၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်း ခံရ မည်။
၂ ။ တိက္ခပညော။ ဉာဏ်အလွန် ထက်မြက် မည်။
၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက် ခြင်းခံ ရမည်။
၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။
၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာ ဘဝတိုင်း၌ ရုပ်အဆင်း အလွန် လှပမည်။
၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန် ပေါမည်။
၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာ ဘဝတိုင်း၌ မိတ်ကောင်း ဆွေကောင် းခိုင်မြဲ မည်။
၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကို သာပြော ကြမည်။
ကောင်းသတင်းများ သာကျောဇော လိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာ အရှင်မြတ်က ဟောကြား ခဲ့သည်။
ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ –
၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များ ရှိခြင်း ၊ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက် ရခြင်းစသည် တို့ကို တားမြစ် ဖျက်ဆီးပေး တတ်၏။
၂။နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက်အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊
မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကိုရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျော ကြရခြင်း၊
မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင် မပြုလုပ် နိုင်ခြင်း စသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။
ထို့ကြောင့် … အလွန်အလုပ် များ၍ တရားအား ထုတ်ရန် အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများ သင့်ပါသည်။
ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရပါမည်။
သံသရာ၌ ကျင်လည် ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရား များကို ရရှိ ပါလိမ့်မည်။
ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ် ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွား များကြပါဟု တိုက်တွန်းအပ်ပါသည်။
Credit to original writer
No comments:
Post a Comment