၁၈၇၁ ခုနှစ် ဇန်နဝါရီလ၂၄ ရက်နေ့ မှာ ချားလ်ဂွတ်ရီးယား ဂျုနီယာက သူ့အဖေထွင်ခဲ့တဲ့ ဖိနပ်အောက်ခံဆိုးပြား နဲ့ ဖိနပ်ချုပ်စက်ကို လက်ခံ ရရှိခဲ့တဲ့နေ့ပါ။
ကမ္ဘာကြီးပေါ်မှာ မဟာတီထွင်သူတွေ ရှိကြပါတယ်။ သူတို့တွေက တီထွင်ခြင်းနဲ့ ဘဝကိုတည်ဆောက်နေတယ်။ တီထွင်ခြင်းနဲ့ပဲ လွတ်မြောက် ကုန်ကြပါတယ်။
ဒီကနေ့ ကျနော်တို့သုံးနေတဲ့ ရာဘာ ပစ္စည်း တော်တော်များများက ကြက်ပေါင်စေးလို့ခေါ်တဲ့ ကြက်ပေါင်စေးအပင်က ထွက်တဲ့အစေး ကို ဓာတုနည်းနဲ့ ပြုပြင် ထားတာပါ။
ရာဘာ အမျိုးအစားပေါင်းများစွာကို ဂွတ်ရီးယားက စမ်းသက် တီထွင် ခဲ့ပါတယ်။ ကြက်ပေါင်စေးကို ဘယ်ဓာတုပစ္စည်းနဲ့ အပူချိန်ဘယ် လောက်မှာ ဖိအားဘယ်လောက်ပေးရင် ဘယ်လိုအမျိုးအစားရာဘာ ထွက်လာမယ်ဆိုတာကို အများကြီးစမ်းသက်ခဲ့ပါတယ်။
ရာဘာအသင်းက သူစမ်းခဲ့တဲ့ ရာဘာအမျိုးအစားက ၃၀၀၀ကျော်တယ်လို့ မှတ်တမ်းတင်ခဲ့တယ်။ ဖီလာဒယ်ဖီးယားက သူခြံထဲမှာ အိန္ဒိယကလာတဲ့ ကြက်ပေါင်စေး တွေအပြည့်ပါပဲ။ တစ်မျိုးပြီးတစ်မျိုးစမ်းတယ်၊ ရလဒ်တွေကိုမှတ်တမ်း တင်ထားတယ်။ အဲ့ဒါတွေရဲ့ အဆုံးသတ်ကတော့ သူ့မှာအကြွေးတွေ ဝိုင်းသွားတာပါပဲ။
အကြွေးမဆပ်နိုင်တော့လို့ ထောင်ကျခံလိုက်ရ တယ်။ ကံကောင်းချင်တော့ သူဘဝနောက်ပိုင်းမှာ ချာဖေးလို့ခေါ်တဲ့ သူဌေးတစ်ယောက်က သူ့ကိုသနားလို့ ငွေကြေးထောက်ပံ့ပေးလို့ အသက်ရှုချောင်ခဲ့ရတယ်။
လူသားတွေရဲ့ အကျိုးအတွက် ရာဘာနဲ့ဆက်စပ်ပစ္စည်းတွေကို တီထွင်ပေမဲ့ တီထွင်ခြင်းနဲ့ အချိန်နဲ့က သိပ်မကိုက်သေးလို့ အဟောသိကံ ဖြစ်နေရတာကို ချာဖေးက သနားသွားပြီး သူ့ကို ငွေကြေးထောက်ပံ့ ပေးခဲ့တာပါ။
အမှန်တော့သူက တီထွင်သူ တစ်ဦးဖြစ်တာက အမှန်ပါ။ သူငယ်ငယ်တုန်းက ဆို သူများတွေဆီမှာ အလုပ်၅နှစ်လောက်လုပ်ပြီး နောက်မှာတော့ သူ့အဖေဆီကို ပြန်လာပြီး သူ့အဖေ ကုန်မာဆိုင်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်ပစ္စည်းတွေကို တီထွင်ရောင်းချေ နတာပါ။
သူ့အဖေက သားရဲ့လက်ရာကြောင့် နေ့ချင်းညချင်း ပိုက်ဆံတွေတော်တော်ရခဲ့တယ်။ ဂွတ်ရီးယားက သူကိုယ်တိုင် ကုန်မာဆိုင်တစ်ခုထောင်ပြီး လယ်ယာ လုပ်ငန်ခွင်သုံး ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတာ တော်တော်အဆင် ပြေပါတယ်။ ရွှေနဲ့ ငွေနဲ့ အိမ်ထောင်တောင်ကျ သွားသေးတယ်။
သူငယ်ချင်းတစ်ယောက်က အိန္ဒိယက ကြက်ပေါင်းစေး အကြောင်းလာပြောတဲ့အချိန်မှာ သူဘဝက တီထွင်မှုနဲ့ ဆင်းရဲမွဲတေမှုကို လက်ခံလိုက်ရတော့တာပါပဲ။
၅၉နှစ်အရွယ် သေဆုံးပြီးနောက်မှသူကို့ ကမ္ဘာ့မဟာတီထွင်သူကြီးဆိုတဲ့ စာရင်ထဲကို ထည့်လိုက်တာပါ။ သူ့မျိုးဆက်တွေကတော့ ဂွတ်ရီးယား တာယာလုပ်ငန်းဆိုပြီး ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
မောင်ယဿ REF; on the day
No comments:
Post a Comment