ရထားလက်မှတ်များကို Onlineမှ ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေ
မီးရထားလက်မှတ်များကို Onlineမှ ရောင်းချပေးနိင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဇန်နဝါရီ ၂ရရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင်ပြောသည်။
“ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်းလု ပ်ငန်းများ ပြီးဆုံးမယ့်၂၀၂၃-၂၀၂၄ခုနှစ် အတွင်း ရထား လက်မှတ်များကို ပြည်သူများသို့ Onlineမှ ရောင်းချပေးနိုင်မှာဖြစ်ပြီး ရထားလက်မှတ်ဝယ်ယူမည့် ခရီးသည်များအတွက်
အချိန်နှင့်တပြေးညီ မျက်မြင်သိရှိနိုင်မည့် Roster Information System အသုံးပြုပြီး လွယ်ကူလျင်မြန်စွာပင် ဝယ်ယူနိုင်မည့် လက်မှတ်ရောင်းချမှု စနစ်ကို ပြောင်းလဲနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်”ဟုဆိုသည်။
မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စို းမေးမြန်းသော မီးရထားလက်မှတ်များကို ကားလက်မှတ်များ ရောင်းချသကဲ့သို့ ပြည်သူများ လွယ်ကူစွာ ဝယ်ယူ နိုင်ရန် အတွက် Onlineမှ ရောင်းချပေးနိုင်ခြင်းရှိ၊မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကို အထက်ပါ အတိုင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။
ဒေါက်တာသန်းအောင်စိုးက “ပွင့်လင်းမြင်သာမှုလည်းရှိအောင် ရထား လက်မှတ်ရောင်းရတဲ့ ဝန်ထမ်းတွေလည်းသက်သာအောင် ပြည်သူတွေ လည်း အစောကြီး ထပြီးတော့ တန်းစီရ လက်မှတ်ရုံတေ ခါက်သွား ဝယ်ရ စတဲ့ ဒုက္ခကနေ
စရိတ်စကေ တွဈေး သက်သာအောင် ကားလက်မှတ်တွေကို Onlineနဲ့ရောင်းသလိုပဲ ရထားလက်မှတ်ကိုလည်း Onlineနဲ့ ပွင့်လင်းမြင်သာစွာ ရောင်းချနိုင်ခြင်းရှိ၊မရှိ မေးမြန်းအ ပ်ပါတယ်”ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် လက်ရှိအခြေအနေတွင် Onlineမှ လက်မှတ်ရောင်းချမှု စနစ်ကို မဆောင်ရွက်နိုင်သေး သော်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာက စတင်ကာ ဂျပန်နိုင်ငံ ODA ချေးငွေအကူအညီဖြင့် ဆောင်ရွက်နေ သည့် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့် တင်ရေး စီမံကိန်း၏
အဆင့်၂လုပ်ငန်းများတွင် ခရီးသည်ဝန် ဆောင်မှုကို မြှင့်တင်နိုင်ရန် ကြိုတင်လက်မှတ်မှာယူသည့်စနစ်နှင့် ခရီးသည်ပြန်ကြားရေးစနစ်များ တပ်ဆင်ခြင်း လုပ်ငန်းများလည်း ပါရှိကြောင်း ဒုဝန်ကြီးက ထည့်သွင်းရှင်းပြခဲ့သည်။
ထို့အပြင် လုပ်ငန်းအကောင်အထည် ဖော်ရန်အတွက် တင်ဒါစာရွက်စာတမ်းများ ပြုစုပြင်ဆက် လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖြေကြားသွားခဲ့သည်။
Source-ဖူးအောင်
No comments:
Post a Comment