မေတ္တာပို့နည်း
အလုပ်လဲမများ လွယ်လဲကူသော ရေမေတ္တာပို့နည်းပါ ကိုယ်ကတော့..ကျောက်ခဲလေးနဲ့ ပြုလုပ်ပါတယ် လုပ်ကြည့်စေချင် ပါတယ်
လက်တွေ့ နည်းကောင်းတစ်ခုပေးမည်။
အကယ်၍ စိတ်အာရုံ ညွတ်ပြီး မေတ္တာပို့ ပေးနေရုံ သက်သက်ဖြင့် ထိုသူ၏ ရန်မူနေခြင်းကိစ္စ အမြန် ပြေအေးသွားမည် မထင်ရလျှင် ရေမေတ္တ ာပို့ယူပါ၊ နည်းမှာ မိမိအလိုရှိ သူကို ရည်မှတ်၍ သန့်ရှင်းသော ရေဖန်ခွက်တစ်ခုတွင် ကျောက်ခဲကလေး တစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေး တစ်ခုဖြစ်စေ စိမ်ထားပါ
သူ၏စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေဟူ၍ လှိုက်လှဲစွာ မေတ္တာပို့လွှတ်နေပါ။“သူ့စိတ် ပူဆာနေခြင်း အေးချမ်းသွားဖို့ ငါရေစိမ် ထားလိုက်ပြီ” ဟူ၍ မိမိစိတ်ကိုလည်းရှင်းရှင်းထားနေပါ၊ပူပန်သောကဝင်၍ လှုပ်ရှား နေ၍ မရပါ။
သူ့ကို ငါ ဒုက္ခမရောက်စေလိုပါ၊ ငါလည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်းဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။ယုံံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူ စိတ်ကြည်လင်သွားပြီ၊သူငါ့ကိုရန်မူချင်စိတ် ပျောက်လွင့် သွားပြီ”-ဟု မိမိစိတ်က သိနေပါ။
တကယ် ချမ်းသာ စေလိုသော စိတ်ရင်း စေတနာ ထား၍ ပေးနေပါ။ထိုသူ၏ စိတ်သည် ထိုအချိန်ပိုင်းတွင် မူပြောင်း လာပုံ တွေ့ရမည်။ သူ၏ စိတ်ထဲတွင် မိမိက ပို့လွှတ်ပေးနေသော စိတ်တန်ခိုးကြောင့် ပူဆာဆူပွက်နေခဲ့ပြီးသော သူူ၏ ဒေါသစိတ်များ တဖြည်းဖြည်း ပြေအေးသွား လိမ့်မည်။
တစ်ဆက်တည်းမှာပင် မိမိအပေါ် သနား စိတ်ဝင်လာမည်။ ဆက်လက်၍ ချစ်ခင်စိတ် ပြောင်းဝင်လာလိမ့်မည်။ ချစ်ခင် စိတ်ရောက်ခဲ့လျှင် မိမိကို မြတ်နိုးဖွယ်ရာအဖြစ် ကြည်နူးဝမ်းသာ စိတ်ဝင်စားခြင်း ဖြစ်ပေါ်နေတောင်းပန်လာ လိမ့်မည်။
ထိုနောက် သူ ပြောမှား, ဆိုမှားရှိသမျှ ဝန်ချ အကယ်၍ လူကိုယ်တိုင် လာရောက် ဝန်ချတောင်းပန်ခြင်း မပြုသော်လည်း မိမိအပေါ်ဆက်လက် ၍ ရန်မူနေခြင်း ပြုတော့မည်မဟုတ်ပါ။
မီးကို ရေနှင့် လုံလောက်အောင် ပက်ဖျန်းထားလိုက်သကဲ့သို့ ကိစ္စပြီး အေးငြိမ်းသွား လိမ့်မည်။ တစ်နည်းအားဖြင့် ထိုသူ အခြားသို့ ရှောင်ထွက်သွားပုံကို တွေ့မြင်ရ လိမ့်မည်။ ဤဖော်ပြပါ တို့သည် လူ့လောက၌ တွေ့ကြုံလေ့ရှိခြင်း များတတ်သောကြောင့် ပြည့်စုံအောင် ညွှန်ကြားပေးရ၏
လုပ်ငန်းကိစ္စ တစ်ခုခု၌ တွေ့ကြုံရသော အဆင်မပြေမှု, နှောင့်ယှက်မှု အကြောင်းခံသော နှောင့်ယှက်သူူကိုဖြစ်စေ၊ နေထိုင်ရေး၊ စားသောက်ရေး စသောကိစ္စမျိုး၌ တွေ့ကြုံလာရသော နှောင့်ယှက် သူကိုဖြစ်စေ ဘယ်နေရာမဆို တွေ့ကြုံလေသမျှ ဤညွှန်ကြားချက်နည်းအတိုင်းသာ လိုက်နာ ကျင့်သုံးပါ၊ လုပ်ဆောင်ပါ။
