Friday, 31 January 2020

မေသ က်ထားဆွေကိုယ် တိုင် စိတ်မကောင်းဖြစ်ခဲ့ရ တဲ့ မျက်မမြင်အနု ပညာရှင် ၂ ဦးရဲ့ တောင်းဆိုမှုတစ်ခု

January 31, 2020By adminCelebrity

ကြယ်ကေ လးတွေ ရဲ့ မိုးကောင်ကင် အစီအစဉ်ကနေ ကလေးဘဝကတည်းက ပရိသတ်ရင်ထဲကို တိုးဝင်လာတဲ့ တေးသံရှင်လေးတစ်ဦးကတော့ မေသက်ထားဆွေပဲဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ အန်တီတင်တင်မြ သီချင်းတွေကိုလည်း ပိုင်နိုင်စွာ သီ
ဆိုနိုင်သလို ၊ ဂန္တဝင်သီချင်းကြီးတွေကိုလည်း အရှိုက်အငင် အဆွဲအဖြတ်နဲ့ သေသပ်စွာသီဆိုတတ်သူလေးဖြစ်ပါတယ်။
သူမဟာဆိုရင်အနုပညာသမားမို့ထင်ရဲ့ နူးညံံ့တဲ့စိတ်ထားပိုင်ရှင်လေးလည်းဖြစ်ပါတယ်။သူမရဲ့ သီချင်းကို ခွင့်ပြုချက် မရှိပဲ ဆိုသူကိုတွေ့တာတောင် အပြုံးနဲ့အားပေးရင်း ချီးမွမ်းစကားပင်ဆိုလိုက်ပါသေးတယ်။ ဒီအကြောင်းလေးကို သူမရဲ့လူမှုကွန်ရက်မှာ မျှေ
ဝလာတာကို အခုလိုပဲတွေ့ရပါတယ်။

“တိုက်တိုက်ဆိုင်ဆိုင် သမီးတို့လမ်းထဲမှာ မျက်မမြင်အနုပညာရှင်နှစ်ဦးနဲ့ဆုံတွေ့ခြင်းပါ။ အပြင်သွားခါနီး တိုက်တိုက်ဆိုင်ဆိုင်ကြီးတော့ သီချင်းဆိုတဲ့အန်တီကလည်း အသံသိပ်ကောင်း တီးတဲ့ဦးဦးကလည်း ပံ့ပိုးကောင်းပါပေ့။

အဲ့ဒီအန်တီက သမီးတို့ရဲ့သီချင်းတွေကိုဆိုတာစိတ်မဆိုးပါနဲ့နော်တဲ့ အန်တီတို့ဝမ်းစာအတွက်မို့ပါတဲ့”



ဒီတောင်းဆိုမှုအတွက် သူမအနေနဲ့ ခွင့်လွတ်သလို အန်တီဆိုတာက ပိုကောင်းတယ်လို့လည်း ချီးမွမ်းနိုင်ခဲ့တဲ့ စိတ်ဓာတ်ကိုတော့ လေးစားမိပါတယ်နော်။ သူမတတ်နိုင်သလောက်လည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment