Friday, 10 January 2020

တမာရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးနဲ့ အသုံးဝင်ပုံ ဆယ်ချက် နှင့် ဆေးစွမ်းထက်ပုံများ


(၁) Treating Skin Infections အရေပြားနာများ
တမာရွက်ကို နူးသွားအောင်ပြုတ်ပါ။ ပြုတ်ရည်က အစိမ်းရောင် ဖြစ်လာမယ်။ အရွက်တွေ အရောင်ပြောင်း လာမယ်။ ပြုတ်ရေကို ဆေးအဖြစ် လိမ်းပါ။ ရေချိုးရေထဲလဲ ထည့်သုံးပါ။

(၂) Addressing Acne Problems ဝက်ခြံံ
တမာရွက် ပြုတ်ရည်ကို ဂွမ်းစလေးနဲ့ ဝက်ခြံပေါ် လိမ်းပေးပါ။ (တမာ+သခွါးသီး) နဲ့ (တမာ+ရောဂတ်) တွေကို မျက်နှာမှာ ကပ်နိုင် တယ်။

(၃) Used as Skin Toner အရေပြားတင်းဆေး
တမာရွက် ပြုတ်ရည်ကို မျက်နှ ာအရေးအကြောင်းတွေ ထင်နေတာ သက်သာ စေမယ်။ ငယ်ရုပ်ဆင် စေမယ်။ ဝက်ခြံအမာရွတ် ထင်နေတာ သက်သာ စေမယ်။ (တမာ+နှင်းဆီ) ကိုမျက်နှာမှာ ကပ်နိုင် တယ်။ ပြီးရင် မျက်နှာသစ် လိုက်ပါ။

(၄) Remedy for Dry Skin အရေပြားခြောက်နေရင်
တမာမှုံ့ထဲမှာ စပျစ်စေ့ဆီနဲ့ရောပြီး မျက်နှာကို ညီညီညာညာ လိမ်းပါ။ မိနစ် အနည်းငယ် ကြာရင် ရေအေးနဲ့မျက်နှာသစ်ပါ။

(၅) Cure for Skin Pores အရေပြားအပေါက်များ
ဝက်ခြံခေါင်းမဲကနေ ကျန်ရစ်တဲ့ အပေါက်တွေကို သက်သာစေမယ်။ (တမာရွက် + လိမ်မော်ခွံ) ရောထောင်းပါ၊ (ပျားရည် + ရောဂတ် + ပဲပုပ်ဆီ) နဲနဲစီရောပါ၊ တပါတ် ၃ ကြိမ်လိမ်းပါ။ တမာဆီလဲ သုံးနိုင် တယ်။

(၆) Takes care of Hair Troubles ဆံပင်
ပင်ပေါက်သန်စေမယ်။ တမာဆီကို ဘောက်၊ မှိုရောဂါတွေ အတွက် သုံးနိုင် တယ် ။ တမာမှုံ့နဲ့ ရေရောပြီး ခေါင်းလိမ်းပြီး တနာရီစောင့်ပါ၊ နောက် ခေါင်းလျှော် လိုက်ပါ။

Medicinal properties of neem leaves တမာရွက်ရဲ့ ဆေးစွမ်း ဆန်းစစ်ချက်

တမာထဲကဓါတ်ကို Azadirachta indica ခေါ်တယ် ။ Ayurveda အာယုဗေဒဆေး၊ Unani အူနာနီ နဲ့ Homoeopathic medicine ဟိုမီယို ပက်သစ် ဆေးနည် းတွေမှာ သုံးကြတယ်။ cynosure of modern medicine ခေတ်ပေါ်ဆေးနည်ရဲ့ အဓိကသုံးလို ဖြစ်လာနေတယ်။

