Monday, 13 January 2020

အလှုပ်(ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ)


တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ မိတ်ဆွေကြီးဖြစ်သော ကိုဖောင်တိန်သည်”သေဖို့အတွက် ပြင်ဆင်ပြီးပြီလား” ဟု နှုတ်ဆက် စကားပြောရင်း ရောက်ရှိ၍ လာလေ၏။ ကိုဖောင်တိန်နှင့် မရှေးမနှောင်းဆိုသလိုပင် ဗေဒင်မေးမည့် မိန်းမကြီး တစ်ဦး သည်လည်း ရောက်ရှိ၍ လာပြန် လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ကိုဖောင်တိန်နှင့် စကားမပြော နိုင်သေးပဲ ထိုမိန်းမကြီးအား ဗေဒင်ဟောပေးရန် အတွက် ထိုမိန်းမကြီး၏ မွေးသက္ကရာဇ်ကို မေး၍ ဗလာစာအုပ်ပေါ်တွင် တွက်ချက်ခြင်းကို လုပ်နေရ လေ၏။

ထိုမိန်းမကြီးသည် ၎င်း၏အနီးတွင် ထိုင်နေသည့် ကိုဖောင်တိန်အား ကွက်ကြည့် ကွက်ကြည့်လုပ်ကာ ထိုင်နေရသည်ကို မသတီသည့်ပုံဖြင့် ခုံကို အနည်းငယ်နေရွှေ့၍ ထိုင်လိုက်လေ၏။ ဗေဒင်တွက်သည့် ကိစ္စ ပြီးသောအခါ ကျွန်ုပ်သည် ထိုမိန်းမကြီးအား ဗေဒင်ဟောပြောလေ၏။

ဗေဒင်ဟောသည် ဆိုသော်လည်းပဲ ကျွန်ုပ်က ဗေဒင်ဟောရသည်ထက် ထိုမိန်းမကြီးက ၎င်းင်း၏အကြောင်းကို ၎င်းင်းကပင်ထိုင် ၍ပြောပြနေသည်ကို ကျွန်ုပ်က နားထောင်နေရခြင်း ဖြစ်လေ၏။ ကျွန်ုပ်တို့စကားပြောနေသည့်အချိန်တွင် ကိုဖောင်တိန်သည် ထမင်းဟင်း များကို ခူးခပ်ကာ ထမင်းထိုင်စာ းနေလေတော့၏။

ကျွန်ုပ်သည် ထိုမိန်းမလေကြော မပြတ်မခြင်း အတော်သည်းခံ၍ နားထောင်နေရလေ၏။ ၎င်း
ပြောနေသည့် အကြောင်းအရာ များမှာ သူ့မိသားစု အကြောင်းတင် မကပဲ ဆွေမျိုးများ အကြောင်းလည်း ပါ၏။ အိမ်နီးနားခြင်းများနှင့် အဆင်မပြေသည့် အကြောင်းလည်း ပါ၏။

ဆုံးသွားပြီ ဖြစ်သည့် သူ့ကြီး ဒေါ်ကြီးက သေသည့်အချိန်ထိ သူ့ကိုစကားမပြောဘဲ နေသွားသည့်အကြောင်းလည်းပါ၏။ ဈေးထဲမှကုန် စိမ်းသည်အပေါက်ဆိုး သည့်အကြောင်းလည်း ပါ၏။ သားသမီး မသိတတ်သည့်အတွက် စိတ်ဆင်းရဲနေရ သည့်အကြောင်းလည်း ပါ၏။

ကျွန်ုပ်သည်လည်း ၎င်း၏စကားများကို နားထောင်နေရင်း သက်ပြင်းအကြိမ်ကြိမ်ချမိလေ၏။ နောက်ဆုံးတွင် ပြောစရာစကားများ ကုန်သွားသည့်အတွက် ထိုမိန်းမကြီးလည်း စကားကြောပြတ် သွားလေတော့၏။

ထိုအခါကျွန်ုပ်သည် ၎င်းင်းအတွက် လိုအပ်သည့် ယတြာများကို ပေးလိုက်လေ၏။ ပြန်ခါနီး တွင် ထိုမိန်းမကြီးက ကိုဖောင်တိန်ကို မေးငေါ့ပြ လိုက်ပြီးလျှင် လေသံတိုးတိုးဖြင့် –

