Thursday, 2 January 2020
ဆေးဖက်ဝင်ရဲယ်ို
၂၀၁၉၊ ၉ အောက်တိုဘာ
ကျန်းမာမှ အလုပ်လုပ်နိုင်မည်
ကျန်းမာရေးအတွက် ဆေးလည်းဖြစ် အစာလည်းဖြစ်တဲ့ သဘာဝ ရဲယို အကြောင်း သိကောင်းစရာ
(ကျနော့မိတ်ဆွေသူငယ်ချင်းများအတွက် တဆင့်ပြန်လည်ဝေမျှခြင်း)
မေး# ရဲယိုကဆေးလား ?
ဖြေ€
ရဲယိုသည်ဆေးမဟုတ်ပါ။
ဆေးထက်အဆင့်များစွာမြင့်မာြးပြီး
သဘာဝအလေ့ကျပေါက်
ရောက်သောအသီးတမျိုးပါ ။
မေး#ရဲယိုသီးကိုဘာရောဂါမှမဖြစ်သေးခင်ကြိုတင်စားလို့ရပါသလား ?
ဖြေ €
စားလို့ရပါတယ် ။
ထန်းလျက်နဲ့သော်၄င်း ၊
ပျားရည်နဲ့သော် ၄င်း ၊
ရောပြီးစားလို့ရပါတယ်။
အစေ့ တွေကိုမစားစေချင်ပါ ၊
အူအတက်မှာသွားပိတ်နေမှာစိုးလို့ပါ ။
အသီးတွေကမ္ဘာပေါ်မှာ
အများကြီးပါ ။
အဲ့အထဲကမှရဲယို
သီးကိုရွေးချယ်ပြီးထုတ်လုပ်ရသလဲဆိုတော့ ရဲယိုက ကင်ဆာ
ပျောက်တဲ့ထိပ်တန်းအသီး ၃၀၀ ထဲမှာ ရဲယိုသီးက
TOP TEN ထဲမှာပါလို့ရွေးချယ်လိုက်ပါတယ် ။
မေး # ရဲယိုသီးအမှည့်ကိုဘယ်
အချိန်မျိုးမှာ စားသုံးသင့်ပါသလဲ?
ဖြေ €
အစာအိမ်ထဲမှာအစာမရှိ
ချိန်တွင်စားသင့်ပါတယ် ။
ပြီးရင်ရေများများလိုက်သောက်
သင့်ပါတယ် ။
တနေ့ကို ၃ ကြိမ် စားပေးရင်ပိုကောင်းပါတယ်။
ယနေ့ခေတ်က ဓာတုဗေဒ ပစ္စည်း တွေအရမ်းလွှမ်းမိုးနေလို့
လူ့သွေးထဲမှာ ဓာတုပစ္စည်းတွေ
နေ့စဉ်ဝင်ရောက်နေလို့ပါ ။
ရဲယိုသီးအမှည့်ကိုစားပြီးရင်အ
နည်းဆုံး နာရီဝက် (သို့ ) တစ်နာရီနေပြီးမှအစာစားသင့်ပါတယ် ။
ကော်ဖီ လက်ဖက်ရည်
ကျွဲရိုင်း ကိုကာကိုလာ တွေကို
ရဲယိုသီးနှင့်ကပ်ပြီးမစားသင့်ပါ ။
ရဲယိုအာနိသင် ကျမှာစိုးလို့ပါ ။
မတည့်တဲ့သဘောတော့မရှိပါဘူး ။
မေး # ဘယ်လိုရောဂါတွေအတွက်
သင့်တော်ပါသလဲ?
ဖြေ €
ရောဂါ ၁၀၁ မျိုးအတွက်
သင့်တော်ပါတယ် ။
ကင်ဆာ ၊
ဆီးချို
သွေးတိုး ၊
လေဖြတ်ခြင်း ၊
လေးဘက်နာ /ဂေါက်
ထိပ်ကပ်နာ/နှာခေါင်းအနံ့မရခြင်း ၊
နားအကြားအာရုံကျဆင်းခြင်း၊
ကျီးပေါင်း/အရိုးပွခြင်း ၊
သားအိမ်အလုံးတည်ခြင်း၊
သားဥအိမ်ရေအိတ်တည်ခြင်း ၊
အဖြူဆင်းခြင်း ၊
ရေယုန် ကြွက်နို့ပေါက်ခြင်း ၊
ပန်းသေ/ပန်းညှု ိုးခြင်း ၊
ဆေးလိပ်စွဲကွမ်းစွဲအရက်ဘီယာ
စွဲခြင်း ၊ဖြတ်လိုသူများသောက်သင့်ပါသည် ။
မှ ုးယစ်ဆေးဝါးစွဲခြင်း ၊
အိပ်ဆေးစွဲခြင်း ၊
အိပ်မပျော်ခြင်း ၊
စောစောအိပ်ရာမဝင်နိုင်ခြင်း ၊
သည်းခြေအိတ်ကျောက်တည်
ကျောက်ကပ်ကျောက်တည်ခြင်း၊
အသည်းအဆီဖုံးခြင်း ၊
ပါးစပ်ပျက်ခြင်း ၊
ထိပ်ပြောင်သူများဆံပင်ပြန်ပေါက်ခြင်း ၊
အသားအရေစိုပြေချောမွေ့ခြင်း၊
ပါးစပ်နံခြင်း၊ချိုင်းနံခြင်း ၊
ရာသီမမှန်ခြင်း၊ရာသီလာခါနီး
လူသတ်ချင်စိတ်ပေါ်ခြင်း ၊
စိတ်တိုလွယ်ခြင်း ၊အထီးကျန်ဆန်ခြင်း ၊စိတ်ဓာတ်ကျလွယ်ခြင်း ၊
အများနှင့်လိုက်လျောညီထွေမနေနိုင်ခြင်း ၊တခုခုဆို မှတ်မရခြင်း၊
