Friday, 31 January 2020

မေသန်းနု အမှုအ တွက် လျော်ကြေးငွေ အ ဆင်သင့် ရှာဖွေပြီးပြီဆို တဲ့ စင်ရော်မောင်မောင်

January 31, 2020By adminCelebrity

ကြီး ကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲအကြောင်းကို လူတိုင်း သဘောကျအောင် ချစ်မေတ္တာဖွဲ့တွေ ထည့်ပြီး သတင်းပေါက်အောင် ရေးနေကြပေမဲ့ လက်တွေ့ဘဝရဲ့ အချစ်စစ်ကိုတော့ မီဒီယာတွေက ဥပေက္ခာ ပြုထားကြပါတယ်။ လောကဓံ ရှစ်ပါးနဲ့ ရင်ဆိုင်ရတဲ့ အခါ ဘေးနားမှာ မားမားမတ်မတ် ရပ်တည်ပေးပြီး ကိုယ်ရောစိတ်ပါ ဂရုစိုက်သူကသာ ကိုယ့်အပေါ် အချစ်ရဆုံးသူ ဆိုတာကိုတော့ အားလုံး နားလည်ထားစေချင်ပါတယ်။

အရင်တုန်းက မိသားစု အခြေအနေ ဘယ်လိုပင် ရှိခဲ့ပေမဲ့ သားဖြစ်သူ ခံစားနေရတဲ့ အပူအပင်တွေကို မကြည့်ရက်တော့လို့ မိသားစု ဂုဏ်သိက္ခာအတွက် အစွမ်းကုန် ကြိုးစားနေသူက စင်ရော်မောင်မောင် ဖြစ်ပါတယ်။ မာနတွေ အကုန်ချိုးနှိမ်ပြီး ဇနီးသည် မဆင့် အမှုအတွက် လျော်ကြေးငွေ အကုန် ပေးချေနိုင်အောင် ကြိုးစား ဆောင်ရွက်ပြီး ဖြစ်တဲ့ စင်ရော်မောင်မောင်ရဲ့ ချစ်ခြင်းကိုတော့ ခုလိုမျိုး မြင်တွေ့ရတာ ဖြစ်ပါတယ်။

