Wednesday, 29 January 2020

ဟာဝေးကို ဆိုက်ဘာသူလျှိုအဖြစ် ဗြိတိန်ကလည်း သံသယဝင်နေ

5G အပါအဝင် မျိုးဆက်သစ် ဝိုင်ယာလက်စ် လုပ်ငန်းတွေက ထိရှမှုတွေများနိုင်တဲ့ အတွက် တရုတ် ဟာဝေးကုမ္ပဏီ ကို ဗြိတိန် ဆကိသွယ်ရေးကွန်ယက် ကနေ ထုတ်မယ်လို့ ဆိုပါတယ်။

၂၀၁၇ တရုတ် အမျိုးသားထောက်လှမ်းရေး ဥပဒေကြောင့် ဟာဝေးအနေနဲ့ တရုတ်အစိုးရက ခိုင်းစေလာရင် ငြင်းဆန်နိုင်ခွင့်မရှိဘဲ ဆိုက်ဘာ ထောက်လှမ်းရေးကိစ္စ များကို လုပ်ကိုင် လာနိုင်တယ် ဆိုတဲ့

သယ နဲ့ ဗြိတိသျှ အစိုးရက ဟာဝေးကုမ္ပဏီကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ကို ပြုလုပ်နေ ပါတယ်။

အမေရိကန်အစိုးရ နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဟာဝေးကို လုံး၀ ယုံကြည် စိတ်ချစရာ အကြောင်း မရှိဘူးလို့ ဆိုတဲ့ အပြင် ဟာဝေးက တရုတ်အစိုးရရဲ့ လက်ကိုင်တုတ် သက်သက်သာ ဖြစ်တယ် လို့လည်း စွတ်စွဲ ထားပါ တယ်။

နောက်ပြီး ဗြိတိန်က တရုတ် ကုမ္ပဏီနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်မယ် ဆိုရင် အမေရိကန်အနေနဲ့ သူတို့ဆီကို

တရုတ် ထောက်လှမ်းရေးက ဗြိတိန်ကနေ တစ်ဆင့် ထောက်လှမ်း လာနိုင်တဲ့အတွက် ဗြိတိန်ကိုလည်း အဆက်ဖြတ် ပစ်မယ်လို့ ခြိမ်းခြောက်မှု ပြုလုပ် ထားပါ တယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ယူကေအစိုးရက ဟာဝေးကို ဆက်သွယ်ရေး လမ်းကြောင်းပေါ်က အရေးပါတဲ့ အစိတ်အပိုင်းတွေမှာ လုံး၀ မသုံးဖို့ အတွက် ဝန်ကြီးဌာနတွေကို ညွှန်ကြားချက် ပေးတဲ့ အပြင် ကြေညာ ချက်တွေလည်း ထုတ်ပြန် လိုက်ပါတယ်။

ဆက်သွယ်ရေး လုပ်ငန်းတွေရဲ့ အရေးမပါတဲ့ အပိုင်း ၃၅% ကိုသာ လုပ်ကိုင်စေပြီး ပြဿနာဖြစ်နိုင်ချေ များတဲ့အပိုင်းတွေကို လုပ်ငန်းခွင်ထဲမှာ

အထိအတွေ့ အဆက်အဆံမရှိစေရအောင် လုပ်ထားလိုက်ပါတယ်။ ဥရောပက တော့ တရုတ်ပြည် မကြီးပြီး ရင် ဟာဝေးအတွက် အကြီးဆုံး ဈေးကွက် ကြီးဖြစ် ပါတယ်။

လက်ရှိမှာ ယူကေကလွဲလို့ ကျန်ဥရောပ အစိုးရတွေက ဟာဝေးကို ပိတ်ပင်တားဆီးခြင်း နဲ့ သဘောထားပြောင်းလဲခြင်းတွေ မလုပ်သေး ပါဘူး။ အမေရိကန် အစိုးရနဲ့ ဟာဝေးကုမ္ပဏီ ကြားက ပြဿနာက မကြာခင်မှာပဲ ဥရောပ နိုင်ငံတွေ ဆီကို ရိုက်ခတ် လာပါတော့ မယ်။

ဂျာမဏီ ပြင်သစ်လို နိုင်ငံတွေက ပြည်တွင်း ဆင်သွယ်ရေး လမ်းကြောင်းတွေ ကုမ္ပဏီတွေနဲ့ သွားနိုင်ပေမဲ့ စပိန် ပေါ်တူဂီတို့လို့ နိုင်ငံတွေက ဟာဝေးကိုမှီ နေရတာကြောင့် မကြာခင်မှာပဲ ဟာဝေး ဥရောပ အမေရိကန် သုံးပွင့်ဆိုင် ဇာတ်လမ်းကိုတွေ့ မြင်ရတော့ မှာပါ။

မောင်ယဿ REF; euronews

No comments:

Post a Comment