Wednesday, 1 January 2020

ချစ်သူတွေကနေ မုန်းသူတွေဖြစ်သွားအောင် ဘယ်အရာတွေကသွေးခွဲလိုက်တာလဲ

                                          

ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ် ကြလို့ပဲချစ်သူလို့ခေါ်တာ မဟုတ်လား။ ဒါပေမယ့် အချစ်တွေေ ရရှည် မခိုင်မြဲ ရင်တော့ ချစ်သူကနေ မုန်းသူတွေ ဖြစ်သွ ားနိုင်တယ်နော်။

ဒါဆို အရမ်းချစ် ကြပါတယ် ဆိုတဲ့ ချစ်သူတွေကို မုန်းသူတွေဖြစ်အောင် ဘယ်အရာတွေက သွေးခွဲ လိုက်တာလဲ။

ငွေ

တကယ်ချစ်ရင် ငွေကအရေးမကြီးဘူး ဆိုပြီ းပြောတတ် ကြပါတယ်။ ဒါက စိတ်ဓာတ်ခိုင်မာတဲ့စုံတွဲတွေအတွက်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။

ဒါပေမယ့် စိတ်လည်းမခိုင်ဘူး၊ အခက်အခဲ ကို ရင်ဆိုင်နိုင်စွမ်း မရှိဘူး၊ တာဝန်ယူလို စိတ်မရှိဘူး ဆိုရင်တော့ ဒီငွေကြောင့် ချစ်သူတွေဝေ းကွာကြ ရပါတယ်။

ကြားလူတွေ

တကယ်ချစ်ကြပေမယ့် ကြားလူတွေကြောင့် ဝေးသွားကြတဲ့ စုံတွဲတွေ၊ ကြားလူတွေေ သွးထိုးလို့ တစ်ယောက်နဲ့တစ်ယောက် မုန်းသွားကြတဲ့ စုံတွဲတွေ ရှိပါတယ်။

ဒါကြောင့် ကြားလူတွေသွေး ထိုးတိုင် းမယုံဖို့ ကိုယ်တိုင် စဉ်းစားဆင်ခြင် တတ်ရမယ်၊ ကိုယ့်ချစ်သူ အပေါ် ယုံကြည်မှု ရှိရ ပါမယ်။

အတ္တ

ချစ်သူတွေဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်ဖေးမရင်းနဲ့ အခက်အခဲတွေကို ဖြတ်သန်းသွား ရမှာပါ။

အဲ့ဒီအချိန်မှာ သူ့ဘက်ကိုယ့်ဘက်မကြည့်ဘဲ ကိုယ့်အတွက်ပဲ ကြည့်နေပြီး အတ္တတွေရှေ့တန်းတင်နေရင် နှစ်ယောက်သားအမုန်းတွေနဲ့ လမ်းခွဲ သွားရ တတ်ပါ တယ်။

သံသယ

ကိုယ်ချစ်လို့ရွေးချယ်ထားတဲ့ ချစ်သူကို မှမယုံရင် ဘယ်သူ့ကိုယုံတော့ မှာလဲ။ ချစ်သူဖြစ်စအချိ န်တွေမှာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး အရမ်းယုံကြည် ခဲ့သလောက်

ချစ်သူ သက်တမ် းကြာလာတဲ့ အခါ သံသယတွေ ဝင်လာပြီး အဆင်မပြေမှုတွေဖြစ်ကြရာကနေ လမ်းခွဲတဲ့ အထိ ဖြစ်တတ် ပါ တယ် ။

ဒါကြောင့် ကိုယ့်ချစ်သူနဲ့ပတ်သက်လို့ သံသယဝင် လာပြီဆို ရင်တောင် စိတ်လိုက် မာန်ပါ မဆုံးဖြတ်ပဲ ဉာဏ်နဲ့ယှဉ်ပြီး ဆုံးဖြတ် သင့် ပါ တယ် ။

No comments:

Post a Comment