(2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာ ရွေးချယ်ပါ ကိုယ့်ဘဝ တစ်သက်တာလုံး အနီးဆုံးမှာ ရှိနေမဲ့သူဟာကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့ စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ် ။
(3) ငွေချမ်းသာသူထက် စိတ်ထား ရိုးဖြောင့်သူကိုသာ ရွေးချယ်ပါ ။ ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ လက်တွဲထားရမဲ့ သူဟာ ကိုယ့်လိုအပ်ချက်တွေကို ငွေနဲ့ဖြည့်ဆည်းပေး နိုင်ရုံနဲ့ မရဘူးဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာ နှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ် ။
(4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကို သာရွေးချယ်ပါ ။ လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်ကိုယ့်အရိပ်အဖြစ် ခိုလှုံနေရသူဟာ ဘယ်လို အခက်ခဲတွေနဲ့ကြုံလာပါစေမားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူ ဖြစ်ဖို့အဓိက ကျတယ် ။
(5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာ ရွေးချယ်ပါ ။ မတူညီတဲ့ အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေတစ်ဘဝ အတူ လက်တွဲပြီး တစ်မိုးအောက်ထဲနေဖို့ဆိုတာပတ်ဝန်းကျင် ပါလာသလို နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်း အိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာ ပါဝင် ပါတ်သက်စေပါတယ် ။
ကိုယ့်ဘဝကို တစ်သက်တာ ပေးအပ်ထားရမဲ့ သူဟာကိုယ် နှုတ်အမူအယာ ယဉ်ကျေးပြီး မိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ ။
(6) ဥစ္စာပြည့်စုံသူထက် နားလည်မှု ရှိသူကိုသ ာရွေးချယ်ပါ ။ ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့ သူဆိုတာ မတော်တဆအမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီး နားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ် ။
တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့ အရာကို ကျူးလွန်ပြီးသွားရင် ယောကျ်ားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လက်ရှိ တန်ဖိုးထက်တော့ ကျဆင်းသွား ရတာပါပဲ ။
အိမ်ထောင်သည် ဘဝရောက်သွားပြီးရင် မိန်းမသားတွေက ယောကျ်ားသားတွေထက် မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ထိန်းချုပ်ခံ ရတာတွေ ပိုလာသလို ၊မိမိဖြစ်ချင်တဲ့ အခွင့်အရေးတွေများစွာ ပေးဆပ်လိုက် ရပါတယ်။
ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ ။
အချိန်ပေးပြီး လေ့လာပါ ။ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာ စောင့်ကြည့်ဖို့ မလိုအပ်ပါဘူး ။ သတိကြီးကြီးနဲ့ စောင့်ကြည့်ကြည့် လိုက်ပါ လူတစ်ယောက်ရဲ့ မနောဆိုတာ မထင်မှတ်တဲ့ အရာတွေကနေ အဖြေတွေပေါ်လာတတ် ပါတယ်။ တစ်သက်တာ စိတ်ချမ်းသာ ချင်ရင် လူရွေးမမှားဖို့အတွက်တခါတရံတော့ မျက်ရည်တွေလည်း ရင်းနှီး လိုက်ပါ ညီမလေး
#MayNoe
No comments:
Post a Comment