Wednesday, 1 January 2020

အ ကြိုက် ဆုံး ပုံ ကို ရွေး လိုက် ပါ သင့် ရဲ့ တ ကယ့် အ တွင်း စိတ် ကို ပြော ပြ ပေး လိမ့် မယ်


                                           
လူ အ မျိုး မျိုး စိတ် အ ထွေ ထွေ ရှိ ကြ တဲ့ အ တွက် အ ကြိုက် ဆုံး ပုံ တစ် ပုံ ရွေး လိုက် ရုံ နဲ့ အဲ့ ဒီ လူ က ဘယ် လို လူ မျိုး ဖြစ် တယ် ၊ သူ့ ရဲ့ တ ကယ့် အ တွင်း စိတ် က ဘယ် လို ဆို တာ တပ်

အပ် ပြော ဖို့ က တော့ ခက် ပါ တယ် ။ ဒါ ပေ မဲ့ လည်း အ နီး စပ် ဆုံး ခန့် မှန်း ဖော် ပြ ထား တာဖြစ် တဲ့ အ တွက် တူ ညီ တာ များ နိုင် ပါ တယ် ။ ကဲ အ ကြိုက် ဆုံး ပုံ ရွေး ပြီး ပြီ လား. ?

ပုံ ( ၁ ) ။

သင်က နံပါတ် ၁ ပုံကို ရွေးခဲ့တယ် ဆိုရင် သင်ဟာ သင့်ကိုယ်သင်ရော သင့်အနားမှာရှိနေတဲ့သူတွေကိုပါ တန်ဖိုးထားတတ်သူ တစ်ယောက်ပါ ။

အကူအညီတောင်းရင် ပေးဖို့ ဝန်မလေးတတ်သူလည်းဖြစ်ပါတယ် ။

တစ်ချို့က သင်က အားနာလွယ်တယ် ။ ကူညီပေးလွယ်လိုက်တာ ၊ စိတ်ပျော့လိုက်တာလို့ ထင်နေပေမဲ့ သူတို့အထင်က မှားယွင်းပါတယ် ။

ဘာလို့လဲဆိုတော့ သင့်ရဲ့ ကူညီဖေးမမှုတွေကြောင့် သင့်ကိုလည်း တကယ်တန်ဖိုးထား ချစ်ခင်ပေးတဲ့ သူငယ်ချင်း အစစ်အမှန်တွေကို ပိုင်ဆိုင်ခဲ့ရလို့ပါပဲ ။

တစ်ခြားသူတွေက သင်နဲ့ရှိနေတဲ့အချိန်တိုင်းကို တန်ဖိုးထားတာကြောင့် သင်ဟာ လူချစ်လူခင်ပေါများတဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ် ။ဟုတ်ရဲ့လား ?

ပုံ ( ၂ ) ။

နံပါတ် ၂ ပုံကို အကြိုက်ဆုံးဆိုရင်တော့ သင်က မှန်လိုကျင့်ကြံသူတစ်ယောက်ဖြစ်ပါတယ် ။

သင်ပေးလိုက်သလို ၊ သင်တန်ဖိုးထားသလို တစ်ခြားသူတွေကလည်း သင့်ကိုပြန်ပေးစေချင်တယ် ။ပြန်တန်ဖိုးထား စေချင်တယ် ။

တစ်ခါတစ်လေ ကိုယ့်ရဲ့ လိုအပ်ချက်တွေ ၊ ကိုယ့်သူငယ်ချင်းတွေရဲ့ လိုအပ်ချက်တွေ မပြည့်စုံမှုတွေကို မြင်နေတွေ့နေရတာက သင့်စိတ်ကို အဆင်မပြေဖြစ်စေတယ် ။

ဒါကြောင့် သင်က သူငယ်ချင်းတွေနဲ့တစ်သားတည်းဖြစ်မနေပဲ အချိန်တော်တော်များများမှာ အထီးကျန်ဆန်နေရသလို ခံစားနေရတတ်ပါတယ် ။