သူ့ကိုဓါတ်ခွဲရင် ဒြပ်ပေါင်း ၁၄ဝ မကပါတယ်။ တမာရွက်၊ တမာပွင့်၊ တမာစေ့၊ တမာမြစ်၊ တမာသီး၊ တမာခေါက်တွေကို စမ်းတာဖြစ်တယ်။ Inflammation ရောင်ရမ်းဖြစ်စဉ်၊ infections ပိုးဝင်ခြင်း၊ fever ကိုယ်ပူ၊ skin diseases အရေပြားနာတွေနဲ့ dental disorders သွားမကောင် းတာတွေ အတွက် သုံးကြတယ်။

အများဆုံးက တမာရွက်ကို သုံးတယ်။ ဆေးဝါးဗေဒ အရ immunomodulatory ခုခံအား၊ anti-inflammatory ရောင်ရမ်းဖြစ်စဉ်၊ antimalarial ငှက်ဖျား၊ antifungal ဖန်းဂတ်စ်၊ antibacterial ဗက်တီးရီးယား၊

antiviral ဗိုင်းရပ်စ်၊ antimutagenic and anticarcinogenic properties ကင်ဆာ၊ အစွမ်းတွေ အပြင် antiulcer, antioxidant, antihyperglycaemic, အစွမ်းတွေလဲ ရှိ တယ် ။

ဒေါက်တာတင့်ဆွေ

တမာရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးနဲ့ အသုံးဝင်ပုံ ဆယ်ချက်
မြန်မာတို့ရဲ့ထမင်းဝိုင်း မှာ ငါးပိရည်လေးနဲ့ တမာရွက် ပြုတ်အညွှန့်အဖူးတွေ တို့မြှုပ်စားလေ့ရှိပါတယ်။ ဇီးသီးခြောက် လေးတွေနဲ့ ပြုတ်ထားတဲ့အနံ့မွှေး မွှေး၊ ခါးသက်သက် အရသာလေး နဲ့တမာရွက်က ထမင်းမြိန်စေပါ တယ်။ တမာက အရွက်တင် စားလို့ရတာမဟုတ်ဘဲ ကိုင်းရဲ့အရိုးကိုလည်း ဆေးဖော်စပ်တဲ့အထဲ ထည့်တတ်ကြသလို သွားနဲ့ခံတွင်းအတွက် ကောင်းလို့ ဟိုးယခင်ကတည်းက တမာကိုင်းနဲ့ သွားတိုက်တာလည်း ရှိပါတယ်။
တမာရွက်ရဲ့ကျန်းမာရေးအ ကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။

(၁)ကိုယ်အလေးချိန်ကျစေခြင်း
ဝိတ်ချဖို့ အထူးသဖြင့် ဗိုက်အဆီချချင်ရင် တမာပွင့်ဖျော်ရည်ကို နေ့တိုင်းသောက်ပေးလို့ ရပါတယ်။

တမာပွင့်တွေက ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို ဖြိုခွင်းကာ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ကိုရဖို့ အားပေးကူမှာ ဖြစ်ပါတယ်။

(၂)သွေးတွင်းသကြားဓာတ်ထိန်း
တမာရွက်က insulin receptor ရဲ့ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ချဲ့ပေးနိုင်လို့ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။

(၃) ကင်ဆာကုသမှုမှာ ကူညီ
တမာရွက်မှာပါတဲ့ဲ Glyco-protein (NLGP) ပရိုတင်းက အ ကျိတ်ဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးပါတယ်။

(၄)မှိုပိုးကိုသက်သာစေခြင်း
ခြေဖနောင့်ကွဲတာ၊ သန် ကောင်ပိုးဝင်တာနဲ့ တခြား မှိုပိုး ကူးစက်ခံရတာတွေ ဖြစ်ဖူးပါသလား။ တမာရွက်က nimbidol နဲ့ gedunin ပါဝင်မှုကြောင့် မှိုပိုးတွေကို သေစေပါတယ်။ မှိုပိုးကူးစက်ခံရရင် တမာရွက်အနှစ်ကို သုံးနိုင်ပါ တယ်။ ဥပမာ လက်သည်းမှာဖြစ် ရင် တမာဆီကို အဲသည်လက် သည်းပေါ် တစ်နေ့သုံးကြိမ် အနည်းငယ် အစက်ချပေးပါ။

