
အမျိုးသားတွေဟာ အမျိုးသမီးတွေကို ရုပ်ကလေးတစ်ခုလောက် ကွက်ပြီး သဘောကျတာမျိုး မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ ထုတ်ဖော်ပြောကြာခြင်းမရှိတဲ့ စံသတ်မှတ်ချက်တွေလည်း ရှိနေပါသေးတယ်။
တစ်ခါတရံမှာ ရုပ်ဝါဒကို အခြေမခံဘဲ သူတို့ သဘောကျတဲ့ အမူအယာလေးတွေ ပိုင်ဆိုင်ပြီဆိုရင်လည်း ချစ်သွားနိုင်တယ်ဆိုတာ Aunty May ရဲ့ ပရိသတ် ကောင်မလေးတွေ သိထားသင့်ပါတယ်။
(၁) အဝတ်အစား
အဝတ်အစားကိစ္စရပ်မှာ အမျိုးသမီးတွေ အထူးပြောဖို့ လိုမယ်တော့ မထင်ပါဘူး။ ဒါပေမယ့် ပြောစရာလေးတွေကလည်း ရှိနေပါတယ်။
ကိုယ်ဝတ်ချင်တာကို ကိုယ်ဝတ်တာထက်စာရင် ကိုယ်နှစ်သက်သဘောကျတဲ့ ကောင်လေး ဘယ်လိုအဝတ်အစားမျိုး သဘောကျသလဲဆိုတာကို သိပြီး အဝတ်အစားစတိုင်ကို ပြောင်းလဲကြည့်လိုက်ပါ။ အလိုလို ချစ်လာပါလိမ့်မယ်။
နောက်တစ်ခုက ရာသီဥတု၊ ခေတ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ လိုပါတယ်။
(၂) ကိုယ်သင်းရနံ့
ချွေးဂလင်းပါတဲ့ သတ္တဝါတိုင်း ကိုယ်ပိုင်အနံ့တွေ ရှိပါတယ်။ တစ်ချို့က နှာခေါင်းက အလေ့အကျင့် ဖြစ်နေပြီးတော့ ကိုယ့်ကောင်မလေးရဲ့ မူပိုင်အနံ့အသက်ကို လူမမြင်ဘဲ သိတာမျိုးတောင် ရှိပါတယ်။
ဥပမာ တစ်နေရာရာမှာ ကောင်မလေးကို မတွေ့ရပေမယ့် ကောင်လေး သုံးနေကျ ရေမွှေးနံ့လေး ရပြီး သူ့ကို ရှာမိတာမျိုး အမျိုးသားတော်တော်များများ ကြုံဖူးပါလိမ့်မယ်။
(၃) အပြုံး
အပြုံးဟာ လူတစ်ယောက်မှာ အလှဆုံးတွေကို ခြုံငုံဖော်ပြနိုင်တဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ဖြစ်ပါတယ်။ အပြုံးတွေမှာလည်း အမျိုးမျိုး ရှိပါတယ်။ ဟန်ဆောင်ပြုံး၊ ဖားပြုံး၊ မချိပြုံး၊ မခံချင်ပြုံး၊ မခန့်ပြုံး စတာတွေပေါ့။
ဒီအထဲမှာမှ အလှဆုံးနဲ့ အသန့်စင်ဆုံးကတော့ ဟန်ဆောင်မှုကင်းမဲ့တဲ့ အပြုံးဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အဲဒီအပြုံးလေးကို ကောင်းကောင်း အသုံးချတတ်ရင် လင်ကောင်းသားကောင်း မရှားပါဘူး။
(၄) အငြင်းအခုန်ပြုခြင်း
ဒါကတော့ ကာယကံရှင် ကောင်လေးနဲ့ အငြင်းအခုန် ပြုတာကို ဆိုလိုတာပါ။ အမျိုးသားတွေဟာ သူတို့နဲ့ လာပြီး ငြင်းခုန်တဲ့သူတွေရဲ့ ဉာဏ်ကို အကဲဖြတ်တတ်တဲ့ ဓလေ့ရှိပါတယ်။
ငြင်းစရာမဟုတ်တာကို ရှာကြံငြင်းတာမျိုးတော့ မဖြစ်ပါစေနဲ့။ သူနဲ့ ငြင်းစရာ ကြုံတဲ့အခါတိုင်း ကိုယ့်ဘက်က ချက်ကျလက်ကျ ပြန်ငြင်းနိုင်ရင် သူ့စိတ်ထဲမှာ ဒီကောင်လေး တော်လှချည်လားဆိုပြီး အမှတ်တွေ ပေးမှာမလွဲပါဘူး။
(၅) ခပ်ဆိုးဆိုး အမူအယာ
ခပ်ဆိုးဆိုး အမူအယာဆိုပြီး ဘီယာပုလင်းကိုင်ပြီး လမ်းမထက်မှာဆဲဆိုပြတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုအောင်ရင် သီချင်းထဲကလို အသည်းစွဲတဲ့ နွဲ့ဆိုးပျို-ပေါ့။
နွဲ့ဆိုး ဆိုးတာလေးတွေ၊ ကလေးတစ်ယောက်လို အပြစ်ကင်းစွာနဲ့ ဆိုးတာလေးတွေ၊ လူကြီးဆန်ဆန် ခေါင်းမာပြီး ဆိုးတာလေးတွေကို အမျိုးသားတွေ သဘောကျတတ်ပါတယ်။
No comments:
Post a Comment