ဒါပေမဲ့ သင်က မြန်မြန်ဆန်ဆန် သင်ယူလေ့လာနိုင်ပြီး တစ်ခြားသူတွေထက် ပိုတော်နေတဲ့ အားသာချက်တစ်ခုတော့ရှိနေပါတယ် ။

ပုံ ( ၃ ) ။

နံပါတ်သုံးကို ရွေးချယ်ထားတယ်ဆိုရင်တော့ သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး အမှီအခိုကင်းကင်းနေတတ်သူ တစ်ယောက်ဖြစ်ပါတယ် ။

တစ်ခြားသူတွေ ဘာပြောပြော သင့်အိပ်မက်နောက်ကိုပဲ တစိုက်မတ်မတ် လိုက်နေတတ်သူပါ ။

ကျရှုံးမှုဆိုတာကို မလိုချင်ပဲ ကျရှုံးခဲ့ရင်တောင် ခပ်မြန်မြန်ပဲ ပြီးပြည့်စုံအောင် ပြန်ဖြည့်ဆည်းတတ်တယ် ။

တစ်ခြားသူတွေက သင့်ကိုသွေးအေးပြီး တစ်ယောက်တည်းနေတတ်သူလို့ ထင်ပေမဲ့ တကယ်တမ်း ရင်းနှီးသွားတဲ့အခါမှသာ သင်က ပွင့်လင်းဖော်ရွေတယ်ဆိုတာ သိနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ် ။

ပုံ ( ၄ ) ။

နံပါတ်လေးကို သင်ကအကြိုက်ဆုံး ဆိုရင်တော့ သင်ဟာ အာရုံစုးစိုက်မှုကောင်းတယ် ။ ဉာဏ်ရွှင်တယ် ။ အလွယ်တကူ အလိမ်ခံရမယ့်လူစားမျိုး မဟုတ်ဘူးလို့ဖော်ပြနေပါတယ် ။

သင့်မှာ မယုံနိုင်စရာကောင်းလောက်တဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးရှိနေပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်း ပြည့်နေသူလည်းဖြစ်ပါတယ် ။

သင့်အနေနဲ့ အမြဲ မှတ်ထားသင့်တာက လူတိုင်းမှာ မတူညီတဲ့ကိုယ်ပိုင်ပုံစံ အရည်အချင်းတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါက သင့်ဘဝကိုပိုပြီးအဓိပ္ပာယ်ရှိ ပျော်ရွှင်စေပါလိမ့်မယ် ။

ပုံ ( ၅ ) ။

နောက်ဆုံး နံပါတ် ၅ ကိုရွေးချယ်ထားတယ်ဆိုရင်တော့ သင်ဟာ ဖန်တီးနိုင်စွမ်းကောင်းပြီး အနုပညာဘက်ကို အားသန်သူတစ်ယောက်ဖြစ်ပါတယ် ။ စိတ်ကူးယဉ်နိုင်စွမ်းမြင့်မားပြီး အထိခိုက်မခံတဲ့နှ

လုံးသားကိုလည်းပိုင်ဆိုင်ထားပါသေးတယ် ။ ဒါပေမဲ့ သင်ဟာ သင့်ရဲ့အရည်အချင်းတွေကို တစ်ခြားသူတွေကို ချပြဖို့တွန့်နေတတ်ပါတယ် ။

ကိုယ်လုပ်လိုက်တဲ့အလုပ်က အောင်မြင်ပါ့မလား ၊ အသိအမှတ်ပြုခံရပါ့မလား ဆိုတဲ့သံသယစိတ် ၊တွေဝေစိတ်တွေဖြစ်နေလို့ပါ ။ သင်လုပ်ရမှာက ကျရှုံးမှာကိုကြောကတဲ့စိတ်ဖယ်လိုက်ပါ ။

သင့်ရဲ့အနုပညာအရည်အချင်းတွေကို တစ်ခြားသူတွေမြင်အောင် မျှဝေလိုက်ပါ ။

တကယ်ပဲ တူညီရဲ့လား ဖြေပေးခဲ့ဦးနော…

No comments:

Post a Comment