Saturday, 4 January 2020

“ခေတ်စနစ်ရဲ့ အခြေအနေနဲ့ အခက်အခဲ အကြပ်အတည်း တွေကို မီးမောင် းထိုးပြ နေတဲ့ J-Fireရဲ့ သီချင်းအသစ်”


အမိုက်စား ရက်ပ်ပါ သီချင်းတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ဝင်ရောက် နိုင်ခဲ့ တဲ့ အဆိုတော် J-Fire ကတော့ အမြဲလိုလို လူငယ်တွေ အတွက် စိတ်ဓာတ် ခွန်အား ပေးတဲ့ သီချင်း တွေကို သီဆို တတ်သူ ပဲဖြစ် ပါတယ် ။

လက်ရှိ မှာလည်း သူ့ရဲ့ အသစ်ထွက် မယ် သီချင်း စာသားအချို့ကို “ကျန်တဲ့ အကြောင်းတွေကို နောက်မှပြေ ာပြမယ်အရေးကြီးတဲ့

တစ်ချက် ကတော့ …ရင်ထဲကျ န်ရမယ် စိတ်ကြွ ရူးသွပ်ဆေးပြားတွေနဲ့ တိုင်းပြည် ကြီးကို လူညွန့်တုံး အောင်ဓာတုဗေဒစစ်ပွဲ တစ်ခုကို…. ဆင်နွဲ ခံရတယ် ဘယ်သူတွေ ရောင်းလဲ ?

မသိချင်နဲ့ ညီ ဘယ်က ထွက်လဲ ? …. မသိချင်နဲ့ ညီ ဘာအကြောင်းနဲ့မှ ….မသိချင်နဲ့ ညီ ညီကြီ းလာရင် မသုံးဖို့ရာ …. အသိအမြင်ပဲရှိ #ခေတ်MV_Coming_Jan_4_2020” လို့ လူမှု ကွန်ရက် စာမျက်နှာမှာ ဖော်ပြ ခဲ့ပါ တယ်။

ဒီနေ့မှာ ထွက်ရှိလာတဲ့ “ခေတ်”ဆိုတဲ့ သီချင်းလေးကလည်း သီချင်းရဲ့ နာမည်လေးအတိုင်း လတ်တလောမှာ ဖြစ်ပျက်နေတဲ့ လူမှုဘဝအခက်အခဲအကြပ်အတည်းတွေ၊ လူငယ်တွေကြားထဲမှာ ခေတ်စားနေတဲ့

မူးယစ် ဆေးပြ ဿနာတွေ ကို ထိမိလှတဲ့ စာသားတွေနဲ့ သီကျူးထားတဲ့ စာသားတွေ ပါဝင် ပါ တယ် ။ ဒီသီချင်းလေး ကလည်း ခေတ်စနစ် အခြေအနေကို မီးမောင်း ထိုးပြ နေတဲ့ အလား ထင်မှတ် ရစေတဲ့ အထိကို ဖြစ်စေ ခဲ့ ပါ တယ် ။

အခု တစ်ခေါက်မှ ာထွက်ရှိလာတဲ့ J-Fireရဲ့ “ခေတ်”သီချင်း အသစ်လေး ဟာဆို ရင်လည်း လက်တွေ့ ဘဝအမှန်တရားတွေကို ကွက်ကွက် ကွင်းကွင်း မြင်စေ တဲ့ အထိကို

ထိထိ မိမိ ဖော်ပြထား နိုင်ခဲ့တဲ့ သီချင်း စာသားတွေ အပြင် သီချင်း လေးရဲ့ MTV သရုပ်ဆောင်မှုတွေ ကလည်း ပရိသတ်တွေ သဘောကျ နှစ်သက်မှု ကို ပိုမို ရရှိနေ ပါသေး တယ်

No comments:

Post a Comment