မေတ္တာဆိုတာ
ချစ်တာ မဟုတ်ဘူး။ သူတစ်ပါးတို့အား ဒုက္ခ မပေးဘူးဆိုတဲ့ စိတ်ထား။
သူတစ်ပါးတို့အတွက် ကောင်းကျိုး ဆောင်ရွက်မယ ်ဆိုတဲ့စိတ်ထား။
ကရုဏာဆိုတာ…
ဘယ်သူကိုမျှ မညှင်းဆဲဘူး။ ဘယ်သူ ဒုက္ခ ရောက်ရောက် ငါကူညီ စောင့်ရှောက် မယ် ဆိုတဲ့ စိတ်ထား။
ဥပေက္ခာဆိုတာ…
မျက်နှာလွှဲ ခဲပစ် လုပ်တာ မဟုတ်ဘူး။ ဟန်ချက် ညီအောင် နေတာ။
ကြောက်တဲ့ ဘက်လည်း ရောက်ပြီးတော့ မတုန်လှုပ်နဲ့။
ကြိုက်တဲ့ ဘက်လည်း ရောက်ပြီးတော့ မတုန်လှုပ်နဲ့။
အဲ ဒီ အစွန်းနှစ်ခု လွတ်အောင် ရှောင်ပြီး အလယ် ကနေသွားတာ။
ဥပေက္ခာ ဆိုတဲ့ ပုဒ်ကို အဘိဓမ္မာမှာ “မဇ္ဈတ္တာကာရ လက္ခဏာ” လို့ ဖွင့်တယ်။
“မဇ္ဈတ္တ” ဆိုတာ Middle Wayပဲ။
အတွေးမှန်ဖို့ရန် …
စွန့်လွှတ်ဖို့ တွေးပါ။ သူတစ်ပါး အကျိုးစီးပွား ဆောင်ရွက်ဖို့ တွေးပါ။
သူတစ်ပါးရဲ့ ဒုက္ခကို ပယ်ဖျောက်ဖို့ စောင့်ရှောက်ဖို့ တွေးပါ။
အတွေးသုံးပါး အဲဒါကို “သမ္မာသင်္ကပ” လို့ ခေါ်တယ်။
ကောင်းတယ် အကျိုးရှိ တယ် ဆိုတဲ့ အလုပ်သည် စိတ်ကောင်း ရှိတဲ့ အခါမှ လုပ်ဖြစ်တာ။
မကောင်းဘူး အကျိုးမရှိဘူး ဆိုတဲ့ အလုပ်သည် စိတ်ကောင်း မရှိတဲ့ အခါတိုင်း လုပ်ဖြစ်တယ်။
ဒါကြောင့် စိတ်ကောင်း ထားတယ်ဆိုတာ အဓိပ္ပါယ် သိပ်ရှိ ပါတယ်။
လူ့ဘဝ ဆိုတဲ့ ဘဝကောင်း တစ်ခုကို ရရှိနေချိန် မှာ အကျင့်ကောင်း တွေနဲ့ တိုးတက်အောင် လုပ်ကြ။
ဘဝကောင်းကို မသိရင် အကျင့်ကောင်း ကိုလည်း မကျင့်မိ တတ်ဘူး ။
လူသားအားလုံးရဲ့ ပန်းတိုင်ဟာ ဝိသုဒ္ဓိနဲ့ ဝိမုတ္တိပါပဲ။
Purification – သန့်ရှင်းစင်ကြယ်ခြင်းကို “ဝိသုဒ္ဓိ” လို့ ခေါ်တယ်။
Liberation – လွတ်မြောက်ခြင်းကို “ဝိမုတ္တိ” လို့ ခေါ်တယ်။
သန့်ရှင်းစင်ကြယ်ခြင်း – Purification လွတ်မြောက်ခြင်း – Liberation ရဖို့အတွက် ဘာလုပ်ရမလဲဆိုရင်
We must follow the Dhamma. ဓမ္မကို လိုက်နာကျင့် သုံး ရမယ်။
ဓမ္မကို လိုက်နာ ကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာ သန့်ရှင်း သွားတယ် ။ သန့်ရှင်းလို့ရှိရင် လွတ်မြောက် သွားတယ် ။
မိမိကိုယ်တိုင် နိဗ္ဗာန်ရောက် ဖို့ထက် မိမိကြောင့် သူတစ်ပါး စိတ်သောက မဖြစ်အောင် နေတတ်ဖို့ ပိုအရေးကြီးတယ်။
အဲဒါ မြင့်မြတ်သော လူစွမ်းကောင်း တို့ရဲ့ စိတ် ထား ပဲ။
သီတဂူဆရာတော်ဘုရားကြီး
No comments:
Post a Comment