အောင်လအန်ဆန်းဟာ ဆိုရင် ကမ္ဘာ့အလည်မှာ မြန်မာကို ဂုဏ်တက်အောင် အမြဲတမ်း ကြိုးစားပေးနေခဲ့သူ တစ်ဦးဖြစ်ပြီး အောင်လအန်ဆန်းကြောင့်လည်း မြန်မာ ဆိုတာကို တစ်ကမ္ဘာလုံးက နိုင်ငံတွေ တော်တော်များများက ချစ်လာ အားပေးလာကြတယ် ဆိုရင်လည်း မမှားပါဘူး။
လက်ဝှေ့ ထိုးသတ်ပွဲတွေ တိုင်းမှာ အောင်လအန်ဆန်းဟာ အမြဲ တမ်းနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနေခဲ့ပြီး သူ အနိုင် ရရှိ တိုင်းမှာလည်း မြန်မာ့ စပါးအုံးမြွေကြီး အဖြစ်
တင်စားပြောဆို ခံရတာနဲ့ အညီ မြန်မာနိုင်ငံအလံကိုပဲ ခြုံပြီး အောင်ပွဲတွေ ခံတတ်သူ ဖြစ်တာကြောင့်လည်း မြန်မာပရိသတ်တွေက အောင်လအန်ဆန်းကို ပိုတိုးပြီး ချစ်ခင် အားပေးကြ တာ ပါ ။
နိုင်ငံဂုဏ်ဆောင် MMA ဖိုက်တာ ဝမ်းချန်ပီယံရှစ် ခါးပတ်နှစ်ခု ပိုင်ရှင် အောင်လအန်ဆန်း ကတော့ သမီးရတနာလေးကို ကောင်းမွန်စ ောမွေးဖွားလာတဲ့ အတွက် ဝမ်းသာ ပီတိဖြစ်နေတဲ့ အကြောင်းကို “ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ် းပါတယ်၊ ချစ်သမီးလေး ဆန့်ဆိုင်းဂရေ့စ်အင်ဆန် ကိုကောင်းမွန် စွာမွေးဖွာ းနိုင်ခဲ့ ပါပြီ ။
သမီးလေးက(၈)ပေါင်နဲ့(၅)အောင်စရှိပြီး ကျန်းကျန်းမာမာနဲ့ ကျွမ်းကျင်တဲ့ဆရာဝန်တွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ရှိနေပါတယ်။ သမီးလေးနဲ့မေမေတို့နှစ်ယောက်စလုံး ကျန်းမာပြီးအားလုံး အဆင်ပြေေ နပါ တယ် ။
သမီးလေးကို ကောင်းမွန် စွာမွေးဖွာ းနိုင်ဖို့ အတွက် ဆုမွန်ကောင်း တောင်းပေးကြတဲ့ သူတွေ ၊ဆုတောင်းကူညီကြတဲ့သူတွေ အားလုံးကို အရမ်းကျေးဇူး တင် ပါတယ်။”
လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။ အောင်လအန်ဆန်းကတော့ ဒုတိယမြောက်ရင်သွေးလေးဖြစ် သမီးလေး ဆန့်ဆိုင်းဂရေ့စ်အင်ဆနရဲ့ ကောင်မွန် စွာမွေးဖွား လာမှုကို ဝမ်းသာပီတိ ဖြစ်နေတာကို သမီးလေးကို ပရိသတ်ကြီးနဲ့ မိတ် ဆက် ပေးတဲ့ ဗီဒီယို ဖိုင်လေးမှာ မြင်တွေ့ရမှ ာ ပ ါနော် ။
No comments:
Post a Comment