Friday, 31 January 2020

တနင်္လာသားသမီးများအတွက် ဖေဖော်ဝါရီလ တစ်လစာ ဟောစာတန်း

ဘဝတစ်ခုလုံး အတွက် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရလတ္တံ့။ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရခြင်း၊ ဆေးရုံဆေးခန်း၊ အမှုအချုပ် ၊ထောင်ဂတ်များနှင့် ပက်သက်ရခြင်း၊ အနားဝန်းကျင်တွင် မီးလန့်ရှေ ာ့ဖြစ်ကြုံ ရတတ်ခြင်း ၊

သူများပြဿနာကြားဝင် ခေါင်းခံ ဖြေရှင်းပေးရခြင်းတို့ ကြုံရ လတ္တံ့။ အလုပ်နေရာ၊ အိမ်နေရာ အပြောင်းအလဲများ ကြုံရ လတ္တံ့။ မိမိ၏ ဘဝခံယူချက်များ ၊ အတွေးအခေါ် အယူအဆများ ၊ ကိုယ်ကျင့် တရားများ ၊ လုပ်နည်း လုပ်ဟန် များလည်း ပြောင်းလဲ အံ့

စိတ်တိုလွယ် ဒေါသထွက်လွယ် ၊ စိတ်လိုက်မာန်ပါ ပြောဆို လုပ်ကိုင် တာတွေေ ရှာင်ပါ။ စိတ်ခံစားမှုကို အလိုမလိုက်ပဲ ဦးနှောက်ဉာဏ် များများ သုံးသင့် ပါတယ်။ ဖြစ်ချင်တာ ထက် ဖြစ်သင့်တာကို ဦးစားပေးပါ။ မထင်မှတ် တာတွေဖြစ် လာတတ်။ လူအား ၊ ဉာဏ်အား ၊ ဝီရိယအား စိုက်ထုတ်ပြီး များများကြိုးစားသင့် ပါတယ် ။

အလုပ်သစ် လုပ်ရအံ့။ နေရာထိုင်ခင်းပြုပြင်ရတတ်။အသစ်ရတတ်။အိုးပိုင်အိမ်ပိုင်မရှိသေးသူများ အိုးပိုင်အိမ်ပိုင်ရတတ်။လူကြီး အလုပ် နေရာထိုင်ခင် အိမ်တွင်းရေးအတွက် အနည်းငယ်စိတ်ပူရ တ်ပါတယ် ။

စိတ်ပူစရာ စိတ်အနှောက်အယှက်ဖြစ်စရာများ ၊ အတိုက်အခံအခက်အခဲများ ၊ မနာလို ရန်လုပ်သူများကြားမှ မိမိ၏အကြံအစည်ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်မည့်နှစ်ဖြစ်အံ့။ အခက်အခဲ စိန်ခေါ်မှုများကို တည်ငြိမ်စွာဖြင့် ကျော်ဖြတ် အနိုင်ယူသင့် တယ် ။

ကံတရား၏ မျက်နှာသာပေးခြင်း ၊ အကူအညီ အပံ့အပိုးပေးခြင်းကို မခံရပဲ ၊ မိမိ၏ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အစွမ်းအစများဖြင့် ကြီးပွားတိုးတက် အောင်မြင် ချမ်းသာမည့် နှစ်ဖြစ်တယ် ။

ငွေရေးကြေးရေး – ငွေအဝင်နည်းပြီး ဝင်သလောက်ပြန်ထွက် နေအံ့။ ငွေ မမြဲအံ့။ ငွေကြေးကိစ္စများ စိတ်ပူ ထစ်ငေါ့ပြီးမှ အောင်မြင်အံ့။ ငွေရင်းနှီးရသော အလုပ်များ သတိထားပြီး လုပ်ပါ။ အကြီးအကဲကူညီမစခြင်းကြောင့်သော်၎င်း ၊ စပ်တူရှယ်ယာလုပ်ငန်း များကြောင့်သော်၎င်း ငွေကြေးများ ရရှိ လတ္တံ့

ငွေရေးကြေးရေး အထူးယတြာ – ငွေမြဲရန် မကြာခဏ ငါသေတ္တာဗူးပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပါ ။ငွေကြေးကံကောင်းရန် မကြာခဏ လမ်းမှာရှိတဲ့ ချိုင့်ခွက်ကို ကျောက်ခဲ ဖို့ပေးပါ …။

( ၎င်းယတြာများသည် လုပ်ရသည်မှာလွယ်ကူသော်လည်း အင်မတန်ထိ ရောက်အောင်မြင်သော ယတြာများဖြစ်သည်။ ငွေကြေး ကံကောင်းပြီး ဘဝတစ်ဆစ် ချိုးပြောင်းလဲမြင့်တက် ချမ်းသာသွား သည်များကို မကြာခဏတွေ့ကြုံဖူးပါ တယ် …။

