Thursday, 23 January 2020
သင်တို့နှစ်ယောက် လမ်းခွဲသင့်ပြီဆိုတာ ပြနေတဲ့ အချက်များ… အချစ်ရေး
သင်တို့နှစ်ယောက် လမ်းခွဲသင့်ပြီဆိုတာ ပြနေတဲ့ အချက်များ…
တစ်ခါတစ်လေမှာ ဘယ်လောက်ပဲချစ်ခဲ့ကြတယ်ပြောပြော စိတ်သဘောထား တိုက်ဆိုင်မှုတွေ၊ နားလည်မှုတွေ မရှိတော့ရင် အဲ့ဒီဆက်ဆံရေးကို ဒီနေရာမှာ အခုပဲ ရပ်တန့်လိုက်သင့်ပါပြီ။
ဒီလိုမျိုး မပြေလည်တာတွေကို အတင်းအဆင်ပြေအောင် ကြိုးစားမိတဲ့အခါ နှစ်ယောက်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေပဲ များလာနိုင်ပါတယ်။ အခုဖော်ပြပေးမဲ့အချက်တွေကို သင်တို့နှစ်ယောက်ကြုံနေရပြီဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အခုပဲရပ်တန့်သင့်ပါပြီနော်….
(1) စိတ်သဘောထားချင်း မတိုက်ဆိုင်တော့ဘူး
အရင်ကတော့ ကိုယ်မကြိုက်ပေမယ့် သူကြိုက်တဲ့အတွက် သူစိတ်ချမ်းသာအောင် လိုက်လျောပေးခဲ့ရတဲ့ အချိန်လေးတွေရှိဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ သူ့အကြိုက်၊ကိုယ်အကြိုက်မတူညီတာတွေ များလာပြီး ပြသနာသေးသေးလေးကနေ အကြီးကြီးအထိဖြစ်လာတတ်ပါတယ်။
နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် ညှိမရတော့ပဲလုံးဝကို သဘောထား ကွဲလွဲလာပြီး စိတ်သဘောထားချင်း မတိုက်ဆိုင်တာမျိုးတွေ ကြုံတွေ့နေရပြီဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တစ်ခန်းရပ်ဖို့ အချိန်တန်ပါပြီ ။
(2) ပြသနာတွေ ခဏခဏဖြစ်တတ်တယ်
နှစ်ယောက်သား တွေ့လိုက်တာနဲ့ ပြဿနာတွေတက်ပြီးရန်တွေပဲဖြစ်နေမယ်ဆိုရင်တော့ ဒီဆက်ဆံရေးမှာ ဘယ်သူမှ ပျော်ရွှင်တော့မယ် မထင်ပါဘူး။
တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေပဲ မြင်လာပြီး နားလည်ခွင့်လွှတ်မှုတွေ မရှိတော့ရင် ရှေ့ဆက်မယ့် လမ်းကလည်း အက်ကြောင်းရာတွေနဲ့ မချောမွေ့နိုင်တော့ပါဘူး။ တစ်ချိန်လုံး စိတ်ညစ်စရာတွေနဲ့ ပြည့်နေတဲ့ ဒီဆက်ဆံရေးကို ဒီမှာပဲ ရပ်တန့်လိုက်သင့်ပါပြီ ။
(3) မပျော်ရွှင်တော့ဘူး
ဒီလို ခဏခဏ ပြသနာတွေ၊ ရန်ပွဲတွေနဲ့ စိတ်ညစ်စရာတွေ များလွန်းနေတဲ့ ဆက်ဆံရေးမှာ ဘယ်သူမှ ပျော်ရွှင်နိုင်မယ် မထင်ပါဘူး။ သင်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အချစ်တွေ ရှိချင်လည်း ရှိနေနိုင်သေးပေမယ့် ပြသနာတွေကတော့ ပိုမိုဆိုးဝါးလာနေဆဲပါ။
အချစ်ကို ပြသနာတွေ၊ စိတ်အခန့်မသင့်တာတွေက တဖြည်းဖြည်း ဝါးမျိုသွားပြီး နှစ်ယောက်လုံးက ဘယ်လိုမှ မပျော်ရွှင်နိုင်တော့ပါဘူး …။
(4) တစ်ယောက်အကြောင်း တစ်ယောက် ဂရုမစိုက်တော့ဘူး
အရင်ကတော့ သူဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်သူတွေနဲ့ ရှိတတ်တယ် စသဖြင့် သူ့အကြောင်းအသေးစိတ်ကအစ စိတ်ဝင်တစားရှိခဲ့ပေမယ့် နာကျင်တာတွေအရမ်းများသွားတဲ့အခါမှာ သူ့အကြောင်းတွေကို ထပ်ပြီး စိတ်မဝင်စားတတ်တော့ပါဘူး။
တစ်စုံတစ်ယောက်က သူ့အကြောင်းပြောလာခဲ့ရင်တောင် နားထောင်ရုံပဲနားထောင်ပြီး စိတ်ဝင်တစားမရှိတော့ပါဘူး။
အရမ်းခံစားမနေချင်တော့ လောက်အောင် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်မှုတွေ လျော့နည်းကုန်ရင်တော့ သင်တို့နှစ်ယောက် လမ်းခွဲလိုက်သင့်ပါပြီနော်။ လမ်းခွဲလိုက်ခြင်းကမှ သင်တို့နှစ်ယောက်ကို ပိုပျော်ရွှင်မှုပေးနိုင်မှာပဲ ဖြစ်ပါတယ်နော် …။ ။
Credit Aunty May
Labels:
အချစ်ရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment