Thursday, 30 January 2020

မိန်းမ ဖြစ်သူက မိန်းမ ပြန်ထပ်ယူလိုက်လို့ မိန်းမ နှစ်ယောက် ရလိုက်တဲ့ ယောက်ျားရဲ့အဖြစ်

ယူနီကုဒ်ဖြင့် ဖတ်ရန်
ကယာလင်း ဟန်ရီ” ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့ ငယ်ရည်စား “ဂျက်စတင်” နဲ့ မနှစ်က လက်ထပ်ပွဲကို ဆင်နွှဲခဲ့ပြီး လက်ထပ် မင်္ဂလာပွဲမှာပဲ နောက်ထပ် အချစ်တစ်ခုကို ထပ်မံ တွေ့ရှိခဲ့ပါတယ်။

သူမက သတို့သမီးအရံလုပ်တဲ့ တစ်ယောက်နဲ့ တစ်ခါတည်း ငြိခဲ့တာပါ။မနှစ်က ကျင်းပခဲ့တဲ အဲ့ဒီ့ မင်္ဂလာပွဲမှာမှ တစ်ယောက်နဲ့ တစ်ယောက် စတင် သိကျွမ်းခဲ့ကြတဲ့ သူတို့ သုံးယောက်ဟာ
အပြန်အလှန် ခံစားမှုချက်တွေရှိနေတာကိုပါ တစ်ခါတည်း ရိပ်စားနားလည်ခဲ့ကြတယ်။ အသက် (၂၂) အရွယ် “လင်း”က သူမအနေနဲ့ ယောကျာ်းရော မိန်းမရော စိတ်ဝင်စား ခံစားနိုင်စွမ်းရှိနေတာကို

(၁၇) နှစ် အရွယ်ကတည်းက သိခဲ့တယ်လို့ ပြောပြ ထားပါ တယ်။သူမဟာ ခရစ်ယာန်မိသားစုမှာ ကြီးပြင်းလာခဲ့သူဖြစ်ပြီး ဘာသာရေးအရ မသင့်တင့်ဘူး ဆိုပြီး အဲ့ဒီလို နှစ်ဖက်ချွန် စိတ်ခံစားချက်ကြီးကို

တစ်လျှောက်လုံး မောင်းထုတ် လာ ခဲ့ ပါတယ်။ ယောက်ျားဖြစ်သူ “ဂျက်စတင်” နဲ့ လက်ထပ်တော့လည်း အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်လို့ ပြဿနာရှိမှာကို စိတ်ပူနေ ခဲ့ရတယ်။ အဲ့ဒီနောက် သူမရဲ့ခင်ပွန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ဘက်က အေးဆေးကြောင်း၊
မိန်းကလေးနဲ့ အပြင်မှာ ဒိတ်ချင် ဒိတ်နိုင်ကြောင်း မမျှော်လင့်ထားတဲ့ အခြေအနေကို ခွင့်ပြုခဲ့တယ်လို့ သိရတယ်။ တကယ့် လက်တွေ့မှာလည်း သုံးယောက်သားရဲ့ အခြေအနေဟာ လုံး၀ အေးဆေးဖြစ်နေတယ်လို့ သူ့က ပြောပါတယ်။

ဒီလိုနဲ့ ခင်ပွန်းရဲ့ အားပေးမှုနဲ့ အတူ Karalyn ကလည်း သုံးပွင့်ဇာတ် အချစ်ဇာတ်လမ်းတွေကို စတင်ခဲ့တယ်။ သူမဟာ “လမ်နာ” ဆိုတဲ့ အမျိုးသမီးနဲ့ အွန်လိုင်းပါ်မှာ တွေ့ဆုံခဲ့ပြီး မိန်းမချင်း အီစီကလီရိုက်ခဲ့ ကြပါတယ်။

“လမ်နာ”က အိုင်ယာလန်နိုင်ငံ မြောက်ပိုင်းမှာ နေထိုင် သူဖြစ်ပြီး သူမတို့ နှစ်ယောက် တွေ့ဆုံဖို့က မလွယ်ကူးလှပါဘူး။ တွေ့မယ့်တွေ့တော့လည်း ကယာလင်း နဲ့ ဂျက်စတင် တို့ မင်္ဂလာဆောင် တဲ့နေမှာ တွေ့ကြတယ်။
“လမ်”က အံသြဖို့ကောင်းလောက်အောင်ပဲ သူတို့ မင်္ဂလာဆောင်မှာ သတို့သမီးအရံလုပ်ပေးဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။မင်္ဂလာဆောင်ပြီးတာနဲ့ “ကယာလင်း” နဲ့ “လမ်နာ” တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးကို ဆက်လက် တည်ဆောက်ခဲ့ကြပြီး

မကြာခင်မှာပဲ လမ်နာ ဟာ “ဂျက်စတင်” နဲ့လည်း ချစ်ခံစား မှုတွေ ပေါက်ဖွား လာခဲ့ကြ ပါသတဲ့။ အဲ့ဒီ့ကတည်းက သုံးယောက် အတူတူနေ၊ အတူတူသွား၊ အတူတူစားပေါ့ အတူတူ နေ အတူတူ ညားခဲ့ ကြတာပေါ့။

“လက်ရှိချိန်ထိတော့ “လမ်နာ” က အိုင်ယာလန်နိုင်ငံမှာပဲ နေထိုင် နေတုန်းရှိပြီး “လင်း” တို့ စုံတွဲက မကြာမကြာ လာလည် ကြပါတယ်။ အဲ့ဒီ့ အခါမှာလည်း သုံးယောက် တစ်ယောက်တစ်လှည့် အလယ်မှာ အိပ်ရတာက

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းရဲ့ အကောင်းဆုံး အစိတ်အပိုင်းပါပဲလို့ “ကယာလင်း” က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အခုဆို “လင်း”ဟာ သူမရဲ့ နှစ်ဖက်ချွန် စိတ်ကြောင့်

သောကများခဲ့ရတဲ့ ပတ်ဝန်းကျင်လူတွေရဲ့ စွပ်စွဲပြောဆိုမှုတွေကို မျက်နှာချင်းဆိုင် စရာမလိုတော့ဘဲ အင်မတန်ပျော်ရွှင်နေပါတယ်။ သူမဟာ သူမ ချစ်တဲ့

ယောက်ျားကို ရယူပိုင်ဆိုင်ခွင့် ရထားသလို သူမ ချစ်တဲ့ မိန်းကလေး ကိုလည်း ဇနီးအဖြစ် သိမ်းပိုက် ထား နိုင်ပြီပဲလေ ပျော်ရွှင်ဝမ်းမြှောက်စွာနဲ့ပေါ့။ ထို့အတူပဲ ဂျက်စတင် တစ်ယောက်ကလည်း အချိုရှာ

သကာတွေ့ဆိုသလို မိန်းမ တစ်ယောက် ယူမိရာမှ ဇနီးသည်က မိန်းမချင်းကြိုက်ပြီး မိန်းမယူ လိုက်တော့ မိန်းမ နှစ်ယောက် ရသလို ဖြစ်ကာ ပီတီဖြာ ကျေနပ်လျှက်ပေါ့ ကောင်းလေစွ ကောင်းလေစွ။

No comments:

Post a Comment