Thursday, 2 January 2020

အခုတလော ဒီအကောင် ကိုက်ခံရတယ့်သူတွေ တွေ့ရပြီး ရေယုန် နဲ့ မှားတတ် ကြလို့ပါ


ဒီ အကောင် ကိုက်ခံထိ တိုင်း ရေယုန် နဲ့ မှားတတ် ကြလို့ ဗဟုသုတ အဖြစ် မျှဝေပေးတာပါ။

Rove beetle (or) Paederus လို့ ခေါ်ပြီး အမြီး၂ ခွ ပါပါတယ်။ တချို့ကလဲ မီးပိုးကောင် ၊ အမြှီး ၂ ခွကောင် ဆိုပြီး ခေါ်ကြပါတယ်။သူရဲ့ တန်ပြန် တိုက်ခိုက်မှု ကတော့ အဆိပ်ရည် နဲ့ ဖြန်းလိုက် တဲ့ သဘာ၀ ရှိပါတယ်။ အဲ့ဒီ အဆိပ်ရည် ထိ တဲ့ အသားအရည် တဝိုက် ယားယံလာမယ်။ တဖြည်း ဖြည်း အရည်ကြည် ဖုလိုမျိုး ထလာမယ်။

အရည်ကြည်ဖု လေးတွေ ပွားလာမယ်။ ပူလောင်မှု ဆိုတဲ့ ခံစားချက်နဲ့ အတူ ပေါက်သွားရင်လဲ အရည်ထိ တဲ့ နေရာ ထပ်ပြီး ပွားတာ မျိုး ရှိပါတယ်။

မိမိ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရ ပြီး လည်ပင်းမှာ ဖြစ်ခဲ့တာပါ။

လည်ပင်းကို မှာအစ ပိုင်းတော့ အကောင်ကိုက် ခံရတယ်ပေါ့ ။

တဖြည်းဖြည်း အထက်ပါ လက္ခဏာတွေ ကို ၄ ရက်လောက် ခံစားရပြီး ရပ်ကွက်ထဲက ဆေးခန်းလေးမှာ ပြကြည့် တယ်။

ဆရာဝန်က မြင်တာနဲ့ အထိတ်တလန့် “မင်းဟာက ရေယုန်တွေ” ဆိုပြီး ပြောပါတယ်။ နောက်ပြီး လိမ်းဆေးတော့ ပေးလိုက်တယ်။
အဲ့မှာ ကိုကိုယ်တိုင်လဲ လန့်သွားပြီး နောက်တရက် အရေပြား အထူးကု ဆီ တန်းပြေးရတော့ တာဘဲ။

အတွေ့အကြုံ ကြောင့်ဘဲ ပြောရမလား ဘဲ။ အရေပြား ဆရာဝန် ကတော့ မြင်တာ နဲ့ မီးပိုးကောင် ကြောင့် ဖြစ်တာ။ ၂ ရက် ၃ ရက် နေ ပျောက်ပါပြီ တဲ့။ ကဲ အခြေအနေ ၂ ခု က အဝေး ကြီးနော်… ဆေးများ မှားကုမိရင် ပြောတာပါ

ကြုံတွေ့ရသူ ကလေးမိခင် တစ်ယောက်က လည်း ဒီလို မျိုး အတွေ့ အကြုံ မျှ ဝေထား ပါတယ်။ (သွယ်သွယ်ဟိန်း ဖေ့ဘုတ်)

ကိုယ်တွေ လဲ ထင်ယောင်ထင်မှား နဲ့ စမ်းတဝါးဝါး ဖြစ်ခဲ့ရတယ်..
ရေယုန်လား အနာ လားထင်မိတာ…ရေယုန်နဲ့ ကလဲ တူသလိုရှိနေတော့ ဖြစ်ဖူးတွေ မေးကြည့် ဆရာဝန်နဲ့ တိုင်ပင်နဲ့ တော်တော် ကို ဒုက္ခများခဲ့ရတယ်..

