Thursday, 30 January 2020

ဝူဟန်ထူးဆန်းတုတ်ကွေး သတင်းများ

-ချိုင်းနားပရက် ဒေးလီး သတင်းစာထဲမှာ လူတစ်ယောက်က ဝူဟန်မြို့ကနေ သူ့အိမ်ကို ပြန်လာတော့ မိသားစုက သူ့ကို အခန်းထဲ ထည့်ပြီး အခန်းအပြင်ထွက် မရအောင် တံခါးတွေရော ပြူတင်းပေါက်ေ တွကို ပါ
အပြင်ကနေ သစ်သားပြားတွေနဲ့ ရိုက်ပိတ်ပြီး လှောင်ထား လိုက်တယ်တဲ့။ အဲ့ဒီလူက အပြင်ထွက်ခွင့်တောင်းပေမဲ့ တစ်မိသားစုလုံးက လုံး၀ မလွှတ်ပေးဘူးတဲ့။
-ဆင်ချူး နေ့စဉ် သတင်းစာမှာ မလေးရှားက နာမည်ကြီး လက်အိတ် ထုတ်စက်ရုံ ဘီဟာက တစ်ရုတ်နှစ်ကူးမှာ မနားဘဲ ဝူဟန်က ဆေးရုံတွေ အတွက် ဆရာဝန်နဲ့ သူနာပြုတွေသုံးဖို့ အတွက် လက်အိတ်တွေကို ဆက်လက်ထုတ်ပြီး လှူဒါန်းနေတယ်လို့ ဖော်ပြပါ ရှိပါတယ်။
-အိုရီရင့်တယ်နေ့စဉ် သတင်းစာမှာ ဝူဟန်မြို့ ဆေးရုံတွေက ဆရာဝန်တွေနဲ့ သူနာပြုတွေ ဝန်ထမ်းတွေက နေ့မအားညမအား အလုပ်လုပ် ရလွန်းလို့ ပင်ပန်းကာ ကြမ်းပြင်ပေါ်မှာ ဖြစ်သလို အိပ်ရတဲ့ အကြောင်းပါ ရှိပါတယ်။

ဆေးဝန်ထမ်းတွေ ကတော့ တကယ့် သူရဲကောင်းတွေ ပါပဲ။ သူတို့တွေက ကျနော်တို့အတွက် တိုက်ခိုက်ပေးနေကြတယ်။ အလေးပြု ပါတယ်လို့ သတင်းစာကေ ဖာ်ပြခဲ့ ပါတယ်။

-SCMP သတင်းစာမှာ ဟောင်ကောင်က သုတေသီ အုပ်စုက ဝူဟန် ထူးဆန်းတုတ်ကွေး အတွက် ကာကွယ်ဆေးကို တွေ့ရှိပါပြီလို့ ဖော်ပြ ထားပါ တယ်။
ဟောင်ကောင် တက္ကသိုလ်က ပါမောက္ခ ယန်ကွတ်ယန်နဲ့ တပည့်တွေက ကော်ရိုနာ ဗိုင်ရက်ကို သတ်နိုင်မယ့် နည်းတွေ့ပြီး ကာကွယ်ဆေး ကိုလည်း ထုတ်နိုင်တော့မယ်လို့ ဆိုပါတယ် ။

သူတို့က အဲ့ဒိဗိုင်းရက်ကို လိုက်နေတာ ကြာပါပြီ အခု သူတို့ဆေးကို ထွင်ထားပြီး ပါပြီ အခု စပရေး ပုံစံနဲ့ ထုတ်တော့ မှာပါ။

– တရုတ်မှာ masks ဈေးနှုန်းတွေ တက်နေပေမဲ့ အချို့ စတိုးဆိုင်တွေက မက်စ်တွေကို အလကားဝေနေပါတယ် လို့ ဆင်ချူး နေ့စဉ်သတင်းဌာနကဖော်ပြပါတယ်။ အောရိန်း ၂၄နာရီစတိုးဆိုရင် တရက်ကို မက်စ် ၃သောင်းခွဲ အလကားဝေနေပါတယ်။

-မက်စ် ရရှိဖို့ရာအခက်အခဲ ဖြစ်နေတဲ့ နေရာတွေမှာ ဆိုရင် လူတွေက ရေသန့် ဗူးကြီးတွေကိုဖောက်ပြီး ဆောင်း ကြတယ်လို့ ဖော်ပြ ကြပါ တယ်။ ဗူး အပေါ်က အပေါက်ကို အဝတ်စကလေးနဲ့ ပိတ်ပြီး ဗူးကို ဖင်ဖောက်ကာ ခေါင်းစွတ်ပြီး သွားလာကြပါတယ်။

မောင်ယဿ REF: world of buzz

No comments:

Post a Comment