“အဲဒီလူကြီးက အရူးကြီးမဟုတ်လား”ဟု မေးလေ၏။ထိုအခါကျွန်ုပ်က –

“ရူးနေတယ်လို့ မပြောပါနဲ့ဗျာ…”ဟု ပြောလိုက်ရလေ၏။ ထိုအခါ၎င်းင်းက –

“သြော်.. သိပြီ.. သိပြီ.. စိတ်မနှံ့ဘူးလို့ပြောရမှာ..”ဟု ပြောလိုက်ပြန်လေ၏။ ထို့ကြောင့်ကျွန်ုပ်က –
“အဲဒီလိုလည်း မပြောပါနဲ့ဗျာ..၊ ကျန်းမာရေးမကောင်းရှာတဲ့ လူလို့ပဲပြောပါဗျာ..”ဟု ပြန်၍ ပြောလိုက်ရပြန် လေရာ –

“စကားတစ်ခွန်းတည်းနဲ့ရှုပ်နေတယ်..အရူးကို အရူးလို့ပြောလိုက်ရင် ရှင်းနေတာကို ဘာတွေပြန်ပြောနေ မှန်းကိုမသိဘူး..”ဟု ကျွန်ုပ်ကိုပါ မကျေမချမ်းဖြင့် ပြန်ပြောလိုက်ပြီးလျှင် ထိုမိန်းမကြီးသည်

ကျွန်ုပ်၏ဗေ ဒင်ဟောခန်းတွင်းမှ ပြန်ထွက်သွားလေတော့၏။ ၎င်းပြန်သွားသည့် အချိန်တွင် ကိုဖောင်တိန်သည်လည်း ထမင်းစား၍ ပြီးသွားပြီဖြစ်၏။

ထို့ကြောင့်ကိုဖောင်တိန်သည် ကျွန်ုပ်နှင့်မျက်နှာခြင်းဆိုင်နေရာတွင်လာ၍ ထိုင်လေ၏။ ထို
အခါကျွန်ုပ်က –

“လူတွေလည်း သူ့အပူနဲ့သူ ပူနေကြရတာချည်းပဲ… လူတွေရဲ့အပူတွေကို နေ့တိုင်းကြားနေရတာ..
တစ်ခါ တစ်လေ ဗေဒင်ဟောချင်စိတ်ပါ ပျောက်လာတယ်။


ထိုအခါ ကိုဖောင်တိန်သည် ပြုံးသည်ဆိုရုံမျှ ပြုံးလိုက်ပြီးလျှင် –
“ဘာဖြစ်လို့ သူများအကြောင်းကိုပဲ ပြောနေရတာလည်း ဆရာစိုးရယ်..၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်စဉ်း စားကြည့်စမ်းပါဦး…။

ကျုပ်တို့တတွေမှာလည်း အပူအပင် ကင်းကြရလို့လား…၊ ငြိမ်းအေးမှုရှိရဲ့လား…၊ အနှောင့်အ
ယှက်ကင်းရဲ့ လား…၊ သက်တောင့်သက်သာ ရှိကြရဲ့လား…ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာကိုယ်
ပြန်မေးကြည့်လိုက် စမ်းပါဦး..။

ကျုပ်တို့ဟာဘဝရဲ့ ပူလောင်မှုနဲ့ အေးချမ်းမှု၊ တစ်နည်းအားဖြင့် ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကို ရှောင် လွှဲလို့မရတဲ့အတွက် ကျုပ်တို့ကိုယ်တိုင် အချိန်တိုင်း ကြုံတွေ့နေရတာပဲ မဟုတ်လား။

အဲဒီတော့ ပျော်ရွှင်မှု နဲ့ဝမ်းနည်းမှုကို တွေ့ကြုံလိုက်ရတဲ့ အခါတိုင်းမှာ ကျုပ်တို့ရဲ့ အတွင်းထဲက လှုပ်ခါမှုကို ကျုပ်တို့ကိုယ်တိုင် ခံ လိုက်ရတာပါပဲ။

အဲဒီ“အလှုပ်”ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင်လို့ တစ်ကြိမ်တစ်ခါလေးတောင်မှ ကျုပ်တို့ဘဝမှာ ထိန်းချုပ်လိုက်နိုင်တာရယ်လို့ ရှိခဲ့ဖူးလို့လား…။