ထို့ကြောင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ဆောင်ရွက် စေလိုပါတယ် ။
ထီထိုးကံစမ်းရန် – လက်ဖက်ရည်နှင့် ပေါင်မုန့်ဘုရားလှူပါ ၊ သူငယ်ချင် းမိတ်ဆွေများကို ဒါန လုပ်ပါ ။ ပြီးလျှင် ပ ဖ ဘ ဗ မ ၊ ရ ယ လ ၀ ပါသော ထီဆိုင်တွင် (၄) နှင့် (၅) များများပါသော ထီလက်မှတ်ကို ရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီး ထိုးပါ ။

အချစ်ရေး – ကြီးမားသော အပြောင်းအလဲများဖြစ်အံ့။ ယခင်ကထက် တအားလည်းကောင်းလာနိုင်သလို တအားလည်းဆိုးသွားတတ်။ သတိထားသင့်။ အပျိုလူပျိုများ အချစ်ရေးတွင် မကြာခဏဆိုသလို စကားပြောငြင်းခုန်ဖြေရှင်းရခြင်း ၊ ပူပန်သောကရောက်ရခြင်း တို့ကြုံရအံ့။ စိတ်ပူစရာများ သဝန်တိုစရာများလည်း ရောထွေးနေတတ်ပါတယ် …။

အိမ်ထောင်ရေး – မကြာခဏဆိုသလို အသေးအဖွဲကိစ္စလေးမှအစ ကတောက်ကဆဖြစ်ရခြင်း တို့ ကြုံတွေ့ရလတ္တံ့။ ဘေးပယောဂများ ဝင်လာတတ်။ ကြားလူနှောက်ယှက်တတ်။ သတိထားသင့်။ ဆိုးဆိုးဝါးဝါးမရှိပါ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေတတ်ပါတယ် ။ မကြာခဏ အိပ်ယာခွဲအိပ်ပေးပါ ။

အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္လာသားသမီးများ ၊ နာမည်တွင် က ခ ဂ ဃ င ပါသောသူများ ငွေ ၊ ခြံ ၊ ကား ၊ကျောက် ၊ ကုန်သည် ၊ ကွန်ပြူတာ ၊ ကင်မရာနှင့်ပက်သက်သူများ ဝင်ရှုပ်တတ် ပါတယ် ။

။ ဓါတ်မှန်ပြားနဲ့ညှပ်ပါ ။ ဓါတ်ဗူးအလွတ်ထဲမှာထည့်ပြီး လုံအောင်ပိတ်ထားပါ ။ ( ၃ ရက်တစ်ခါလောက် အဖုံးလှပ်ပေးပါ)

ပညာရေး – မိမိရည်မှန်းထားသလောက်သာ အောင်မြင်နိုင်လတ္တံ့။ ကံတရား၏ အကူအညီပေးခြင်း ၊ နှောက်ယှက်ခြင်းကို မခံရပဲ မိမိရည်မှန်းထားသလောက် အောင်မြင်လတ္တံ့။ စိတ်ပူစရာအချို့ရှိသော်လည်း ပညာရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင် နိုင်ပါမယ်

ပညာရေးကံကောင်းစေရန် – မနက်စောစော သစ်သီး(၆)လုံး ၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ(၃)ခွက်၊ ဖယောင်းတိုင်(၃)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ နှင်းဆီ(၃)ပွင့်ထည့်ပြီး ရေးချိုးရင်းလည်း ဆုတောင်းပါ ။

( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့် အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)
ကျန်းမာရေး – ခြေထောက် ၊ ခါး ၊ အာရုံကြော ၊ ကျီးပေါင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်ပါတယ် (တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင် ပြုလုပ်ရမည့်ယတြာ – တနင်္လာနေ့ည ။ ကော်ဗူးအစုတ်ထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ ။ အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ ။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထား အိပ်ပါ ။ နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ ။ မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ

အထူးလိုက်နာရန် … ကောင်းသောအပြောင်းအလဲများဖြစ်ရန် ဘာသာရေးပိုလုပ်သင့်၊မေတ္တာစိတ်မွေးသင့်၊မကြာခဏအိပ်ယာပြောင်းအိပ်သင့်။ခရီးခဏခဏထွက်သင့်တယ် ။

အခက်အခဲကြီးကြီးမားမားများ ကြုံတွေ့ရပါလျှင် …. တနင်္လာနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ ။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို အနီရောင်ပန်း(၆)ပွင့်နဲ့ရိုက်ပေးပါ ။ ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ ။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ ။

ယတြာ။ ။မည်သည့်နေ့တွင်မဆို မနက်(၇)နာရီ(၆)မိနစ်တိတိတွင် သစ်သီး (၆) လုံး ၊ နှင်းဆီ(၃)ပွင့် ၊ ဆွမ်းပူပူ (၃)ပွဲ ၊ သောက်တော်ရေ (၁)ခွက် ၊ ဖယောင်းတိုင် (၇) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင် နိုင်မည် ။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

Unicode

No comments:

Post a Comment