ကျွန်းကြီး { ၄ } ကျွန်း အကြောင်း အသေးစိတ် ဖော်ပြချက်များ
လူဘုံ { မနုဿဘုံ } တွင်
ကျွန်းကြီး { ၄ } ကျွန်း ရှိသည်။
ကျွန်းကြီး { ၄ } ကျွန်းတွင် တစ်ကျွန်းစီ ၌ ကျွန်းငယ်ပေါင်း { ၅၀၀ } စီ ရံထားလေသည်။
ထို့ကြောင့် ကျွန်းငယ် { ၂၀၀၀ } ရှိသည် ။
ကျွန်းကြီး { ၄ } ကျွန်း ၊ ကျွန်းငယ် { ၂၀၀၀ } ရှိသော မနုဿ တို့၏ နေရာကို လူ့ဘုံ ဟု ခေါ်သည် ။
ကျွန်းကြီး { ၄ } ကျွန်း
၁။ ပုဗ္ဗ ဝိဒေဟ – အရှေ့ကျွန်း
၂။ အပရ ဂေါယာန – အနောက်ကျွန်း
၃။ ဥတ္တရ ကုရု – မြောက်ကျွန်း
၄။ ဇမ္ဗူ ဒီပ – တောင်ကျွန်း
၁။ ပုဗ္ဗ ဝိဒေဟ ခေါ်- အရှေ့ကျွန်း
အရှေ့ကျွန်း၏ အကျယ် အဝန်းသည် ယူဇနာ { ၇၀၀၀ } ရှိသည်။
အရှေ့ကျွန်း၏ ပုံ သဏ္ဍာန်သည် လထက်ဝက် ခြမ်း နှင့် တူသည်။
ထို ကျွန်းနေ လူတို့၏ မျက်နှာ သဏ္ဍာန် မှာလည်း ကျွန်း သဏ္ဍာန် ကဲ့သို့ လထက်ဝက်ခြမ်း သဏ္ဍာန် ဖြစ်သည်။
အရှေ့ကျွန်း၏ ကျွန်းဦး ကျွန်းထိပ်တွင် { ၁ } ယူဇနာ အမြင့်ရှိသော ကုက္ကိုပင် ရှိသည်။
အရှေ့ ကျွန်း သူ/ သားများသည် ကုန်ရောင်း ကုန်ဝယ် စသော ပညာနှင့် အသက်မွေး လုပ်ကိုင်ရသည့် အလုပ်ကို လုပ်ကိုင်ကြသည်။
အသက် { ၇၀၀ } ရှည်ကြသည် ။
အပရ ဂေါယာန ခေါ် အနောက်ကျွန်း
အနောက်ကျွန်း၏ အကျယ် အဝန်းသည် ယူဇနာ { ၇၀၀၀ } ရှည်ကြသည်။
အနောက်ကျွန်း၏ပုံ သဏ္ဍာန်သည် လပြည့်ဝန်းနှင့်တူသည် ။
ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဍာန်မှာ လည်း ကျွန်း သဏ္ဍာန်ကဲ့သို့ လပြည့်ဝန်း သဏ္ဍာန် ဖြစ်သည်။
အနောက်ကျွန်း၏ ကျွန်းဦး ကျွန်းထိပ်တွင် { ၁ } ယူဇနာ အမြင့်ရှိသော ထိန်ပင် ရှိသည် ။
အနောက်ကျွန်းသူ / သားများသည် နွား ယာဉ်ကို စီး၍ သွားလာနေထိုင်တတ်သည် အသက် { ၅၀၀ } ရှည်ကြသည်
ဥတ္တရ ကုရု ခေါ် မြောက်ကျွန်း
မြောက်ကျွန်း၏ အကျယ် အဝန်းသည် ယူဇနာ { ၈၀၀၀ } ရှိသည် ။
မြောက်ကျွန်း၏ ပုံသဏ္ဍာန်သည် အင်းပျဉ်မှန် နှင့် တူသည် ။
ထိုကျွန်းနေ လူတို့၏ မျက်နှာ သဏ္ဍာန်မှာလည်း ကျွန်းသဏ္ဍာန် ကဲ့သို့ အင်းပျဉ် မှန်နှင့်တူသည်။
မြောက်ကျွန်း၏ ကျွန်းဦး ကျွန်းထိပ်တွင် အမြင့် ယူဇနာ { ၁၀၀ } ရှိသော ပဒေသာပင် ရှိသည် ။
မြောက်ကျွန်းသူ / သားများသည် အလိုရှိရာကို ပဒေသာပင် မှ ဆွတ်ယူ စားသောက်ပြီး ချမ်းချမ်း သာသာ နေထိုင်ကြရသည်။
အသက် { ၁၀၀၀ } ရှည်ကြသည် ။ မြောက်ကျွန်းသူ / သားမျာသည် ဥပစ္ဆေဒက ကံနှင့် သေခြင်း မျိုး မရှိပေ ။
အခက် အလက် စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသောသစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။
မြောက်ကျွန်းသူ / သားများသည် ထို သစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု၍ နေထိုင်ကြသည်။
အိပ်လိုသည့်အခါ အိပ်ရာများသည် အဆင်သင့် ဖြစ်နေ၏။
ကြာမျိုး ငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။
မြောက်ကျွန်းသူ / သားများသည် အရပ် မမြင့်လွန်း မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစား ရှိသည်။
အို မင်းခြင်း ဆံ ဖြူခြင်း ပါးရေတွန့်ခြင်း အားအင် ဆုတ်ယုတ်ခြင်း မရှိအမြဲ တင့်တယ် နေသည်။
