အချိူ့က ဘဝလက်တွဲဖော် ရတတ်ပေမယ့် အချို့ကတော့ ကံဆိုးစွာ ဘဝခြေထိုးဖော် ရတတ်ပါတယ်။
အိမ်ထောင်ပြုတယ် ဆိုတာ အိတ်ပိတ် ကံစမ်း ရသလိုပါပဲ။ အပြင်ပန်းကတော့ ရွေးတာပဲ။ အထဲမှာ ပါချင်ရာ ပါတတ်တာ။ အခန့်မသင့်ရင် ဘယ်တော့မှ မပေါက်မယ့် ထီလက်မှတ်ေ ဟာင်းကြီးနဲ့ လက်ထပ် ရသလို ဖြစ်နိုင်သေးတယ်။
မ်ထောင်ရေး သာယာနေရင်တော့ အိမ်ထောင်ကျရတာ သိပ်တော့ မဆိုးရှာပါဘူး။ အိမ်ထောင်ရေးမသာယာရင်တော့ စိတ်ဆင်းရဲရတာနဲ့ သက်တမ်းတိုမယ်။ ရုပ်အိုမယ်။
ငွေကြေး အဆင်ပြေနေရင် ခံသာသေး။ အိမ်ထောင်ရေး အဆင်မပြေရ တဲ့ကြား ငွေကြေးပါ အဆင်မြေ….ဒီကြားထဲ အိမ်ထောင်ရေး ပါဖောက်ပြန်လာ ရင်တော့ ဒုက္ခနဲ့လှလှကြီးတွေ့တော့ တာပါပဲ။
အိမ်ထောင်ရှင် အမျိုးသမီးတွေ ဘဝ မလွယ်ပါဘူး။
အိမ်ထောင်သည် ဖြစ်လာလို့ ကလေးမယူသေးရင် ကလေးမရအောင် ဆေးထိုးဆေးစား လုပ်ရပါလိမ့်မယ်။ဆေးနဲ့မတည့်သူဆို အသားတွေ မွဲလာမယ်။ အသားတွေ ပွလာမယ်။ အဆီတွေ တက်လာမယ်။ ဒါမှမဟုတ် မတရား ပိန်လာမယ်။ ဗိုက်ခေါက်တွေ ထွက်လာမယ်။
ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီး ပြန်တော့လည်း ဗိုက်က ချက်ချင်း ပိန်မ သွားပါဘူး။ ပူစီပေါင်း လေလျှော့လိုက်သလို အသားတွေ တွဲလာမယ်။ အကြောပြတ် ရာတွေနဲ့ လှချင်တိုင်း လှလာနိုင်တော့မှ ာမဟုတ်ပါ။
ကလေးများ ရလာတော့ ပိုခြေချုပ် မိပါပြီ။ ညည ကလေးကငို၊ သေးကစို အိပ်ရေးကပျက် ကိုယ်ချင်းစာတရားရှိတဲ့ ယောက်ျားဆို တော်သေး။ မဟုတ်ရင်တော့ လူရုပ်တောင် ပေါ်မှာ မဟုတ်ဘူး။
မိန်းမဖြစ်ရဘဝ မလွယ်ပါဘူး။ လူမဆန် ကိုယ်ချင်းစာတရား အသိတရား မရှိတဲ့ တချို့ယောကျ်ားတွေ ယူခါစတုန်းကလို မလှမပဖြစ်နေတဲ့မိန်းမတွေကို စိတ်ကုန်တယ် လေနဲ့ဖြစ်ရ ပြန်တယ်။
ရှာတဲ့ပိုက်ဆံက နှစ်ပဲခြောက်ပြားနဲ့ အိမ်က မိန်းမကို စိတ်ကုန်ရ တယ်ပြော ထွက်ရဲသေး
ပေးလိုက်လေ…ပိုက်ဆံများများ တစ်ကိုယ်လုံး ပေါင်းအထပ်ထပ် တင်ခိုင်းလိုက်…ဆံပင်ကစလို့ ခြေမခြေသည်းခွံထိပိုက်ဆံပေးရင် လှအောင်ပြင် လို့ရတယ်…
ညီညီမောင်(စမ်းချောင်း)ကနေကွင်းသုသုလို ကြွကြွရွရွ ဖြစ်နိုင် တဲ့ခေတ်မှာ ကိုယ့်မိန်းမကိုယ် ငွေပုံပေးပြီးအလှပြင်ခိုင်းလိုက်လေ…
တစ်ချို့ယောက်ျားတွေ ကိုယ်တိုင်က အသုံးမကျဘဲ ကိုယ့်မိန်းမ မလှနိုင်တာကို အပြစ်တင်နေတတတ်ကြတယ်