ကိုက်ကိုက် ချင်း ညကတော့ ခြေတွေ လက်တွေပူပြီး ဖျားချင်သလိုတွေ ဖြစ်တယ်…

နောက်နေ့ တဖြည်းဖြည်း ပွားလာတယ် ။ သူက မိုးတွင်း မှာ ထွက်တဲ့အကောင်တမျိုးပါ ။

သားသား ကတော့ ဆေး ၅ ရက်ဆက် တိုက် ထိုးလိုက် ရပါတယ် ။ သူ က ကိုက်တဲ့နေ့က ပုရွက်ဆိပ် ကိုက်တာလို့ပြောတယ်.။
အစ ကတော့ ကိုယ်လဲ ပျောက်သွားမယ် ထင်တာ.. မိဘ များအနေနဲ့ တော့ ဘာဆေးမှ လျှောက်လိမ်း မပေးစေချင်ပါဘူး…

နီးစပ်ရာဆေးရုံ ဆေးခန်းကို ပြစေ ချင်ပါတယ် ။ တအား အဆိပ်ပြင်းပြီး တကယ်ကို ကြောက်စရာ ကောင်းပါတယ်.. ။

ကလေးဆို တအားကို ခံစားရပါတယ် ကိုယ်တွေဆို ဘားမှ မသိပဲ အကိုက်ခံရတော့ ကလေးလဲ တအားခံစားရပါတယ်
အနည်းဆုံး တပတ်ကျော် ပါတယ်။ အရေကြည်ဖု တွေ ကို မဖောက်ပဲ ပေါက်တဲ့ အချိန်ထိ စောင့်ပေးရပါတယ်..
တကယ်ကို ခံရခက်လို့ မိမိ တက်ကျွမ်းသလို မကု သကြပဲ ဆေးခန်း သာ ပြစေချင်ပါတယ်

ဆေးခန်း ထပ်ပြကြည့်တော့ (အရေပြားဆေးဆန်း) ဆရာဝန်က Paederus အကောင် ရဲ့အဆိပ်ကြောင့်တဲ့။

အကောင်က မကိုက်ဘူး သူ့ဖင်နဲ့ အဆိပ်ရည်ဖျန်းတာတဲ့ ရေကန်ထဲ ကို အကောင်ကျရင် သူ့အဆိပ်တေ က ရေနဲ့ရောပြီး
ကိုယ် ရေချိုးလိုက်တဲ့ အခါမျိုးမှာ အဆိပ်ရည်တွေ ကိုယ်ပေါ်လောင်းသလိုဖြစ်သွားတာပါ။

ပြီးတော့ ထိုအကောင်က သူသွားလေရာမှာ အဆိပ်ထားခဲ့တာပါ ။ လက်နဲ့ ဖိသတ်တာမျိုး တွေ မလုပ်ပ်ါနဲ သေလို့အရည်တွေ ကျန်ခဲ့လဲ ထိုဟာတွေဟာ အဆိပ်တွေပါ ။ထိုအကောင်တွေ က ကန်စွန်းပင်တွေမှာ ရှိနေတတ်ပါတယ် ။

မီးပိုးကောင်လို့လဲခေါ်လို့ ရသလို ကန်စွန်းပိုးလို့လဲ ခေါ်လို့ရပါတယ်။ မီးချောင်းတွေကို တတ်နိုင်သမျှ ပိတ်အိပ်ပါ ကော်ရစ်တာမီးတွေလဲ ပိတ်အိပ်ကြပါ ။

အိပ်ယာပေါ်ခါပြီးမှ အိပ်ကြပါ ။ ခေါင်းအုံးစွတ် ဖက်လုံးစွတ်တွေကို လျှော်ပြီးနေပူတဲ့ နေရာမှာလှန်းပါ။ အဝတ်တွေလဲ မီးပူတိုက်ပြီးမှ ဝတ်ကြပါ။ အခန်းတွင်းခြင်ဆေးဗူးဆောင်ထားပြီး အုတ်နံရံဘက်တွေ ဆေးဖြန်းပါ။
အကယ်၍ဖြစ်တယ် ဆိုရင် အရည်ပြား အထူးကုကိုဘဲ ပြသ ကြပါ။

တခြားဆေးခန်းတွေက ရေယုန် လို့ပြောကြပါလိမ့်မယ် ။ ရေယုန် မဟုတ်ပါဘူးနော်….မျက်နှာဖြစ်လျှင်အထူးဂရုစိုက်ကြပါ.တွေကရာ ဆေးကောက်မလူးကြပါနဲနော် )

No comments:

Post a Comment