မြောက်ကျွန်းတွင်
အေးခြင်း၊ ပူခြင်း ၊မှတ်၊ ခြင်၊ လေ၊ နေပူ၊ ကင်း ၊သန်း ၊ သားရဲတိရစ္ဆာန် စသော အနှောက် အရှက် ဘေးရန် လုံးဝ မရှိပေ။
အမြဲတန်း ရာသီဥတု မျှတ နေသည် ~မြောက်ကျွန်းသူ /သားများသည် လယ်ယာ လုပ်ကိုင် ရခြင်း မရှိပေ။
မြေ၌ အလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေး ဆန် ကို အိုးတွင်ထည့် ၍ မီးကျီး အခိုး မထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည် ။
ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက် လုပ်၍ သလေးဆန် ထည့်ထားသော ရွှေခွက်ကို တည်သည်။ မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထ တောက်နေသည် သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။
တစ်ခြား ဟင်းလျှာများကို မစားကြပေ မိမိ လိုလား တောင်းတသည့် အတိုင်း အရသာ ဖြစ်လာကြသည်။
ထို ဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာ ရောဂါ လုံးဝ ကင်းရှင်းသည် ။ မြောက်ကျွန်းသူ / သားများသည် ခါးကုန်ခြင်း ခြေ လက် ကောက်ခြင်း ခွင်ခြင်းကိုယ် အင်္ဂါ ချို့တဲ့သည်များ လုံး ဝ မရှိပေ။
မြောက်ကျွန်းသူ / သားများသည် တင့် တယ် လျှောက် ပတ် သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။
🔸မြောက်ကျွန်းသူ မိန်းမများသည်
လက်ချောင်း သွယ်သည် ။ လက်သည်း နီသည် ။ ရင်သားရှည်ပြီး ခါးသေးသည် ။ လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။
မျက်လုံး ကျယ်သည်
နူးညံ့သော အသားအရေ ရှိသည်
ပေါင်တံ သွယ်သည်
ဖြူစင်သော သွားများ ရှိသည်
ချက် ကျ စောက်နက်သည်
ဒူးဆစ် သေးသွယ်သည်
ဆံပင် နက်သည်
တင်ပါး ကျယ်သည်
အမွှေး အမျှင်မထူ မပါး ရှိသည်
စကားပြောလျှင် သိမ်သိမ် မွေ့မွေ့ ပြောဆို၏
လက်ဝတ်တန်ဆာ အမျိုးမျိုး ဝတ်ဆင်တတ်သည်
အသက် { ၁၆ } အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောကျ်ားများသည် အသက် { ၂၅ } နှစ် အရွယ်ကဲ့သို့အမြဲ တင့်တယ် နေသည်။
ယောကျ်ားများသည် သားမယားအပေါ် စွဲစွဲ လမ်းလမ်း ချစ်ချစ် ခင်ခင် မရှိကြ။
မြောက်ကျွန်းသူ ယောကျ်ား မိန်းမများသည်{ ၇ } ရက် တစ်ကြိမ် ကာမဂုဏ်မွေ့လျော်ကြသည် ။ ကျန်ရက်များတွင် ရာဂ ကင်းစွာ နေထိုင်ကြသည်။
မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း သားဖွားခြင်း စသော ဒုက္ခ များ မရှိကြပေ။
သစ်တိုင်းနီ အတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ဝမ်းပိုက်မှ ကလေးငယ်သည် အညစ် အကြေး မရှိ ထွက်လာကြသည်။
အမျိုးသမီးများ မွေးဖွားချိန် ကျသည့်အခါ ရောက်သည့် နေရာ၌ မွေးဖွားတတ်သည်။
မွေးဖွားသည့်အခါ ထိုင်၍ မွေးဖွားသည်အိပ်၍လဲ မွေးဖွားတတ်သည်။
မိခင်များသည်ဖွားမြင်ပြီး သားသမီးများကို အငဲ့အကွက် မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့ သွားလိုရာကို သွားကြသည်။
ထိုကလေးငယ်များကို တွေ့သည့် ယောကျ်ား မိန်းမများက မိမိတို့၏လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ထည့်လိုက်လျှင် နို့ထွက်လာသည်။
