပြေပျောက် စေပါတယ်။

၅။ ပိုမို စိတ်လှုပ်ရှားစေပါတယ် ။

ဘယ်လိုအချိန်တွေမှာ စိတ်လှုပ်ရှားတတ်တယ်ဆိုတာ သင်သတိထားမိမှာပါ။ သင့်ချစ်သူက Surprise တစ်ခုခုလုပ်ရင်း သင့်ကို ပွေ့ဖက်ထားမယ်။

တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ထားပြီး စားကြမယ်၊ သွားကြမယ်လို့ သဘောတူစကားပြောထွက်လာတဲ့ အချိန်တွေဆို သင် အရမ်းစိတ်လှုပ်ရှားပြီးပျော်ရွှင်နေမှာ သေချာဆုံးပေါ့။

၆။ အပျော်တွေ တိုးပွားလာစေပါတယ် ။

သင်ပျော်ရွှင် နေတဲ့အချိန်မှာ သင်ချစ်သူကို ဖက်ထားခြင်းက အချစ်တန်ခိုးနဲ့ အပျော်တွေ နှစ်ဆတိုးစေမှာပါ။ ဥပမာပြောရရင် အောင်စာရင်း ကြည့်ပြီး အောင်တယ်လို့ သိလိုက်ရချိန် ဘေးမှာရှိတဲ့ ချစ်သူကို ပွေ့ဖက်လိုက်ရရင် အပျော်တွေ ဆက်တိုက် တိုးပွားလာမှာပါ။ အောင်မြင်မှု တစ်ခု တစ်ခု ရတိုင်း ချစ်သူကို ပြေးဖက်ထားဖို့ မမေ့ပါနဲ့။

၇။ ပွေ့ဖက်ထားခြင်းက ဖျားနာခြင်းပင် ပျောက်ကင်းစေနိုင် ။

ကျန်းမာရေး အရပြောရရင် တစ်ဦးနှင့်တစ်ဦး ဖက်ထားချိန်မှာ ကိုယ်တွင် းလှုံဆော်မှု များစွာဖြစ်စေပြီး သွေးဖြူဆဲလ်များ (white blood cells) ထုတ်လွတ်မှု အား ကောင်းစေပါတယ်။ သွေးဖြူဆဲလ်များဟာ ရောဂါ နှင့် အခြား ဗိုင်းရက်စ် ( viruses) တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

၈။ စိတ်ဓာတ်ခွန်အား တိုးလာစေပါတယ် ။

ကလေးဘဝ တည်းက အားငယ်ချိန်တိုင်း အဖေနဲ့အမေကို ဖက်ထားမိကြတယ်။ စိတ်ဓာတ် ခွန်အားကျဆင်းချိန်မှာ တစ်ယောက်ယောက်ကို ဖက်ထားပြီး ငိုကျွေးလိုက်တာမျိုး ၊ စိတ်ပြေတဲ့ အထိ ဖက်ထားမိတာမျိုးပေါ့။

တကယ်လဲဟုတ်ပါတယ်။ အဲလို အချိန်မျိုးဆို ချစ်တဲ့ သူတစ်ယောက်ကို ပွေ့ဖက်ထားခြင်းက လျော့ကျနေတဲ့ စိတ်ခွန်အားကို အကောင်းဆုံးပြန်လည် မြှင့်တင်နိုင် ပါလိမ့်မယ်။ ချစ်သူ အားငယ်ချိန်တိုင်းလဲ ဖက်ထားပေးဖို့ မမေ့ပါနဲ့ မိတ်ဆွေ။

သင့်ကို ယုယုယယ ပွေ့ဖက်ပေးမယ့် ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားပြီလား ?

Credit: Double G ( Love Shop )

No comments:

Post a Comment