စကားပြောလို့ ဆိုလို့ အဆင်မပြေတဲ့ ကောင်မလေးတွေကို မြင်ဖူးရင် ဒီအချက် တွေကြောင့် သူတို့လေးတွေက စကားပြော ဆိုဖို့ တွန့်ဆုတ် နေကြတာပါ။ ချစ်ဖို့ လည်းကောင်း သလို သူတို့လေးတွေကို ဒီအချက်တွေ ဖတ်ကြည့်ပြီး နားလည် ပေးလိုက်ပါ အုံးနော်……။
(၁) စကား မပြောရဲကြဘူး
စကားမပြော တတ်ကြတာ မဟုတ်ပါဘူး။ စကားမပြောရဲ ကြတာပါ ။ သူပြော လိုက်တဲ့ စကားကြောင့် တဖက်သား အနှောင့်အယှက် ဖြစ်သွားမှာ စိုးရိမ် တတ်ကြ ပါတယ် ။ စကားပြောသင့် မပြောသင့် ချိန်နေရင်း စကားတစ်လုံးမှလည်း မထွက် ဖြစ်လိုက်ကြတဲ့ သူတွေလည်း ဖြစ်ပါ တယ် ။ သင့်တို့ကို စကားမပြောချင်လို့ မဟုတ် ပါဘူး ။
(၂) လူရှုပ်တာမျိုး မကြိုက်ဘူး
လူတွေ အများကြီး ရှုပ်ထွေးနေရင် သူတို့ ဘာလုပ် ရမှန်း မသိပဲ ခြောက်ကပ်ကပ်လို ခံစားနေရလို့ သူတစ်ယောက်တည်း တနေရာမှာ ငြိမ်ငြိမ်လေး နေနေ တတ်ပါ တယ်။
ဟိုလူကပြောလိုက် ဒီလူက ပြောလိုက်နဲ့မို့ သူ ဘယ်အချိန် စကားပြောသင့်လဲ စဉ်းစားရင်း ဘာမှ ဝင်မပြော ဖြစ်လိုက် ကြပါဘူး။ စကားဖြတ်ပြောတာက မယဉ်ကျေးဘူး ယူဆတဲ့ အတွက် တော်ရုံ စကားဖြတ် ပြောလေ့လည်း မရှိပါဘူး။
(၃) သံသယ ကြီးကြတယ်
သူတို့ ဘဝမှာ သူတို့အပေါ် မကောင်းတဲ့ သူတွေ ဆုံဖူးတာကြောင့် လူတွေကို လွယ်လွယ် မယုံကြတော့ပါဘူး။ ယုံသင့် မယုံသင့် ချင့်ချိန်နေတာနဲ့ အပေါင်းအသင်း နည်းနေတာပါ။ အပေါင်းအသင်း နည်းနည်းလေးနဲ့ လည်ပတ် နေတာကိုလည်း ကျေနပ်နေပေမဲ့ သူ့ သံသယ စိတ်ကြောင့် လူတွေကို လည်း အားနာနေတတ်ကြပါသေးတယ်။
(၄) ဉာဏ်ကောင်းကြတယ်
ဆိတ်ဆိတ်နေကြပေမဲ့ ဉာဏ်ကောင်း ကြတဲ့ သူတွေ ဖြစ်ပါတယ်။ တစ်ခုခုဆို မြန်မြန်ဆန်ဆန် စဉ်းစား ဆုံးဖြတ်နိုင်စွမ်း ရှိတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဖြတ်ထိုးဉာဏ် လည်း ကောင်းတာကြောင့် အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် သူတို့လေးတွေ က အားကိုး ရပါ တယ်နော် ။
(၅) အတွေးများတယ်
သူတို့ မတွေးပဲ နေတယ် ဆိုတာ မရှိသေ လာက်ပါပဲ။ အကြောင်းအရာ အတော်များများ အတွက် တွေးတောနေလေ့ရှိပြီး လက်တွေ့ အခက်အခဲတွေ အတွက် အသင့်ဖြစ်နေ ကြပါတယ်။
တစ်ခုခု ကြုံလာရင်လည်း သွေးအေးတတ် သလို စိတ်တည်ငြိမ်တဲ့ သူတွေပဲ ဖြစ်ပါ တယ်။ အတွေးမျာ းပေမဲ့ အတွေးတွေနဲ့ အမြဲတမ်းတော့ မျောမေ န တတ်ကြ ပါဘူး။ ပတ်ဝန်းကျင်ကို အမြဲ အကဲခတ်နေတတ်ကြပါတယ်။
credit – auntymaY
No comments:
Post a Comment