တရုတ်က ဝူဟန်ဗိုင်းရပ်ဆိုပါလား။ မကြောက်ပါနဲ့ ဘယ်လိုတုတ်ကွေး ဗိုင်းရပ်လာမဆို လျော့ပါးသွားအောင် ပြုလုပ်ပေးနိုင်သည်ဆိုတဲ့ ကြက်သွန်နီကို သတိရပါ
အားလုံးသိသွား ရှယ်ပေးပါအုံးနော်….အခုတလော ကြောက်မက်ဖွယ်ရာH5N1.H1N1.နဲ့ ရာသီအလိုက် ဖြစ်တတ်တဲ့ တုတ်ကွေး ဗိုင်းရပ်တွေကို ကြက်သွန်နီကလျော့ပါးသွားအောင် ပြုလုပ်နိုင်တယ်ဆိုတာ ဗဟုသုတ အလို့ငှါ မျှဝေပေးသွားပါမယ် ။
ကြက်သွန်နီ ဥကြီးကို ထိပ်ဖွင့်ပြီးလေးစိပ်ခွဲပါ ။ ပြီးရင် လ္ဘက်စားပုဂံပြား ငယ်မှာ ထည့်ပြီး လူနာရဲ့ ခေါင်းရင်းဘက် တစ်ပေခန့် အကွာမှာ ထားပြီး အိပ်ပါ ။
မနက်မိုးလင်းပါက အဆိုပါကြက်သွန်နီ မှာ တုတ်ကွေး ဗိုင်းရပ်တွေ အများအပြား တွယ်ကပ်နေတာကို အနုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးကြည့်ရင် တွေ့ရမယ်လို့ ပြောပါတယ် ။
ထိုကြက်သွန်ကို မစားပဲ လွှင့်ပစ်ပါ ။ လူနာသက်သာတဲ့ အထိ ညစဉ် ပြုလုပ်ပေး ရမယ်လို့ ဆိုပါတယ် ။
လူနာရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ တုတ်ကွေးဗိုင်းရပ်ဟာ သိသိသာသာ လျော့ပါးသွားစေတယ်လို့ ဆိုပါတယ် ။
ယခု နည်းကို အမေရိကန်ရဲ့ နာမည်ကြီးဆေးရုံ တစ်ခုကနေ မရဘူးဆိုပြီး လက်လျော့ လိုက် ရတဲ့ လူနာကို ဆရာဝန်တစ်ဦးက ကြက်သွန်နီ ကုထုံးနှင့် တွဲဖက်၍ စမ်းသပ် ကုသကြည့်ရာ လုံးဝ
အသက်မသေပဲ ထူးခြားစွာ ရှင်ခဲ့တယ်လို့ ဇီဝက မဂ္ဂဇင်းထဲက ဘာသာပြန် ကျန်းမာရေး ဆောင်းပါး တစ်ပုဒ်မှာ နှစ်အတော်ကြာက ဖတ်ခဲ့ဖူးပါတယ် ။
အတွဲ အမှတ်နဲ့ ဆောင်းပါးရှင်တို့ကိုတော့ မမှတ်မိတော့ပါ ။
စာရေးသူ မိသားစုနှင့် မိတ်ဆွေများ တုတ်ကွေးဖြစ်ပါက ဤနည်းကို သုံးစွဲဖို့ တိုက်တွန်းလေ့ရှိပါတယ် ။
ဘာပဲဖြစ်ဖြစ် လက်ရှိ ဆေးကုသမှု ကိုလည်း အနှောက်အယှက် မပြုသလို လူနာကိုလည်းလုံးဝ ထိခိုက်မှု မရှိလို့ ယခုကဲ့သို့ တုတ်ကွေးရောဂါ စိုးရိမ် နေရသည့်
ကာလတွင် အလွန်လွယ် ကူတဲ့ ကုထုံးကို ခေတ်ပေါ်ဆေးဝါးကုထုံး များနှင့် တွဲဖက်၍ မျှော်လင့်ချက်မဲ့ လူနာများနှင့် တုတ်ကွေ းဝေဒနာရှင်များ စမ်းသပ်သုံးစွဲကြည့်ကြဖို့ စေတနာ များစွာဖြင့် ဝေငှလိုက် ရပါသည် ။
မှတ်ချက် ။ ။ ဗိုင်းရပ်များ ကြက်သွန်နီဥတွင် တကယ်ကပ်ငြိမှု ရှိမရှိ ဓါတ်ခွဲခန်းပညာရှင်များ လက်တွေ့စမ်းသပ်၍ မှန်ကန်မှု ရှိပါက အများပြည် သူများ အတွက် အကျိုးရှိစေရန် နိုင်ငံတော်အဆင့် ထပ်မံ ထုတ်ပြန်သင့်ပါကြောင်း အကြံပြု တင်ပြ အပ် ပါ သည် ။
လေးစားစွာဖြင့် ခရစ်ဒက် ……မြင့်မိုရ်ဦး(လမ်းပြကြယ်စင်)
unicode
No comments:
Post a Comment