ကျုပ်တို့ရဲ့အတွင်းထဲမှာ အချိန်တိုင်းလှုပ် ခါနေရတော့တာပါပဲ။ ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကို လစ်လျှူရှုပြီး မနေနိုင်ခဲ့ကြပါဘူး…၊ ဒါ့ကြောင့် ကျုပ်တို့တွေဟာ တကယ့် အရူးတစ်ယောက်အတိုင်း ပျော်ရွှင်ရင်ရယ်မောကြတယ်၊ ဝမ်းနည်းမှုနဲ့ကြုံရင်ငိုကြွေးကြတယ်..။

ကျုပ်တို့ ဟာ ပျော်ရွှင်မှုအပေါ်မှာ ခုံမင်သာယာနေပြီး ဝမ်းနည်းပူဆွေးရတဲ့ အရာတွေကို မုန်းတီးနေကြတယ်။

တကယ်တော့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတာ အခြေတစ်ခုတည်းအပေါ်မှာ တည်ဆောက်ထားတဲ့ တူညီမျှတ နေတဲ့ တစ်ခုတည်းသော အရာဖြစ်တယ်ဆိုတာကို ရိပ်စားမိခြင်း မရှိကြဘူးဖြစ်နေကြတယ်။

ဒါ့ကြောင့် တစ်သားတည်းဖြစ်နေဖို့ လိုကိုလိုအပ်တဲ့ “ဉာဏ်ပညာနဲ့ ငြိမ်းအေးမှု”ဟာ ဟာမိုနီပျက်သွားတဲ့အတွက် ကျုပ်တို့တွေဟာ လှုပ်ခါခြင်းကို ခံနေကြရတာဖြစ်တယ်။

ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကို မတူညီမှုအဖြစ် ရှုမြင်နေသ၍၊ ခင်ဗျားအနေနဲ့ အမျိုးအစား ခွဲခြားနေသ၍၊ တစ်ခုတည်းသေ ာဝေဒနာပါဆိုတာကို ရိပ်မိသိရှိခြင်း မရှိသေးသ၍

ကျုပ်တို့တတွေရဲ့ အငို၊ အရယ်သရုပ် ဆောင်ဘဝကို ဘယ်လိုလုပ်ပြီး ရပ်တန့်လို့ ရနိုင်ပါဦးမလဲ ကိုယ့်လူရယ်…”ဟု ကိုဖောင်တိန်က ကျွန်ုပ်အား ပြောလိုက်လေတော့၏။ ထိုအခါ ကျွန်ုပ်က –

“ကိုဖောင်တိန်ပြောတဲ့ စကားကို ကြားရတာနားထောင်လို့ကောင်းပါတယ်။ ဒါပေမယ့် အဲဒီအလှုပ်”

“အဲဒီအကြောင်း ပြောမနေပါနဲ့တော့ ကိုယ့်လူရယ်..”ဟု ကိုဖောင်တိန်သည် ကျွန်ုပ်၏စကားကို ကြားဖြတ်၍ ပြောလိုက်ပြီးလျှင် အောက်ပါအတိုင်း ဆက်၍ပြောပြန်လေတော့၏။

“မလှုပ်လည်းရှုပ် လှုပ်လည်းရှုပ် လောကဇာတ်ရုပ် စုန်းစုန်းမြုပ်” လို့သာနားလည်ထားလိုက်စမ်းပါ။

အဲဒီတော့ ကိုယ့်လူလုပ်ရမှာတစ်ခုပဲရှိတယ်။ အဲဒါကတော့ သေဖို့အ တွက်သာပြင်ဆင်ထားပေတော့ ကိုယ့်လူရေ…”ဟု ပြောကာ ကိုဖောင်တိန်သည် ကျွန်ုပ်အားနှုတ်ဆက်၍ ပြန်သွားလေတော့၏။

ထိုအခါ ကျွန်ုပ်သည် အံ့သြခြင်း၊ လေးစားခြင်း၊ ကြည်ညိုခြင်း များစွာဖြင့် ကျွန်ုပ်၏မိတ်ဆွေကြီး ကိုဖောင်တိန်၏ နောက်ကျောပြင်ကို ငေး၍သာ ကြည့်နေမိလိုက်လေတော့သ တည်း…..။

“သဗေ်္ဗသတ်္တာကမ်္မဒါယာဒါ”

သိဒ္ဓိစိုး

No comments:

Post a Comment