လက်ညှိုးက ထွက်လာသော နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည် ။
မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ ယောကျ်ားကလေးဖြစ်လျှင် ယောကျ်ားကြီးများဆီ သွားရောက် နေထိုင်ကြရသည်။
မြောက်ကျွန်းတွင်
သားက အမေကိုမသိ ၊ အမေက သားကိုမသိ ၊ သားနှင့်အမေသည် ယောကျ်ား မိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။
ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်း သတ္တိကြောင့် ဖြစ်သည် အမြင့်ယူဇနာ { ၁၀၀ } ရှိသော ပဒေသာပင်များ သည် နေရာတိုင်းလိုလို ရှိနေကြသည် ။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အဝတ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။
လိုချင်သော ပစ္စည်းကို အပင်ရင်းကဖြစ်စေ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင်အလို အလျှောက် ရသည်။
အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန်ကောင်းမွန်သော အသီးများ သီးသည် ။ထိုအသီးများကိုစားလျှင် { ၇ } ရက် အဆာပြေသည်။
မြစ်များတွင် အလွန်ကြည်လင်သော ရေများရှိသည်။ ရွံ့ ညွံ သဲ လုံးဝ မရှိ ။
ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲတင့်တယ် လှပနေသည်။
ဆူးရှိသောမြက် ကြမ်းတမ်းသော ချုံပင်များ လုံဝမရှိပေ။
မြောက်ကျွန်းတွင်
စန္ဒကူး ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။
မြောက်ကျွန်းသူ /သားများသည်ကိုယ့်ဟာ ၊ သူ့ဟာ ခွဲခြားမှု မရှိကြ ။
ထို့ကြောင့်
ငြင်းခုံ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။
မြောက်ကျွန်းသူ / သားများသည် လူသေကို တွေ့လျှင် မငိုကြ သောက မဖြစ်ကြ။
လူသေကောင်ကို အဝတ်တန်ဆာ ဆင်ယင်ပြီးစွန့်ပစ်လိုက်ကြသည်။
ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင်သွားကြသည်။
ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်းမရှိပေ ။
မြောက်ကျွန်းသူ / သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်။ ငါးပါး သီလမြဲသောကြောင့် နတ်ပြည်၌သာ စံရသည် ။ အမြဲတမ်း အသက် { ၁၀၀၀ } ပြည့်အောင် နေကြရသည်။
မြောက်ကျွန်းသူ /သားများသည် ဇမ္ဗူ ဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ် { ၃ } ပါး ရှိသည်။
၁။ မြောက်ကျွန်းသူ /သားများသည် ငါ့ရွှေ ငါ့ငွေရယ်ဟုမြတ်နိုးမနေပေ။
၂။ မြောက်ကျွန်းသူ / သားများသည် ငါ့လင် ငါ့သား ငါ့မယား ယူ၍ သိမ်းဆည်း မနေပေ ။
၃။ မြောက်ကျွန်းသူ/သားများသည် အသက် { ၁၀၀၀ } အမြဲ နေကြ သည် ။
ဇမ္ဗူ ဒီပ ခေါ် တောင်ကျွန်း
တောင်ကျွန်း၏ အကျယ် အဝန်းသည် ယူဇနာ { ၁၀၀၀၀ } ရှိသည်။
တောင်ကျွန်း၏ ပုံသဏ္ဍာန်သည် လှည်းဦးဆုံနှင့် တူသည်။
ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဍာန်မှာလည်း ကျွန်းသဏ္ဍာန်ကဲ့သို့ လှည်းဦးဆုံနှင့် တူသည် ။
တောင်ကျွန်း၏ မြောက်ဘက် ကျွန်းဦးတွင် အမြင့် { ၁၅ } ယူဇနာရှိသော သပြေပင် ရှိသည် ။ တောင်ကျွန်းသူ / သားများ၏ သက်တမ်းသည် အမြဲ မရှိပေ။
