၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း
သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုး ဖြစ်တယ် ။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများကင်းသူများ ဖြစ်ကြတယ်။
၂။ ပတ်ဝန်းကျင်ကို ဝင်ဆန့်လွယ်ခြင်း
သတ္တလောကကြီးဟာ ဘယ်လို တရားသဘောနဲ့ပဲ ပြည့်ဝ နေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ဝင်ဆန့်နိုင်တဲ့ တတ္တဝါ နေရာယူ သွားတာ များပါ တယ်။
လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေး ဖြစ်လောက်အောင် မယှဉ်ပြိုင် ရပေမဲ့ အရည်အသွေးထိန်းထားနိုင်တဲ့ လူဟာ ရပ်တည်မူ ရှည်ကြာ သွားတာပါ။
၃။ သူများ အပေါ် သဘောထားကြီးခြင်း
လူရာဝင်ကြတဲ့ သူများဟာ သဘောထားကြီး ကြပါတယ်။ ရက်ရောကြ ပါတယ်။ အသေးအဖွဲမှာ တွက်ကပ်မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီး ဆိုရင် သတိဝိရိယ နဲ့ကိုင်တွယ် ကြတယ်။ မိမိကိုယ် မိမိ စည်းကမ်းကြပ်မတ်နိုင်သူ များဖြစ်ကြ တယ်။
သူများအပေါ် ခွင့်လွတ်လွယ်တဲ့ သူများဖြစ်ကြ ပါတယ်။ လူဆိုတာ စိတ်ရင်း ခံကောင်းမွန်ခြင်းဟာ ဉာဏ်ကောင်းခြင် းထက် အရေးကြီး ပါတယ် ။ ဉာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါ ဖြစ်တတ်ပြီးစိတ်ရင်းခံ ကောင်းမွန် ခြင်းဟာ ရွေးချယ်မူ တစ်မျိုး ဖြစ်ပါ တယ် ။
၄။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း Keep Low Profile ကို ဆိုလိုတာပါ။
သူတို့ဟာ အပြောထက် အလုပ်ကို ဦးစားပေးကြသူများ ဖြစ်ကြ တယ်။ ကြည့်တတ်တဲ့ သူမြင်ပါ လိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင် ခြင်းဖြင့် သူတို့ဟာ ပြိုင်ဘက်ကို နည်းပါး စေပါတယ်၊ ရန်သူနည်းပါး စေပါတယ်။ လုပ်ဖေါ် ကိုင်ဘက် ကောင်းတွေ့ရှိ စေနိုင် ပါတယ် ။
၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း ချီးမွမ်း တတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်း တတ်ပါ။
ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။
ချီးမွမ်းတတ်ခြင်းကြောင့် သင်လူချစ် လူခင်ပေါများ လာပ ါလိမ့်မယ်၊ ချီးမွမ်းခြင်းနဲ့ ဖားတတ်ခြင်း မတူညီပါ။ ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ် အသိအမှတ်ပြုခြင်းဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင် းသာဖြစ် တယ်။
၆။ ယဉ်ကျေးခြင်း၊
ကျနော်တို့နဲ့ ဆက်ဆံတဲ့ လူတိုင် းစိတ်ချမ်းသာအောင် ကျနော်တို့မှာ တာဝန်မရှိပါ။ သူများစိတ် မချမ်းသာအောင် မလုပ်မိ ဖို့တော့ ဆင်ခြင်ရ ပါလိမ့်မယ် ။ယဉ်ကျေးပါ။ အောက်မကျို့ ပါနှင့်၊
ရ။ မိမိကိုယ်မိမိ စမ်းစစ်တတ် ခြင်း၊ လူဆိုတာ သူများကို ပိုအစိုး မရတာမို့ သူများအပြစ်ကို ထိုင်ပြောနေရင်ကိုယ့်အတွက် အကျိုးမရှိပါ။
မိမိကိုယ်မိမိ စမ်းစစ်တတ်မှ သာ လျင်တစ်စတစ်စ ပိုမို တိုးတက် သွားမှာပါ။
၈။ ကျေးဇူးတင်တတ်ခြင်း၊
ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစား ရပါတယ်။ ကျေးဇူးရှင် လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့လူကို ဖြစ်အောင် ကြိုးစားပါ။ တိုင်းပြည် တစ်ခုလုံး၊ အဖွဲ့အစည်းတိုင်း ကျေးဇူးရှင် အဖြစ် သရုပ်ဆောင် နေရင်တော့ တိုးတက်ဖို့ အဟန့် အတားပါ။
၉ ။ အချိန်တိကျခြင်း၊ ကိုယ်သာ စောင့်ဆိုင်းတဲ့ လူဖြစ်ပါစေ၊ သူတစ်ပါးကို မစောင့်ဆိုင် းစေပါနှင့် ၊အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကို လေးစားခြင်း ဖြစ်ပါတယ်။
ရာထူးကြီးလေ အစည်းအဝေးကို နောက်ကျမှ ရောက်တတ်လေ ဆိုတဲ့ အကျင့်မျိုးကို လူကြီးတွေ ကစပြုပြင်သင့်ပါတယ်။
၁၀။ မူမှန်စိတ်ကို မွေးမြူခြင်း၊ အနိစ္စတရားဟာ သဘာဝလည်း ဟုတ်တယ်၊ ကြောက်စရာလည်း ကောင်းပါတယ်၊ မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံ နိုင်ပါ လိမ့်မယ်။
၁၁။ သည်းခံတတ်ခြင်း၊
ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သီးခံတတ်ဖို့ လိုပါတယ်၊ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင်တယ်ဆိုတာအရေးမကြီးပါ၊ သင်ဘယ်လို အသက်ရှင်တယ်ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ။
သူများအကြည့်၊ သူများအထင်ကြီးအထင်သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်းမရှိပါ။
သူများကို သိပ်ဂရုမစိုက်ရင် သီးခံမူကိုအထောက်အကူ ဖြစ်ပါတယ်။
၁၂။ ကတိတည်ခြင်း
ကတိပေးမလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို လျှော့ပြီးပြော ပေးပါ။
ကတိမတည် တဲ့ လူဟာ စီးပွားကြီးကြီးမားမား ဖြစ်ဖို့ ခက်ခဲတတ် ပါတယ်။
No comments:
Post a Comment