မိမိ မေတ္တာစိတ်ဓာတ် ခိုင်မြဲသော တန်ခိုးကြောင့် အံ့သြဖွယ်ရာ ကြည်လင် အေးမြခြင်းအဖြစ်ကို တွေ့မြင်လာရမည်။မေတ္တာစိတ် လက်ကိုင် ထားသူသည် နောက်ဆုံး၌အောင်နိုင်မှု ရယူမည်ဖြစ်ကြောင်း ညွှန်ကြားပါသည်။ အိမ်မှ စိတ်ကောက်ပြီးထွက်သွားသူကိုလည်း ဤနည် းအတိုင်း လုပ်ဆောင်ပါ၊ ပြန်ရောက်လာပါလိမ့်မည်။
ရဟန်း စသော သူတော်ကောင် းပုဂ္ဂိုလ်တို မည်သည် မေတ္တာတရားကို စိတ်နှလုံးသား၌ အမြဲ ကိန်းအောင်းနေစေရ၏ တ စ်ခါတစ်ရံ၌ လောကဓံံ တစ်စုံတစ်ခု ကြုံတွေ့ရလျှင် ငါသည် လူယုတ်မာ မဟုတ်၊ တရားနှင့် ပျော်မွေ့ နေသူတည်း၊
အကြောင်းဖြစ်စေ လူ့လောကတစ် ခွင်ကျင်လည်နေရခိုက် အခါမှာ တွေ့ကြုံရသော ပြဿနာ ဟူသမျှကို မေတ္တာစက်ဖြင့် ဖြေရှင်းသွားမည်၊ မေတ္တာတရားသာ လက်ကိုင်ထားသွားမည် ဟူ၍ ခိုင်မြဲစွာ နှလုံးပိုက်ထားရာ၏။
မေတ္တာကို အဖော်ပြု၍ မေတ္တာတရား ရင်ဝယ်ပိုက်ထားလျှင် စိတ်မချမ်းသာစရာ တွေ့ကြုံရသော်လည်းစိတ်ချမ်းမြေ့ဖွယ်ရာ အမြင်မှန် ရလာပါမည်။ မကြာခင် မေတ္တာထား သူဘက်က သူ၏ဆန္ဒပြည့်ဝ၍ အောင်နိုင်သူအဖြစ် ရောက်သွား ရမြဲသာတည်း။
အမြတ်တောင် ထွက်သွားကြ ရမြဲဖြစ်၏။ တရားသဘော၏ ဤသို့ ဖြစ်တတ်ပုံကိုလည်းယုံကြည်မှု ထားနေရာ၏။ ခိုင်မြဲသော သဘာဝတည်း။မေတ္တာတရား လက်ကိုင်မထားဘဲ မခံချင်စိတ်၊ သည်းမခံ နိုင်စိတ်၊ ဒေါသ, မာန စသော အခြားနည်းဆိုးလက်ကိုင်ထားလျှင် မှားသွားလေပြီ ဟူ၍သာ မှတ်ပါ။
ထို့ကြောင့် မေတ္တာတရားကို လက်ကိုင်ထားခြင်းထက် ကောင်းသောအရာ မှန်သော အလုပ် လူ့လောကတစ်ခွင်မှာ ဘာမှမရှိပါဘူးဟု ဤဆောင်းပါး အစပိုင်း၌ ဆိုခဲ့ခြင်းဖြစ်သည်။ မေတ္တာတရား၏ ကောင်းကျိုးကား ဤမျှသာမကပါ၊ နိဗ္ဗာန်ရောက်ကြောင် းကိုပါ ကောင်းကျိုးပေး၏။
နိဗ္ဗာန်မရသေးခင်စပ်ကြား သံသရာတစ်ခွင်ဝယ် ဘဝကြီး, ဘဝငယ်တွေ ကျင်လည်၍နေရသေးသမျှကာလပတ်လုံး မေတ္တာတရားကို မြဲမြံစွာ ရင်ဝယ်ပိုက်ထားသူမှာ သေရေးအတွက်ကိုလည်းကောင်း၊ နေရေးအတွက်ကို လည်းကောင်း ပူပန်ကြောင့်ကြမှ တွေးကြောက်နေရန် မရှိပါ။
ဤဘဝ၊ နောင်ဘဝ ကြည်လင် ချမ်းမြေ့စွာသာကျင်လည် သွားနေရမည်သာတည်း၊ မကောင်းသောဘဝမျိုးသို့ ရောက်လိမ့်မည်မဟုတ်ပါ၊ သန့်ရှင်းသောကြည်လင် ဖွယ်ရာရှိသော ကောင်းမြတ်သော လူ့ဘုံ၊နတ်ဘုံံ သုဂတိဘဝတို့၌သာ ကျင်လည်သွား လာနေရမည်မှ ာအမှန်တည်း
ဤသဘောသွား ဧကန်မလွဲ ဖြစ်ကြောင်းကိုလည် းယုံကြည် ထားရ၏။ ထို့ကြောင့် မေတ္တာတရားကိုသာ စွဲစွဲမြဲမြဲ လက်ကိုင်ထားနေကြပါဟူ၍ တိုက်တွန်းခြင်း ဖြစ်သတည်း။ စိတ်ထားဖြောင့်တော့ အလုပ်ဖြောင့်၏။အလုပ်ဖြောင့်တော့ အကျိုးဖြောင့်၏။
(တောင်တန်းသာသနာပြုဆရာတော် ရေမေတ္တာပွားနည်းမှ Mini Monk မျှဝေတင်ဆက်ပါသည်။မေတ္တာနှလုံးကိုယ်စီသုံး ကျင့်သုံးနိူင်ကြပါစေ)
Credit-ထပ်ဆင့်ပူဇော်မျှဝေအပ်ပါသည်ဘုရား
No comments:
Post a Comment