Monday, 13 January 2020

အာသီးရောင်လည်ချောင်းနာသူများအတွက် နာရီပိုင်းအတွင်း ပျောက်အောင်လုပ်မယ်


ဒီတစ်ခါ အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာာ ပျောက်ကင်းစေမည့်သဘာဝ ဆေးနည်းတွေကို ဖော်ပြပေး ပါ့မယ်။ အာသီးရောင်ခြင်းကို (Tonsillitis)လို့ခေါ်ဆို ပါတယ်။

ဘာ့ကြောင့် အာသီးရောင်ပြီး လည်ချောင်း နာရသလဲ ဆိုတော့က ဆောင်းကုန်နွေကူးပြီး နွေအခါရောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်အတွင်း အပူဓာတ်များလွန်ကဲပြီး အာသီးရောင်၍ လည်ချောင်းနာ တတ်ပါတယ်။

ရေများမျာ းသောက်ပါ။ ဝမ်းမချုပ်ါစေနှင့် အသီးအနှံ များများ စားသုံ းပေးပါ။ အာသီးရောင်တဲ့ လက္ခဏာဟာ အစားအစာမျာ းမြိုချပါက လည်ချောင်း အတွင်း ခံစားရခက် အောင်နာကျင် ပါတယ်။

ဒီလို ဖြစ်နေပြီဆိုတာနဲ့ ပထမအဦးဆုံး ရေနွေးဖြူထဲသို့ိအိမ်သုံး ဆားတစ်ဇွန်းခန့်ထည့်၍ ရောမွှေပြီး၎င်းဆားရည်(Salt water) ဖြင့် ခေါင်းမော့၍ အာခေါင်အတွင်းရောက်အောင် ပလုပ် ကျင်းပေးပါ။

ဒုတိယ နည်းတစ်မျိုးကတော့ သဘောၤသီး နုနုထွတ်ထွတ် တစ်လုံံးကို အပင်မှခူးဆွတ်၍ ရေသန့်စင်အောင်ဆေးကြောပြီး အလုံးလိုက် ကြေညှက်အောင် ဝါးစားပြီး မြိုချ လိုက်ပါ။

အထက်ပါ ဖော်ပြထားတဲ့ (၂) ချက်ကို ချက်ချင်း ပြုလုပ်ပါ။

တတိယ နောက်ဆုံးနည်း ကတော့ (ပျားရည်စစ်စစ်ဂျင်း(ချင်း)နှင့် သံပရာသီး(သို့) ရှောက်သီး)

ဂျင်းကိုပါးပါး လှပ်လှပ်လှီးပါ သံပရားသီးကို အစေ့အခွံပါအောင် ကွင်းလှီးပါ။ ဤ (၂) မျိုးကို သန့်စင်သောပုလင်းဗူးထဲ၌ ရောထည့်၍ ပျားရည်စစ်စစ်ကို ဂျင်းအဖတ် သံပရာသီး အဖတ်မြုပ်အောင် ထည့်၍ တစ်ပတ်ခန့်ကြာအောင် လေလုံအောင် အဖုံးပိတ် ထားလိုက်ပါ။

တစ်ပတ်ခန့်ကြာသော် ၎င်းအဖတ်များနှင့် ပျားရည်ကို နေ့/ညပုံမှန် စားသုံးပေးခြင်းဖြင့် ်(Tonsillitis) လို့ခေါ်တဲ့ အာသီးရောင် ရောဂါကို လုံးဝအရှင်း ပျောက်ကင်းစေ ပါသည် ။ ခဏ ခဏဖြစ်တတ်သူတွေကဒီဆေးနည်းအတိုင်း ဖော်စပ်ထားပြီး အိမ်မှာ ဆောင်ထား သင့်ပါ တယ် ။

No comments:

Post a Comment