ဆံပင်ရှည်ရှည်လေးနဲ့ မြန်မာဆန်ဆန် ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ကတော့ နေခြည်ရွှန်းလက်ပါ။ နေခြည် လို့လည်း ပရိသတ်တွေက ချစ်စနိုးခေါ်ကြပြီး အသက်ငယ်ငယ်လေးနဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိအောင် ကြိုးစားသူလေးလည် းဖြစ်ပါ တယ် ။
နေခြည်ကိုတော့ ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာ ပရိသတ်တွေ စတင် သတိထားမိ ခဲ့ကြပြီး မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန ဇာတ်လမ်းတွဲ မှာတော့ နှင်းနွေဇာတ်ရုပ် နဲ့ လူသိများ လာခဲ့ ပါတယ်။
တက်သစ်စ တစ်ယောက်ဖြစ်ပေမဲ့ ကြိုးစား အားထုတ်မှု အပိုင်းမှာ ပရိသတ် အသိအမှတ်ပြု ရတဲ့ နေခြည် ကတော့ အခုဆိုရင် ဇာတ်လမ်းတွဲ အသစ်ဖြစ်တဲ့ အခန်းနံပါတ်? မှ ာပါဝင် လာခဲ့ ပါပြီ။
“ စိတ်ကူးယဉ်ထားတဲ့ ပုံစံမျိုးက အပြင်ပိုင်း ပုံစံကတော့ ကိုယ့်ထက် အရပ်ရှည် ရမယ် ဒါပါပဲ။ အဓိက ကတော့ သစ္စာရှိဖို့၊ မိန်းကလေး တစ်ယောက်ကို အော်တာတို့၊ နိုင့်ထက် စီးနင်းလုပ်တဲ့ ယောကျ်ားလေး မဟုတ်ရင် ရပါပြီ။
အိမ်ထောင်ပြုမယ် ဆိုရင်တောင်မှ နောက်ထပ် ၁၀ နှစ်ကျော်ပေါ့ နေခြည့်အသက် ၃၀ လောက်မှ အိမ်ထောင်ပြုဖို့တော့ စဉ်းစား ထားတယ်” လို့ သူက ဆိုပါတယ်။
နေခြည်ရွှန်းလက်က အလုပ်တွေ ကြိုးစား နေရတာ ဖြစ်လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားတော့ ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အပျိုကြီးလုပ်မှာတော့ မဟုတ်ဘူးလို့ သူပြောပါတယ်။
“ အခုတော့ ချစ်သူ မရှိ သေးပါဘူး။ ညီမ ပုံစံကလည်း အပျိုကြီး တစ်ယောက်လိုပဲ နည်းနည်း ဇီဇာကြောင်တယ်။ အပျိုကြီးတော့ မဖြစ်ချင်ဘူး သရဲကြောက်လို့။ အသက်ကြီး လာရင် အိမ်မှာ တစ်ယောက်တည်း နေနေရမှာလေ။
ဆေးပေး မီးယူပေါ့ တကယ်လို့ ချစ်သူ ရှိလာ ရင်လည်း လက်ထပ် မယ်၊ မရှိဘူး ဆိုရင်တော့ ကိုယ့်ရဲ့ ပရိသတ်တွေ၊ ကိုယ့်ရဲ့ အနုပညာ အလုပ်တွေ လုပ်ရင်းနဲ့ ပဲ ဖြတ်သန်းသွား ရမှာပေါ့” ဆိုပြီးတော့ သဘောကျ ရယ်မောရင်း ပြောပြ လာပါ တယ်။
No comments:
Post a Comment