Wednesday, 1 January 2020

သွားတိုက်ဆေးဘူး ညှစ်ပုံချင်းမတူလို့ သဘောထားကွဲလွဲရာမှ ကွာရှင်းခဲ့တဲ့လင်မယား

                                             

မလေးရှားနိုင်ငံက ဇနီးမောင်နှံ နှစ်ယောက်ဟာ တစ်ခြားကိစ္စနဲ့ စကားများ ရန်ဖြစ်ခြင်း မပြုရသော်လည်း သွားတိုက်ဆေးဘူး ညှစ်တဲ့ပုံစံချင်း ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အတွက် အခြေအတင် စကားများရာမှ လင်မယား ကွာရှင်းပြတ်စဲသည် အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီသတင်းကို WorldOfBuzz က ဖော်ပြထားတာဖြစ်ပြီး၊ AlinnMyay က ဘာသာပြန်လိုက်တာပါ။ စစ်တမ်းတစ်ခုအရ မလေးရှားမှာ (၂၀၁၇)ခုနှစ်တုန်းက ကွာရှင်းမှု (၄၉၉၆၅)ကြိမ် ရှိခဲ့ပြီး၊ (၂၀၁၆)ခုနှစ်တုန်းကတော့ (၅၁၆၄၂)ကြိမ်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်တမ်းကို HAKAM ကနေ ကောက်ယူခဲ့တာ ဖြစ်ပြီး၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းရဲ့ အဆိုအရ တစ်ချို့သောစုံတွဲတွေမှာ လင်မယားကွဲရခြင်းဟာ သာမန်လူတွေ ကြုံနေကျဖြစ်သော်လည်း၊ ထူးဆန်းသော အကြောင်း မတိုက်ဆိုင်မှု တွေကြောင့် လင်မယား ကွဲရတာမျိုးလည်း ရှိပါသတဲ့။

စုံတွဲတစ်တွဲကတော့ အစပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း သွားတိုက်ဆေးဘူး ညှစ်ရာမှာ သဘောထားကွဲလွဲရာက လင်မယား ကွာရှင်းသည် အထိ ဖြစ်ခဲ့ရတယ်လို့ HAKAM က ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ခင်ပွန်းက သွားတိုက်ဆေးဘူးကို အောက်ကနေ စညှစ်ရတာကို သဘောကျပြီး ဇနီးဖြစ်သူက အလယ်ကနေ ညှစ်ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူတို့လင်မယားဟာ Syariah Court မှာ ကွဲဖို့အထိ လျှောက်လွှာတင်ခဲ့ပါတယ်။

လူကြီးတွေက ကနဦးညှိနှိုင်းမှုတွေ ပြုလုပ်ပေးပေမယ့်၊ နောက်တော့ ထပ်ခါထပ်ခါ အချင်းများနေတာကြောင့် ကွာရှင်းဖို့ခွင့်ပြုလိုက်ပါသတဲ့။

နတ်သူကြီး- AlinnMyay (အလင်းမြေ)

No comments:

Post a Comment