(၅) သန်းသေစေခြင်း
တမာရွက်ဟာ ခေါင်းမှာ သန်းတွယ်ရင်လည်း သန်းကိုသေစေဖို့ အသုံးဝင်ပါသေးတယ်။ တမာရွက်အစိမ်းကို အနည်းငယ်ထောင်းပြီး ရတဲ့အရည်နဲ့ ဆံသားကို လျှော် ပေးပါ။ ပင်စိမ်းရွက် အနည်းငယ်ထည့်ထောင်းလည်းရပါတယ်။

(၆) ခြင်ဆေးအဖြစ်သုံးနိုင်ခြင်း
တမာဆီနဲ့အုန်းဆီကို ဆတူရောပြီး အရေပြားမှာလိမ်းပေးရင် ခြင်မကိုက်ပါဘူးတဲ့။

(၇ )အရေပြားပြဿနာ ကုသနိုင်
အသားအရောင် မညီတာ၊ အ သားခြောက်တာနဲ့ တခြား အရေ ပြားပိုးဝင်ခြင်းပြဿနာတွေအတွက် တမာရွက်က ဖြေရှင်းပေးနိုင် ပါတယ်။ ဘက်တီးရီးယားသေစေ ပြီး မှိုပိုးကို နှိမ်နင်းနိုင်စွမ်းရှိတာကြောင့် ယားယံတာတွေကို သက် သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတဲ့အပြင် သဘာဝ moisturizer နဲ့ toner အဖြစ် စွမ်းဆောင်နိုင်ပါတယ်။ တမာရွက်အစိမ်းကို ရေဆူဆူမှာ ရေနွေး ဖျောရုံလောက် သာပြုတ်ပြီး ပြုတ်ရည်ကို အအေးခံကာ မျက်နှာသန့်စင်ပေးရင် အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။

(၈) အသည်းရောင် ကုသနိုင်
တမာရွက်ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းမှာစုပုံလာမယ့် အဆိပ်အတောက်တွေကို လျော့စေတာကြောင့်ဖြစ်ပါတယ်။

(၉) ခံတွင်းပြဿနာတွေ ကာကွယ်
အိန္ဒိယကျေးလက်မှာဆို သွားတိုက်ဆေးနဲ့ သွားပွတ်တံအစား တမာကိုင်းကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ ပိုးသေစေတဲ့အာနိ သင်ကြောင့် သွားဖုံးရောဂါ၊သွားကိုက်ခြင်း၊ခံတွင်းနံ့ဆိုးခြင်း၊ပါးစပ်အနာဖြစ်ခြင်းတွေအတွက် အသုံး ဝင်လှပါတယ်။ သွားတွေ ဖြူစင် လှပစေဖို့လည်း သဘာဝဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။

(၁၀) ဝမ်းကိုက်ရောဂါကို ကုသနိုင်
တမာရွက်က ပဋိဇီဝဆေးဖက်ဝင် အာနိသင်ကြောင့် amoebiasis ပိုးဝင်တဲ့ ဝမ်းကိုက်ရောဂါကို ကုသနိုင်ပါတယ်။ ကလေးတွေမှာ ဖြစ်ခဲ့ရင် တမာရွက်အဆီအနှစ်ကို ဗိုက်မှာလိမ်းပေးရင် အူရောင်ခြင်း နဲ့ ဗိုက်အောင့်ခြင်းကို သက်သာ စေနိုင်ပါတယ်။

တမာရွက်ခြောက် ကို အမှုန့်ဖြစ်အောင် ထောင်းပြီး နနွင်းမှုန့်နဲ့ ဆတူရောပါ။ မုန် ညင်းဆီထည့်ပြီး အနှစ်ဖြစ်အောင် မွှေပါ။ ရလာတဲ့ဆေးအနှစ်ကို ဗိုက်မှာလိမ်းပေးနိုင်ပါတယ်။


No comments:

Post a Comment