Friday, 31 January 2020

တရုတ်တွေကို ဘာလို့ အဲ့လောက်တောင် အခွင့်ရေးပေးတာလဲလို့ မေးခွန်းထုတ်လာတဲ့ ယုန်လေး


အဆိုတော်တစ်ယောက်ဖြစ်တဲ့ ယုန်လေးဟာ နောက်ပိုင်းမှာ သရုပ်ဆောင်နဲ့ ဒါရိုက်တာအဖြစ် လုပ်ဆောင်ရင်း ပရိသတ် အားပေးမှုကို ရရှိနေသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ရင်းကောင်းပြီး ဘွင်းဘွင်းရှင်းရှင်းသာပြောတတ်တဲ့ ယုန်လေးက သူ့စိတ်ထဲမှာရှိတာကို ဟန်မဆောင်ပဲ ပြောတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ယုန်လေးက လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။
ယုန်လေးက “ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ Save ဖြစ်အောင်နေရာတိုင်း သတိရှိရှိနဲ့ စစ်ဆေးသင့်တာစစ်ဆေး တားသင့်တာတားရတာ. အပိုအလုပ်မှ မဟုတ်တာ။”

“တရုတ်တွေကို ဘာလို့ အဲ့လောက်တွေ အခွင့်ရေးပေးတာလဲ။ တရုတ်ဆိုတာနဲ့ ကျွန်တော်တို့နိုင်ငံထဲက တရုတ်လူမျိုး မြန်မာနိုင်ငံသားတွေကို ပြောချင်းမဟုတ်ပါ ။ ကျွန်တော်လည်း တရုတ်သွေးပါပါတယ် ။”
” ကျွန်တော်တို့ မြန်မာ့နိုင်ငံသားတွေ အကုန်သနားဖို့ကောင်းတယ်။ နိုင်ငံခြားသား ဆို ဟုတ်ဟုတ် မဟုတ်ဟုတ် အထင်ကြီးတယ် ။ ကိုယ့်လူမျိုးထက် ပိုပြီး တလေးတစားဆက်ဆံတယ်။ အဲ့အချက်တွေက အကြီးကျယ်မှားနေတယ် ဆိုတာလေးကို စိတ်ထည့်ထားပြီး ပြင်ဆင်မှ ကျွန်တော်တို့ အကုန်တိုးတက်မှာပါ။ မြန်မာ နိုင်ငံကြီး ကပ်ဘေးမှ ဝေးပါစေ။ အစစအရာရာ အဆင်ပြေပါစေ ။🙏🙏🙏 🇲🇲🇲🇲🇲🇲🙏🙏🙏” ဆိုပြီး ဆုတောင်းထားပါတယ်။
ဝူဟန်ဗိုင်းရပ်စ် သံသယရှိသူတစ်ယောက်ကတော့ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အစစအရာရာ ဂရုစိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

မိုမိုလေး

No comments:

Post a Comment