
(၁)..မိန်းခလေး တစ်ယောက်က သိပ်ချော သိပ်လှစရာမလိုဘူး ။ လူကြားသူကြားထဲ ခေါ်ထွက်လို့ ရပြီးအိမ် အပြန် ခေါ် ပြန်လာလို့ ရရင် ရပါပြီ ။
(၂)..ဖြစ်ခဲ့ ဖူးတဲ့ အတိတ် ကို ငါမမေးဘူး ။ ဒါပေမဲ့ ငါနဲ့တွေ့ပြီးတဲ့ နှောက် ငါ့တစ်ယောက်ထဲ ကိုဘဲ…ကောင်းကောင်း ချစ်ရင် ရပါပြီ ။
(၃ )..အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုကို ရှာနိုင်ပါ….တယ် မလုပ်ချင်ရင် အိမ်မှာပဲ အိမ်ရှင်မ အဖြစ်ပီပီသသနေ ။ နင့်ကို ငါယူရဲရင် နင့်ကို ကျွေးနိုင်တဲ့ အား ငါ့မှာ ရှိတယ် ။
(၄)..တစ်ခြားလူလောက် ငါ ချမ်းသာ ချင်မှ ချမ်းသာမယ် ။ ဒါပေမယ့် တစ်ခြားလူ နှင့်ကိုပေးနိုင်တဲ့အရာ ငါလည်း ပေးနိုင်ပါတယ် ။
(၅)..နင့်အနားမှာ ငါနေ့တိုင်း အဖော် ပြုနိုင် ချင်မှ ပြုနိုင်မယ် ။ ဒီအိမ် အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ် ။ ဒါပေမယ့် ငါ ဖုန်းဘယ်တော့မှ ပိတ်မထားဘူး ။ ဘယ်အချိန်ဖြစ်ဖြစ် ငါ့ ကို နင်ရှာတွေ့ နိုင်..စေရမယ် ။
(၆)..သူငယ်ချင်း တစ်သိုက်နှင့် ငါထွက်သောက်ဖြစ်တဲ့ခါတိုင်း နင့်ကိုငါ ခေါ်သွားမှာ မဟုတ်ဘူး ။ ဒါပေမဲ့ခမ်းခမ်းနားနား ကျင်းပတဲ့ ပွဲမှန်သမျှ နင့်ကိုငါဂုဏ်ရှိရှိ တွဲခေါ်ပြီး လူတွေနဲ့ မိတ်ဆက်ပေးလို့ရတယ်။
(၇)..တချို့ကပြောတယ် မိန်းမယူတာ ထမင်းချက် အဝတ်လျှော် ၊ ကလေးထိန်းဖို့တဲ့ ၊ ငါတော့ ဒီလိုမထင်ဘူး ။ အိမ်မှု့ကိစ္စတွေကို ငါခွဲဝေ ကူလုပ်ပေးနိုင်တယ် ။ ဒါပေမဲ့ ငါလုပ်တယ်ဆိုပြီး နင်မလုပ်….တော့တာကိုတော့ မဖြစ်ပါစေနဲ့ ။
(၈)..ဝမ်းနည်းတဲ့ ဘယ်လို ကိစ္စမျိုးမဆို ငါ့ကိုနင်ပြောပါငါ့ရဲ့ ခိုင်ခံ့ တဲ့ ပုခုံးနဲ့ နင့်ကိုငါ အမှီပေးပါ့မယ် ။
(၉)..ငါ့ဘဝမှာ ယောကျာ်း မာန်ဆိုတာရှိပါတယ် ။ အ…ပြင်မှာ ငါ့မိတ်ဆွေ သူငယ်ချင်းတွေ ရှေ့မှာ ငါ့ကိုမျက်နှာသာ ပေးဖို့ မမေ့ပါနဲ့ ။ အိမ်မှာငါနင့်ကို ….မျက်နှာသာ ပေးထားပါတယ် ။
(၁၀)..နင်အရမ်းရင်ကျက်ဖို့ ငါ မလိုဘူး ။ရင့်ကျက်တဲ့မိန်းကလေး တစ်ယောက်က အရမ်းမောရတတ်တယ် ။ ငါ့ကိုနင်ချွဲနွဲ့ လို့ရတယ် ။ နင့်ကိုကရု….စိုက် ကာကွယ်တာက ငါ့ရဲ့ တစ်သက်သာတာဝန်တွေပါ ။
(၁၁)..တစ်ချိန်ချိန် မှာငါ ပိုက်ဆံမရှိတော့သွားတဲ့အခါငါ့ရဲ့ အရည် အချင်းကို နင်အကဲမဖြတ်ပါနဲ့ ။ဘဝဆိုတာ ဗုံလုံတစ်လှည့် ၊ ငါးဖျန် တစ်လှည့်ပါ ပဲ..ငါတို့ဖြတ်သန်းနေတာက နေ့ရက်တွေကိုပါ ။ ငွေကြေးကို ဖြတ်သန်းနေခြင်းမဟုတ်ရပါ ။
မိန်းကလေး တွေလိုချင်တာလည်း သိပ်မများပါဘူး။ယောကျာ်းလေးတွေ လိုချင်တာလည်း သိပ်မများပါဘူး။လိုချင်တာချင်း တူချင်မှ တူလိမ့်မယ် ဆိုပေမဲ့ ချစ်ခြင်းမေတ္တာ အတွန့်ရှည်ဖို့ ၊ တည်တံ့ ခိုင်မြဲဖို့ ၊သာယာချမ်းမြေ့ဖို့ ၊ အချင်းချင်းနားလည်မှု့ရယူနိုင်ဖို့ကြတော့ တူကြပါလိမ့်မယ် ။
တစ်ချို့ကတော့ ပြောတယ်……
မိန်းမ က…..ရေ ၊ ယောကျာ်းက…..ရွံ့ပါတဲ့ ။ အိမ်ထောင် တစ်ခု ၊ မိသားစုတစ်ခုရဲ့ ၊ လှပပြီး ပြည့်စုံတဲ့ပုံသဏ္ဍန်ကို ဖော်နိုင်ဖို့ ရွံ့ နဲ့ ရေ ပေါင်းစပ်မှု့ ပေါ်မှာ မှုတည် သတဲ့ ။
ရွံ့ များရင် လိုချင်တဲ့ ပုံသဏ္ဍန် ကို လုပ်လို့မရနိုင်ဘူး ။ ရေများနေရင်လည်းရွံ့က ပျော့ကုန်တယ် ။ ရွံ့ နဲ့ ရေ ကိုအချိုးကြပေါင်းစပ်မှ လှပတဲ့ ပုံသဏ္ဍန်တစ်ခုကိုထုဆစ်..နိုင်မှာပါ ။
No comments:
Post a Comment