“အကျပ်အတည်း အခက်အခဲ များ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းနေရသော အချိန်တွင် မိမိ ဘဝ၏ အရေးပါသော မိတ်ဆွေကောင်းများ သည် နွေးထွေးစွာဖြင့် ကြိုဆိုကမ်းလှမ်းခြင်း ၊ စောင့်ရှောက်ပေးခြင်း၊ နူတ်၏ဆောင်ခြင်း စိတ်၏ဆောင်မခြင်းများ ဖြင့် ကူညီခြင်းများရှိပါသည်။ ထို့အပြင် မိမိ၏ မိသားစုအား အထင်အမြင်လွဲခြင်း အတွေ့မခံလိုခြင်း ၊ ရိုးရိုးတန်းတန်း နူတ်ဆက်ခင်မင်နေသည်ကိုလည်း အကူအညီ ပေးရမည် ထင်ပြီး ရှောင်လွှဲခြင်း ဆိုးတူကောင်းဖက်မိတ်ဆွေရင်းများ ထွက်ခွါသွားခြင်း တို့ကိုကြုံခဲ့ရပါသည်။ သို့သော်လည်း ဒါကို မိမိတို့ ၏အတိတ်ကံ ဟုသာမှတ်ယူထားပြီး ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိပါသည်။”
“Media များတွင်ထင်ပေါ်ကျော်ကြားလိုသောသူများကြောင့်လဲ သား၏မိခင်အပေါ် အထင်လွဲ အထင်သေးခြင်းများလဲ ဖြစ်ပေါ်လျက်ရှိပါသည်။ သား၏မိခင်မှာ အမှားကျူးလွန်သည် မှန်သော်လည်း ယခု ဖြစ်ပေါ်နေသော သတင်းများအားလုံး အတိုင်းမဟုတ်ပါ။ အယုံလွယ်ခြင်း၊ စီးပွါးရေး အတွေ့အကြုံ အားနည်းခြင်း၊ လက်မှတ်အလွယ်တကူ ထိုးပေးခြင်း ၊ ၁၀/၂၀/၃၀ တိုးဖြင့်ငွေချေး ယူခြင်း တို့ကို ဆောင်ရွက်ရင်းဖြင့် နွံနစ်သွားခဲ့ခြင်း ဖြစ်ပါသည်။သို့ပါ၍ ခိုင်မာသော ဥပဒေပ ညာ ရှင် များ ဖြင့် အမူအခင်းကို ဖြေရှင်းနေပါသည်။ ရန် ကင်း တ ရား ရုံး တွင် ဖြစ် ပွား ခဲ့ သော အမူ နဲ့ ပတ် သက် ၍ (ပေးလျော် ရန် အ ဆင် သင့် ဖြစ် နေ ပြီ ဖြစ် ပါ သည်)အခြားကိစ္စများကိုလဲ ဥပဒေဘောင်အတွင်းမှ အမြန်ဆုံး စီဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။”
“အကွက်ဆင်၍ မမှန်မကန်သောသက်သေများဖြင့် အမူဖန်တီးလျက်ရှိသော ကိစ္စများကိုလည်း ဥပဒေဘောင်အတွင်းမှ ခုခံကာကွယ်သွားမည် ဖြစ်ပါသည်။ ယခုကိစ္စမှာလဲ မိခင်အတွက် အပူမီးတောက်လောင်နေ သားဖြစ်သူ မင်းသန့်မောင်မောင် ၏ သောက ကို မကြည့်ရက်သဖြင့် ဖခင် တယောက်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာ ကိစ္စမှမပါဝင်ကြောင်းကိုလဲ ရိုးသားစွာဝန်ခံပါသည်။ မဆင့်ကိစ္စတွင် ခံစားခဲ့ရသော နစ်နားသူများကိုလဲ တောင်းပန်ပြီး ဖြစ်ပါတယ်။ကျွန်တော်တတ်နိုင်သလောက် ပစ္စည်းများထုခွဲရောင်းချ၍သော် လည်းကောင်း မိတ်ဆွေအပေါင်းအသင်းများထံမှ အကူအညီ များဖြင့်လည်းကောင်း ၎င်းကိစ္စ များကို ဖြေရှင်းလျက်ရှိပါသည်။ ကျွန်တော် ၊ မင်းသန့်မောင်မောင်နှင့် မဆင့်တို့အပေါ်တွင်လည်း နားလည်ပေးပါရန်လည်း မေတ္တာရပ်ခံပါသည်။”

“အမှားများကိုလဲ အမြန်ဆုံးပြုပြင်နိုင်ပြီး ပြည်သူချစ်သော အနုပညာရှင်တစ်ဦးအဖြစ် ပြန်လည်ထွန်းတောက်လာပါစေကြောင်းမဆင့်အတွက် ကျွန်တော် ဆုမွန်ကောင်းတောင်းလျက် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နေပါတယ် ခင်ဗျာ” ဆိုပြီး ပရိသတ်ကြီးအတွက် ရိုသေလေးစားစွာ စင်ရော်မောင်မောင်က သတင်းကောင်း ပေးထားတာ ဖြစ်ပါတယ်။ပရိသတ်တွေ အနေနဲ့လည်း မဟုတ်မမှန် သတင်းစကားတွေကို မယုံကြည်ဘဲ ကာယကံရှင် မိသားစုရဲ့ သတင်းစကားကိုသာ ဂရုတစိုက် နားထောင်ခြင်းဖြင့် အထင်မြင်တွေ မလွဲစေဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူချစ် အနုပညာရှင်တစ်ယောက် မဆုံးရှုံးရစေဖို့ ဒီပို့စ်လေးကို SHARE ပြီး မေသန်းနုအပေါ် ချစ်ခြင်းတရားကို တူတူ ပြလိုက်ရအောင်။

No comments:

Post a Comment