Wednesday, 1 January 2020

ငွေကြေးမရှိသော်လည်း လှူ ဒါန်းနိုင်သော အလှူ ဒါန(၇)မျိုး


အခါတပါး၌် လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည့်သည့်အရာကိုပဲလုပ်လုပ် မအောင်မမြင် ဖြစ်နေ ပါသည်။

အဘယ်ကြောင့် မအောင်မမြင် ဖြစ်နေပါ သနည်း”ဟု မေးလျှောက်သည်။

ထိုအခါ မြတ်စွာဘုရားက “အသင်သည် အလှူ ဒါန မပြုတက်၍ ဖြစ်သည်”ဟု ဖြေကြားတော် မူသည်။

“ငွေကြေး တစ်ပြားတစ်ချပ်မျှ မရှိသော ဆင်းရဲသား ကျွန်ုပ်အဖို့ မည်ကဲ့သို့ အလှူ ဒါန ပြုနိုင်ပါ မည်နည်း”ဟု လူငယ်က ပြန်လည် လျှောက်တင် သောအခါ

“အသင် ဤသို့မဟုတ်သည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သော သူသည် ငွေကြေး မရှိသော်လည်း သူတစ်ပါးကို ပေးကမ်းနိုင်သော အလှူ ဒါန (၇)မျိူ းရှိသည်”။

ထို(၇)မျိူ းမှာ –

(၁) မျက်နှာ ဟန်အမူအရာဖြင့် အလှူ ဒါနပြုခြင်း

အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံခြင်း။

(၂) နှုတ်ဖြင့် အလှူ ဒါနပြုခြင်း

အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား ညှာတာစကား၊ နွေးထွေးသော စကားများ ပြောဆိုခြင်း။

(၃) စိတ်ဖြင့် အလှူ ဒါနပြုခြင်း

စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း။

(၄) အမြင်ဖြင့် အလှူ ဒါနပြုခြင်း

ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း။

(၅) ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း

ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း။

(၆) နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း

လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ် တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

(၇) နေအိမ် အလှူ ဒါနပြုခြင်း

မိမိ၏ အိမ်နေရာကို သူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူ ဒါန (၇)မျိုးသောကောင်းမှု ကုသိုလ်ကို ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင်

အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည် သာဖြစ်ပါသည်။

ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကြပါစေ။

ခရစ်ဒစ် စာရေးသူ

Upload by May Khin

No comments:

Post a Comment