ဇမ္ဗူ ဒီပ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား ပစ္စေက ဗုဒ္ဓါ စင်္ကြာမင်းများ ဖြစ်တတ် ကြသည်။
ဇမ္ဗူ ဒီပ တောင်ကျွန်းသားများ သည် မြောက်ကျွန်းသူ / သားများထက် လွန်မြတ်သော ဂုဏ် { ၃ } ပါး ရှိသည်။
၁။ ဒါနစသော ကုသိုလ်ကောင်းမှု ပြုလုပ်ရာမှာ ရဲရင့်သည် ။
၂။ အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်။
၃။ အရိယာ မဂ် ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။
တစ်ခြားကျွန်းထက် တောင်ကျွန်း၏ ထူးမြတ်ခြင်းကြီး { ၅ } ပါး ရှိသည် ။
၁။ ယူဇနာ { ၁၀၀၀၀ } ကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း
၂။မဟာဗောဓိပင်မင်းနှင့်အပရာဇိတပလ္လင်တော်ေ ပါ် ပေါက်ရာဖြစ်ခြင်း။
၃။ဘုရား ပစ္စေကဗုဒ္ဓါ တို့၏ပွင့်ထွန်း ပေါ်ပေါက်ရာ ဖြစ်ခြင်း။
၄။စင်္ကြာမင်း မန္ဓာတ် မင်းမြတ်တို့၏ ဖြစ်ပေါ်ရာဖြစ်ခြင်း။
၅။ နိဗ္ဗာန်သို့ ဖြောင့်တန်းစွာ ကူးနိုင်ရာ ကျွန်းမြတ်ဖြစ်ခြင်း။
~မွေးဖွားပုံ { ၄ } မျိုး
၁။ ဂဗ္ဘသေယ်က ပဋိသန္ဓေ
လူတို့သည် ပုံမှန်အားဖြင့် ဂဗ္ဘသေယျက ပဋိသန္ဓေတည်၍ မွေးဖွားကြသည် အမိဝမ်းတွင်၌ တည်၍ မွေးဖွားကြသည်။
၂။ ဥပပတ် ပဋိသန္ဓေ
ကမ္ဘာဦးအခါက ဥပပတ် ပဋိသန္ဓေနဲ့ လူလာဖြစ်ကြသည်။ သစ်ပင် ကြာတိုက်စသော စိမ်းစိုသည့် အရာဝတ္ထ ုတစ်ခုခုကို မှီပြီး လူဖြစ် သည်။ { လူဖြစ်သည့်အရွယ်မှာ { ၁၆ } နှစ်ဖြစ်၍ တဖြေး ဖြေး ကြီးပြင်းလာသည် }
ကမ္ဘာဦးအခါက လူသားများနှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများဖြစ်သည်။
၃။ သံသေဒဇ ပဋိသန္ဓေ
သစ်ပင် ကြာတိုက်စသော စိမ်းစိုသည့်အရာဝတ္ထ ုတစ်ခုခုကို မှီပြီး လူဖြစ်သည်။ { ကလေးဘဝမှစ၍ တဖြေးဖြေး ကြီးပြင်းလာသည် }
လူ့ဘုံတွင်သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူအတော်များများ ရှိသည် ။ ပဒုမဝတီမိဖုရား ပဒုမဝတီ၏သား { ၄၉၉ } ယောက်။
အာကင်္ခ မင်းသမီး ပေါက္ခရ သာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။
၄။ အဏ္ဍဇ ပဋိသန္ဓေ
တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်း ဖြစ်သည် လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေတည်ခြင်း အလွန်းရှားသည်။
သေဆုံးပုံ { ၄ } မျိုး
မွေးလာပြီးလျှင် အကြောင်း {၄ } ချက်နဲ့ သေကြရသည်။
၁။ အာယုက္ခ အသက်တမ်းကုန်၍ သေခြင်း
၂။ ကမ္မက္ခယ ကံကုန်၍ သေခြင်း
၃။ ဥဘယက္ခယ အသက် ကံ { ၂ } ပါး ကုန်၍ သေခြင်း
၄ ။ဥပစ္ဆေဒက အသက်တမ်းနှင့်ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံက ဖြတ်သတ်၍ သေခြင်း
ကျမ်းကိုး
နဝ အင်္ဂုတ္တရ အဌကထာ
နဝ အင်္ဂုတ္တရ ပါဠိတော်
မောင်ဝိဇ္ဇာ ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း
တက္ကသိုလ် ရှင်သီရိ နတ်ပြည်ရောက် လူသားတို့၏ဘဝအတွေ့အကြုံ
ဦးနန္ဒ { ဝိဇ္ဇာဂုဏ်ထူး }ဘုံဘဝ ပုံပြတရားတော်
ဦးမြတ်ကျော် { မြန်မာစာကော်မရှင်} ၃၁ ဘုံ ခရီးသည်
သာယာချမ်းမြေ့ကြပါစေ
Credit –မူရင်ရေးသားသူ
No comments:
Post a Comment