နှလုံးရောဂါ ၊
အသည်းရောဂါ ၊
ကျောက်ကပ်ရောဂါ ၊
မုန့်ချိုအိတ်ရောဂါ ၊
အစာအိမ်နှင့်အူလမ်းကြောင်း
ရောဂါများ ၊
ဆီးကျိတ်ရောဂါ ၊
မြုံခြင်း ၊
မှတ်ဥာဏ်မကောင်းခြင်း ၊
စာကျက်သည့်အခါ အာရုံမရခြင်း၊
ဆိုးသွမ်းလူငယ်ဖြစ်နေခြင်း ၊
သူငယ်ပြန်ခြင်း ၊
အယ်လ်ဆိုင်းမားရောဂါ ၊
အဝလွန်ခြင်း ၊
သက်လုံကောင်းလိုသူများ ၊
ကိုယ်ခံအားကောင်းလိုသူများ ၊
အသက်ရှည်ကျန်းမာလိုသူများ
နေ့စဉ်မှန်မှန် သောက်သုံးသင့်ပါ
သည် ။
ဒေါက်တာ အောင်စိုးဝင်း
( သဘာဝ စွမ်းအားရဲယို ဆရာဝန် )
ဖုန်း# 09 540 8272
09 7887 920 44
* * * * * * *
ရဲယိုရွက်ဆိုရင် ငါးခူနဲ့ တွဲမြင်တတ်ကြပါလိမ့်မယ်။
ရဲယိုရွက်ကို ငါးခူနဲ့ ရောချက်စားကြသလို ပေါင်းလည်း စားကြပါတယ်။
ရဲယိုပင်ဟာ မြန်မာပြည် အနှံ့အပြားမှာ ပေါက်ရောက်ပြီး အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် ဒေသတွေမှာ အများဆုံးေ ပါက်ရောက်ပါတယ်။
သဘာ၀ အလျောက် ပေါက်ရောက်ပြီး အပင်ငယ်မျိုးဖြစ်ပါတယ်။
ရဲယိုရွက်ဟာ အစိမ်းရင့်ရောင် ရှိပြီး သွယ်ပြီး ချွန်ပါတယ်။ ရဲယိုပင်ရဲ့ အပွင့်ဟာ အဖြူရောင်ဖြစ်ပြီး မွှေးပါတယ်။ အသီးကတော့ ရှည်မျောမျော ပုံစံ ဖြစ်ပြီးပုံစံကတော့ ရုပ်ဆိုးတယ် ပြောရမလားပဲ။ အနံ့ကတော့ မကြိုက်သူတွေ အတွက် အတော် ဆိုးပါတယ်။
ဒါပေမယ့် အရွက်ရော အသီးရော ဆေးဖက်၀င်ပါတယ်။ ရဲယိုရွက်ရဲ့ အရသာဟာ ခါးပြီး အနည်းငယ် ပူစေပါတယ်။ ရဲယိုသီးကတော့ အနည်းငယ် ချဉ်ပါတယ်။ မှည့်လာတဲ့ အချိန်ဆို အနည်းငယ် ချိုပါတယ်။
ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ၀မ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်းစေပါတယ်။
ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်စေပြီး ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊၀မ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေပါတယ်။
နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေတဲ့ အစွမ်း ရှိပါတယ်။
ငါးခူနဲ့ ရောချက်စားရင် ခံတွင်းမြိန်စေပြီး လေကို နိုင်စေပါတယ်။ ရဲယိုရွက် နုနုလေးကို ပြုတ်ပြီး တို့စားရင် ၀မ်းပျော့ပျော့လေး သွားစေပြီး ၀မ်းချုပ်ခြင်းကို သက်သာစေပါတယ်။
ရဲယိုသီးကိုတော့ ပျားရည်နဲ့ ခေါက်စားရင် ချောင်းဆိုးနဲ့ ပန်းနာကို ပျောက်စေပါတယ်။
ရဲယိုသီးမှည့်ကို ထန်းလျက်နဲ့ စားရင်တော့ အစာမကြေ ရင့်ပြည့်ရင်ကယ်ကို သက်သာစေပါတယ်။
အသီးနုနုလေးတွေကို ပြုတ်စားရင်တော့ လေထိုးလေအောင့်နဲ့ သွေးတက်ရောဂါတွေကို ပျောက်စေပါတယ်။
## # copy from
ဆေးဖက်ဝင်ရဲယ်ို
Labels:
သတင်း,
ေဆးဖက်၀င်အသီးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment