(၁) လောကမှာ အကောင်းဆုံးဥစ္စာက ဘာလဲ။ အဖြေ သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။ (သဒ္ဓိဓ ဝိတ္တံပူရိသဿ သေဌံ)
(၂) လောကမှာ ဘာလုပ်ရင် ချမ်းသာမှာလဲ။ အဖြေ ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
(၃) လောကမှာ အကောင်းဆုံးအရသာ ဘာလဲ။ အဖြေ အကောင်းဆုံး အရသာဟာ သစ္စာ။ (သစ္စံ သာဓုတရံ ရသာနံ)
(၄) လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။ အဖြေ အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။ (ပညာဇီဝိ ံ ဇီဝိတ မာဟု သေဌံ)
(၅) အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။ အဖြေ သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။ (သဒ္ဓါယ တရဟိ သြဃံ)
(၆) ကျယ်ပြောသော ဘဝကြီးကို ဘာနဲ့ ဖြတ်ကူးရမှာလဲ။ အဖြေ သတိနဲ့ ဖြတ်ကူးရမယ်။ အပ္ပမာဒေန အဏ္ဏဝံ
(၇) ဆင်းရဲဒုက္ခကို ဘာနဲ့ ဖယ်ရှားမှာလဲ။ အဖြေ ကြိုးပမ်းအားထုတ်မှု ဝီရိယဖြင့် ဖယ်ရှားနိုင်မယ်။ (ဝီရိယေန ဒုက္ခမစ္စေတိ)
(၈) စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။ အဖြေ ပညာဖြင့်သာ ဆေးကြောရမယ်။ (ပညာယ ပရိသုဇျွတိ)
(၉) ပ ညာ ကို ဘယ် လို ရအောင် ယူ ရ မှာ လဲ။ အ ဖြေ နား လည် ချင် တဲ့ စိတ် နာ းထောင် ချင် တဲ့ စိတ် မှတ် သား ချင် တဲ့ ဆ န္ဒ ရှိ ရင် ပ ညာ ရ ပါ တယ်။ (သုဿုသာ လ ဘ တေ ပ ညံ)
(၁၀) ဥ စ္စာ ကို ဘယ် လို ရှာ မှာ လဲ။ အ ဖြေ လုံ လ ဝီ ရိ ယ ရှိ ပြီး တက် တက်ကြွ ကြွ ကြိုး စား အား ထုတ် ရ မယ်။ (ပ တိ ရူ ပ ကာ ရီ ဓု ရ ဝါ၊ ဥ ဌာ တာ ဝိ န္ဒ တေ ဓ နံ)
(၁၁) အ ကျော် အ စော ရှိ ရန် ဘယ် လို လုပ် ရ မှာ လဲ။ အဖြေ သ စ္စာ ရှိ ဂ တိ တည် မှန်ကန် ရန် လို တယ်။ (သ စ္စေ န ကိတ္တိ ံ ပ ပ္ပေါ တိ) (၁၂)မိတ် ဆွေ တွေ ရ ချင် ရင် ဘယ် လို လုပ်ရ မှာ လဲ။ အ ဖြေ ပေး ကမ်းပါ (ဒ ဒံ မိ တ္တ နိ ဂ န္ထ တိ) (၁၃) ဘယ် တ ရား တွေ ကျင့် သုံး မှ နောက် ဘ ဝ အ ရေး စိတ်အေး ရ မှာ လဲ။ အ ဖြေ အ မှန် တ ရား အ သိ ပ ညာ လုံ လ ဝီ ရိ ယ စွန့် ကြဲ ပေး ကမ်း မှု ရှိ ရမယ် (သ စ္စံ ဒ မ္မော ဓိ တိ စာ ဂေါ )
credit:ပါ မော က္ခ ချုပ် ဆ ရာ တော် ဒေါက် တာ အ ရှင်န န္ဒ မာ လာဘိ ဝံ သ ဘ ဝ အ ရေး စိတ်အေး ရ လေ အောင် စာ အုပ် မှ
No comments:
Post a Comment