Thursday, 30 January 2020

”ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်မြတ်အား ဖြိုချမည့်ဆဲဆဲမှာ ဗြိတိသျှနယ်ချဲ့ရန်မှ ကယ်တင်ခဲ့သူ ” ဦးချန်ထွန်း ”

ယူနီကုဒ်ဖြင့် ဖတ်ရ
ဦးချန်ထွန်းသည် အင်္ဂလန်၌ ရောမဥပဒေဘာသာရပ် ၊ ဥပဒေ အတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့၏ ရှေ့ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ် အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်၍ ဝိတိုရိယဘုရင်မကြီးကိုယ်တိုင် ဝိတိုရိယရွှေ တံဆိပ်ဆုကို ချီးမြှင့်ခဲ့ သည်။

ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု ရရှိခဲ့၍ ဘာသာ ရပ်တခုလျှင် ထိုခေတ်က စတာလင်ပေါင် ( ၁၀၀ )စီ ချီးမြှင့်ခံခဲ့ရသူဖြစ်သည် ရန်ကုန်ပြန်လာ၍ ဝိတိုရိယဘုရင်မ ဆုကို ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင် ဆုံမိသောလူတိုင်း သူ့ကို အလေးပြုရသည်
စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှဆင်းရပ်၍ အလေးပြုရသည် ဝိတိုရိယ ဘုရင်မကြီးက သူပိုင်စိုးသော ကိုလိုနီ နိူင်ငံများ ထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်ခဲ့ရသည်ဟု သိရှိရသည်

တွေ့ချင်လွန်း၍ အခေါ်ခံရသောအခါ ဦးချန်ထွန်းက ရခိုင်ရိုးရာ ဝတ်စုံဖြစ်သည့် တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီဝတ်ဆင်၍ ရခိုင်ရိုးရာ ဖော့လုံးခေါင်းပေါင်း ဝတ်ပြီးသွားရောက်ခဲ့သည် ဘုရင်မကြီးက လက်ဆွဲနှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကို ဧည့်ခံခဲ့သည်။
ဝိတိုရိယဘုရင်မကြီးက ဆုကို သူကိုယ်တိုင် ချီးမြှင့်ပြီး ဘုရင်မကြီး၊ သားတော်နှင့် တော်ဝင်မြင်း ရထားကို စီးခွင့်ရသော ဆုလည်းပါဝင်သည့် အပြင် နန်းတော်ထဲသို့ အချိန်မရွေး သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မကြီးက ပေးအပ်ခဲ့သည်

( ၁၈၅၄ ) ခုနှစ်တွင် ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့သည် ရန်ကုန်မြို ဘုန်းကြီးကျောင်းများ အားလုံးနီးပါးကို အကွက်များချရာတွင် မလွတ်ဆိုပြီး

လမ်းမတော်မြို့နယ် သရက်တောဥယျာဉ်အတွင်း စုပေါင်း၍ ရွှေ့ပြောင်းခဲ့သည် လမ်းဖောက်ရန်အတွက် ဆူးလေေ စတီတော်အား ဖြိုချမည်ပြုရာ ဦးချန်ထွန်းတယောက် အကြီးအကျယ် ကန့်ကွက်ခဲ့သည် မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင်

ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း၊ ဖျက်ခြင်းပြု လုပ်ရိုး ထုံးစဉ်မရှိဟု တင်ပြ ခဲ့သည် ဒါ့အပြင် လန်ဒန်ကို ခေတ်မီမြို့တော် ဆောက်လုပ်စဉ်က ( Square Building ) အဝိုင်းကို ရှေ့ဟောင်း အဆောက်အအုံတစ်ခုအဖြစ် အနေဖြင့်ဘာကြောင့် ချန်ထားခဲ့ သလဲဟု အရေး ဆိုခဲ့သည်

သို့သော် ဦးချန်ထွန်း၏ ကန့်ကွက်ချက်များ လုံးဝအရာ မရောက် ဖြစ်ခဲ့ပြီး အင်္ဂလိပ် အစိုးရသည် စနေဒေါင့်မှစ၍ ဆူးလေဘုရားကို ဖျက်ပါတော့ သည် ဦးချန်ထွန်းသည် အာဂသတ္တိရှင် တစ်ဦး ဖြစ်သည်။ လုပ်ရဲသည်။ လုပ်ရဲသော သတ္တိ ရှိသည်

အလုပ်ပြုတ်ချင် ပြုတ်ပါစေ လုံး၀ နောက်မဆုတ် ခဲ့ပါသူ့ ကိုရွှေတံဆိပ်ဆု ပေးထားသော ဝိတိုရိယ ဘုရင်မကို ချက်ချင်းသတိရ လာခဲ့သည် ကြေးနန်းရိုက်ပြီး စာတစ်စောင် ကိုလည်း ဘုရင်မကြီးထံ အကျိုးအကြောင်း ရေးသားပေးပို့လိုက်သည်

ဆူးလေစေတီတော်အား ဖြိုဖျက်မှု မပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယဘုရင်ခံမှ တစ်ဆင့် သံကြိုးစာရောက်လာသည် စေတီတော်ကို မူလအတိုင်းထား ရှိစေဖို့အတွက် ဦးချန်ထွန်း၏ ကျေးဇူး၊ ဝိတိုရိယဘုရင်မကြီး၏

အမိန့်ကြောင့် ယနေ့ကျွန်တော်တို့ ဆူးလေစေတီကို ရန်ကုန်မြို့လည်တွင် ဖူးတွေ့နေရခြင်း ဖြစ်သည် မြန်မာ့သမိုင်းဝင် နေရာများ ခရက်ဒစ် ထွန်းလင်းမောင်မောင်

No comments:

Post a Comment