Wednesday, 1 January 2020


                                               


ဗုဒ္ဓဘာသာဝင် မြန်မာတွေအတွက် သတင်းကောင်း စာသင်ကျောင်းတွေမှာ ပဋ္ဌာန်တရားတော်ကို သင်ရိုးညွှန်းတမ်းအဖြစ် ပြဌာန်းလာတဲ့ အင်္ဂလန်နိုင်ငံ

အချိန်တော်တော်များများမှာ ကလေးတွေဟာ ကန်ကျောက်တာနဲ့ ဆဲရေးတိုင်းထွာတာတွေကို ပြုမှုချိန်မှာ သူတို့ကိုယ်တိုင် သူတို့တွေ ဘာတွေ ခံစားနေသလဲဆိုတာ နားမလည်နိုင်ကြလို့ပါပဲ။ သူတို့ရဲ့ စိတ်ခံစားချက်ကို သက်သာစေမယ့် နည်းလမ်းကို ရှာမတွေ့လို့ပါပဲ။

ဒီပြဿနာကို ဖြေရှင်းဖို့ အင်္ဂလန်က စာသင်ကျောင်းတွေဟာ နည်းလမ်းသစ်နဲ့ ကိုင်တွယ်ပြီး စတင်လုပ်ဆောင်လာပါတယ်။ ဒါကတော့ လူငယ်လူရွယ် ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်ဖို့ စာသင်ခန်းတွေမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို သင်ရိုးညွှန်းတမ်း ပြဌာန်းကာ သင်ကြားကျင့်ကြံစေမှာပါ။

နိုင်ငံအနှံ့က စာသင်ကျောင်းပေါင်း ၃၇၀ မှာ ကလေးငယ်တွေအနေနဲ့ ဘယ်လို တရားရှုမှတ်ရမှာ၊ ကြွက်သားတွေ ဘယ်လို ဖြေလျှော့ရမှာနဲ့ အပ္ပမာဒရှုမှတ်ပွားဖို့ ဝင်သက်ထွက်သက် ဘယ်လို မှတ်ရမှာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ အလယ်တန်းကျောင်းသားတွေဟာ ပိုမိုပြီး သင်ကြားရမှာဖြစ်ကာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို ပိုမိုရှုမှတ်ပွားရမည်ဆိုတာ သင်ကြားကြရမှာပါ။

ဒီအစီအစဉ်ဟာ ၂၀၂၁ ခုနှစ်အထိ ဗြိတိန်အစိုးရ ဆောင်ရွက်မယ့် စိတ်ကျန်းမာရေး သုတေသနအောက်ကနေ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ မိတ်ဆွေ အခုလိုနည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ အရင်လို ၂လုံး၃လုံးထိုးနေတုန်းဘဲလား? အဆင်မပြေရင် ဒီ app လေးပြောင်းသုံးကြည့်ပါလား လူငယ်လူရွယ် ကလေးဦးရေ များပြားလာတာနဲ့ အမျှ စိတ်ဓာတ်ကျဆင်းမှုနဲ့ စိတ်ပူပန်သောကများမှု ကနဦး လက္ခဏာတွေလည်း များပြားလာပါတယ်။

ဗြိတိန် ကလေး ရှစ်ဦးမှာ တစ်ဦးနှုန်းဟာ စိတ်ကျန်းမာရေးပြဿနာ ရှိနေကြောင်း NHS က ထုတ်ပြန်ထားပါတယ်။ ဒီလို ရှိနေပေမယ့် စိတ်ကျန်းမာရေးပြဿနာရှိတဲ့ ကလေး ငါးဦးနှုန်းမှာ တစ်ဦးနှုန်းလောက်ပဲ ကုသမှု ခံယူရရှိနေတာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို သင်ရိုးညွှန်းတမ်း ပြဌာန်းတာဟာ အင်္ဂလန်တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်မှာ ဘယ်တီမိုးက စာသင်ကျောင်းတစ်ကျောင်းဟာ ပြစ်ဒဏ်ပေးတဲ့နေရာ ကလေးတွေကို အသက်ရှုမှတ်ပုံနဲ့ အကြောဖြေလျော့မှုတွေကို သင်ကြားပေးပြီး အစားထိုးခဲ့ပါတယ်။ ဒီအတွက် စာသင်ခန်းတွေမှာ ပိုပြီး အာရုံစိုက်နိုင်မှု တိုးပွားလာတာကို မြင်တွေ့ရပါတယ် ကျွန်တော် အသက်ရှုမှတ်ရတာ လုပ်ရတယ်။

ကျွန်တော်ကို မုန့်လည်း ကျွေးပါတယ်။ အဲနောက်တော့ ကျွန်တော်ဟာ ကျွန်တော့် စာသင်ခန်းက အတန်းဖော်တွေကို တောင်းပန်ခဲ့တယ်။”လို့ ပြစ်ဒဏ်ပေးခံရမယ့်အစား အသက်ရှု ရှုမှတ်တာ လုပ်ခဲ့ရတဲ့ ကျောင်းသားလေးတစ်ဦးက ပြောပါတယ်။

အဲဒီ စာသင်ကျောင်းအနေနဲ့ ကျောင်းသားကျောင်းသူတွေကို အတန်းဖော်တွေရှေ့မှာ အပြစ်ပေးပြီး အရှက်ရစေတာထက် ခုလို ရှုမှတ်ပွားစေတာဟာ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်လို့ ယုံကြည်ထားပါတယ်။

Credit:XYZ NEWS

No comments:

Post a Comment