Wednesday, 29 January 2020

ရှေးလူကြီးတွေ ပြောခဲ့ကြသော စာတစ်လုံး ဘုရားတစ်ဆူ

ရှေးလူကြီးတွေကတော့ စာတစ်လုံးဘုရားတစ်ဆူလို့ ပြောခဲ့ကြတာ

အရင်ကတော့ ကိုယ်လည်း နားမလည်ခဲ့ဘူး။

ဒီ ပိုစ့်လေးကို တွေ့လိုက်တော့မှ

အော်… ဒါကိုပြောတာလားဆိုပြီး နားလည်လာတော့တယ်

ထပ်ဆင့် မျှဝေကုသိုလ်ပြု လိုက်ပါတယ်

နေမာဗုဒ္ဓဿ

” အက္ခရာဘုရားရှိခိုး ”
က ။…..။ ကကြီးဟူသည်ကား ကိလေသာမာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား👏

ခ ။…..။ ခခွေးဟူသည်ကား ခန္ဓမာန်ကို အောင် မြင်တော်မူသော မြတ်စွာဘုရား👏

ဂ ။…..။ ဂငယ်ဟူသည်ကား ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား👏

ဃ ။….။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော မြတ်စွာဘုရား

င ။…..။ ငဟူသည်ကား မာန်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား

စ ။….။ စလုံးဟူသည်ကား စကြဝဠာ တစ်သိုက် တုဖက်ပြိုင်ဖက် ရှိတော်မမူသော မြတ်စွာဘုရား

ဆ ။….။ ဆလိမ်ဟူသည်ကား ဆယ်ပါးသော ဒုစရိုက်ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား

ဇ ။….။ ဇကွဲဟူသည်ကား ဇာတိဿ ရဉာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ဈ ။….။ ဇမျဉ်ဇွဲဟူသည်ကား ဈာန်သမာပတ်အပေါင်း ပြည့်စုံတော်မူသော မြတ်စွာဘုရား

ည ။…..။ ညဟူသည်က ဉေယျ ဓံတရား ငါးပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

ဋ ။….။ တတလင်းချိတ်ဟူသည်ကား ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို ဆရာမရှိ ကိုယ်ကိုတိုင်သိတော်မူသော မြတ်စွာဘုရား

ဋ္ဌ ။….။ ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ဍ ။….။ ဒရင်ကောက် ဟူသည်ကား ကောဒည ပုဏ္ဏားသည် လက်ညိုးတစ်ချောင်းထောင်ပြ၍ ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟု ပြောဆိုခံရသော မြတ်စွာဘုရား

ဎ ။….။ ဓရင်မှုတ် ဟူသည်ကား ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသော မြတ်စွာဘုရား

ဏ ။….။ ဏကြီးဟူသည်ကား တဏှာတည်းဟူသော အမိုက်မှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား

တ ။…။ တဝမ်းပူဟူသည်ကား တစ်ထောင်မကမကသော ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား

ထ ။….။ ထဆင်ထူး ဟူသည်ကား ထူးမြတ်သော တရားအပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာဘုရား

ဒ ။….။ ဒဒွေးဟူသည်ကား ဒိပ္ပစက္ခု ရွှေဉာဏ်တော်ကို ရတော်မူသောမြတ်စွာဘုရား

ဓ ။….။ ဓအောက်ချိုက်ဟူသည်ကား ဓမ္မစကြာ တရားအပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာဘုရား

န ။….။ နငယ်ဟူသသည်ကား နိဗ္ဗာန် ခေမာ ပြည့်အောင်ဉာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော မြတ်စွာဘုရား

ပ ။….။ ပဆောက်ဟူသည်ကား ပုဗ္ဗေနိဝါသ နုဿ တိဉာဏ်ကိုအောင်မြင်တော်မူသော မြတ်စွာဘုရား

ဖ ။….။ ဖဥထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ဗ ။…။ ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ဘ ။….။ ဘကုန်းဟူသည်ကား ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

မ ။….။ မဟူသည်ကား မစ္စု မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ယ ။….။ ယပလက်ဟူသည်ကား ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား

ရ ။….။ ရကောက်ဟူသည်ကား ရတနာခြောက်သွယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

လ ။….။ လဟူသည်ကား လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက် ကင်းတော်မူသော မြတ်စွာဘုရား👏

ဝ ။….။ ဝဟူသည်ကား ဝသုန္ဒြဒေ မြေစောင့်နတ်သားသည် သက်သေပြု၍ မာနတ်မင်းအား ခုခံ အောင်မြင်တော်မူသော မြတ်စွာဘုရား

သ ။…..။ သဟူသည်ကား သစ္စာလေးပါး တရားအပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

ဟ ။….။ ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ ပါဋ္ဌိတော်လာသည်နှင့် အနိယတ ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား

ဠ ။….။ လကြီး ဟူသည်ကား ဝေဠုဝန်ကျောင်းတော်၌ လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းတော်မူသော မြတ်စွာဘုရား

အ ။….။ အဟူသည်ကား နေ အရုဏ်မတက်မှီ အာသဝေါကင်း၍ အာသဝက္ခယဉာဏ်ကို ရတော်မူသော မြတ်စွာဘုရား

ထို့ကြောင့် စာတစ်လုံးဘုရားတစ်ဆူဟု ရှေးလူကြီးသူမတို့ ဆိုရိုးရှိခဲ့ ပေသည်။

” သဗ်ဗဒေါနံ ဓမ်မဒါနံ ဇိနာတိ ”

” သာဓုသာဓုသာဓု ”

ခရက်ဒစ် – လေးစားစွာဖြင့် မူရင်းရေးသားသူ

No comments:

Post a Comment