မလှတဲ့ အိမ်ထောင်ရှင်မ မရှိဘူး… အသုံးမကျတဲ့ အိမ်ထောင်ဦးစီးပဲ ရှိတယ်…
မိန်းမတွေများစုက အိမ်ထောင်ကျ ကလေးတွေရလာပြီဆိုရင် သူတို့စိတ်နဲ့ ခန္ဓာက လင်ယောကျ်ားနဲ့သားသမီးအတွက်ပဲ အစစရာရာ ဦးစားပေး စဉ်းစား တတ်ကြတယ် သူ့တို့အတွက်ကို သူတို့ အချိန်ပေးဖို့မေ့သွားတတ်ကြတယ်။
သူတို့ကိုယ်သူတို့ အရင်ကလို လှလှပပ မနေတော့ပဲ ဖိုတီဖတ်သပ် ဖြစ်နေရခြင်းက သူတို့ရဲ့ရင်သွေးလေတွေအတွက် ပိုက်ဆံတွေစုပြီး ကောင်းကောင်း ပြုစု ပျိုးထောင်နိုင်ဖို့ အတွက်ပါ။
ကိုယ့်အတွက် ဘဝတစ်ခုလုံ းပုံအပ် ထားတဲ့ မိန်းမကို အလှတစ်ခုထဲကို ကြည့်ပြီး စိတ်ပျက်စရာလို့မြင်ရင်…..အချိန်ကိုကြည့်…..အရွယ်ကိုကြည့်……တွေးရပြောရ ထိန်းချုပ် ရတဲ့ အရာတွေ ကိုကြည့်လေ..
၁၈နှစ်နဲ့၃၈နှစ် မတူနိုင်သလို ၁၈နှစ်အတွေးနဲ့၃၈နှစ်အတွေး ကွာဟမယ်လေ…အိမ်ထောင်ရှင်ဇနီးတာဝန်ဝတ္တရားတွေကြီးလာလေ သူတို့ရဲ့ရုပ်ခန္ဓာကိုယ်တေ ပျ က်စီးယိုယွင်း လာလေပါပဲ။
လူပဲဘာသားနဲ့ထုထားတာမို့လဲ အသွေးသားနဲ့တည်ဆောက်ထားတာလေနော်။ယူထားတုန်းကတော့ ဆယ်ကျော်သက်/နှစ်ဆယ်ကျော်လေး ငယ်ရှိန်နဲ့လှပနုပျိုချိန်…အဲဒီလိုနုပျိူမြစ်ခြင်းတွေစားသုံးပြီး….အရွယ်တွေကျလာ သားသမီးတွေမွေးပေး
ကိုယ့်လက်ထဲ ရောက်လာမှ အချိန်ကြာလာတာနဲ့ အမျှအရင်ကလို မလှမပဖြစ်လာတာ ကိုယ့်ပရောဂကြောင့်လားဆိုတာလည်းထည့် စဉ်းစား တတ်ရ ပါမယ်။
ကိုယ်ယူထားတဲ့ ဇနီးမယား အပေါ် ဘယ်လောက် တာဝန် ကျေခဲ့လဲ…..အပျိုဘဝမှာ နေချင်သလိုနေ စားချင်သလိုစား လှလှပပဖြစ်နေတဲ့ မိန်းမတစ်ယောက် အခုသူမ ဘာကြောင့် မလှမပဖြစ်နေရလဲ…. သူမလှပအောင် သင်ဘယ်လောက် ပံ့ပိုးပေးနို င်ခဲ့လဲ
သူမအရင်ကလို မလှပနိုင်တော့တာ ဘာကြောင့်လဲ ..အရင်ကအရမ်း စိတ်သဘော ထားကောင်းတဲ့မိန်းမ တစ်ယောက်က အခုမှ စိတ်မကြည်မရွှင် စိတ်ဆိုး စိတ်ကောက်ဖြစ်နေရတာ သင်ကိုယ်တိုင် မိသားစုအပေါ် တာဝန်ကျေခဲ့ရဲ့လား အိမ်ထောင်ရှင်အမျိုးသားများ တရားမျှတစွာ တွေးတတ်ကြပါစေ။
သင်ယူထားတဲ့မိန်းမ သင့်အတွက် အချိန်မပေးတော့ပဲ ကိုယ့်ဟာကိုယ် အချိန်ပြန်ပေးတဲ့ အချိန်ကြရင် အရင်ကထက် အဆတစ်ရာ ပြန်လှလ ာနိုင်တ ယ်ဆိုတာ သင်မမေ့ပါနဲ့…..
No comments:
Post a Comment