Friday, 24 January 2020

ကုဋီ (အိမ်သာ) ဆေးကြော သန့်စင်ခြင်းရရှိ အကျိုး( ၁၁ )ပါး

၁။ မိမိစိတ်လည်းကြည်လင်စေ၍ သူတစ်ပါးစိတ်ကိုလည်းကြည်လင်စေခြင်း။

၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုခံရခြင်း။

၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နုညံ့သောအသားရေနှင့်ပြည့်စုံခြင်း။

၄။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့မွှေးပျံ့သောအနံ့ရှိခြင်း။

၅။ မျက်နှာအဆင်းကြည်လင်ခြင်း။

၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့်မကြုံရခြင်း။

၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း။

၈။ ပညာဉာဏ်ကြီးခြင်း။

၉။အသက်ရှည်ခြင်း။

၁၀။ မတွေမဝေသေရခြင်း။

၁၁။ သေပြီးနောက် သုဂတိသို့လားရခြင်း ။

ဟူသောအကျိုး( ၁၁ )ပါးသည် ကုဋီဆေးကြောသန့်စင်ရခြင်း၏ အကျိုးပေတည်း။

( အင်္ဂုတ္တိုရ်၊ဧကာဒသကနိပါတ် )

ကုဋီ(အိမ်သာ)အကျိုးကျေးဇူးများ

၁။ အရှက်အကြောက်ကို ကာကွယ်ခြင်း။

၂။ စက်ဆုပ်ဖွယ်ကို ကာကွယ်ခြင်း။

၃။ ကမ္ဘာ့ယဉ်ကျေးမှု ဓလေ့ကိုလိုက်နာ ကျင့်သုံးရခြင်း။

၄။ အောင့်အီးလို့ မရတဲ့ ကိစ္စကို အလျင်အမြန်ဆောင်ရွက်ရန် အသင့်ရှိခြင်း။

၅။ မိမိခန္ဓာကိုယ်ရဲ့ စက်ဆုပ်စရာ ရွံစရာကို ထင်ထင်ရှားရှား ရှုပွားရခြင်း။

( တတိယနံမော်ဆရာတော် နဲ့ နန်းချောင်းဆရာတော်တို့က ပြောတယ် – အမတ်စည်းစိမ်ဆိုတာ ငါ ကုဋီတခါတက်တဲ့ ကုသိုလ်တန်ဖိုးကို မမှီဘူး – တဲ့ )

၆။ ကုဋီမှာ ရေလောင်းခြင်း၊ သန့်ရှင်း ဆေးကြောရခြင်း၊ တံမြက်လှည်းခြင်းစတဲ့ ကျင့်ဝတ်တို့ကို ဖြည့်ကျင့်ရခြင်း။

၇။ စက်ဆုပ်ဖွယ်နေရာကို စိတ်ကြည်နူးလာအောင် သန့်ရှင်းမှုပြုရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝမှာ လူတိုင်းချစ်ခင် သန့်စင်လှပတဲ့ အကျိုးကို ရစေတဲ့ နေရာဌာနဖြစ်ခြင်း။

၈။ ယင်လုံတဲ့ ကုဋီ အိမ်သာဖြစ်တဲ့ အတွက် ဝမ်းရောဂါစတဲ့ ကူစက်ရောဂါမှာ ကာကွယ်ပေးခြင်းတို့ဖြစ်ပါတယ်။

အနာရောဂါကင်းရခြင်းရဲ့အကြောင်း

မြတ်စွာဘုရား၏ သာသနာတော်မှာ မထေရ်မြတ်တစ်ပါး ရှိခဲ့ဘူးပါတယ် ထိုမထေရ်ဟာ အနာရောဂါ ဘယ်လောက်များ ကင်းသလဲဆိုရင်

´´ဟက်ချီုး “ဆိုတဲ့ နှာတောင် မချေဘူးဘူးတဲ့ ရောဂါကင်းလိုက်ပုံများ

လောကမှာ ဘယ်ဟာမှ အကြောင်းလွတ်ပြိး အကျိုးဖြစ်ပေါ်လာတယ်ဆိုတာ မရှိပါဘူး

ထိုမထေရ် ရောဂါကင်းရခြင်းရဲ့ အကြောင်းကတော့ ဟိုး အရင်အတိတ်ဘဝတွေက မြတ်စွာဘုရားနဲ့ သံဃာတွေကို ဆေးလှူခဲ့ဘူးတယ်တဲ့

ကဿပ ဘုရားရှင် လက်ထက်ရောက်ပြန်တော့လည်း ကိုလုပ်ရမဲ့ အလုပ်တွေကို ခဏထားပြိး ရဟန်းသံဃာတွေရဲ့ အသုံးအဆောင်ဖြစ်တဲ့ ကျောင်းသန့်ရှင်းရေးတွေ ပြီးတော့လည်း ကုဋီ လို ခေါ်တဲ့ အိမ်သာ များကိုလဲ ဆေးကျောပြိး သန့်ရှင်းရေးလုပ်ခဲ့ ရတဲ့

ကုသိုလ်ကံတွေရဲ့ အကျိုးကြောင့်ဒီဘဝ အနာရောဂါ ကင်းရခြင်းဖြစ်ပါတယ် တဲ့

ဒါကြောင့် အနာရောဂါ ကင်းခြင်ပါတယ်ဆိုရင်ဘုရားဝန်း ကျောင်းဝန်း သန့်ရှင်းရေးလုပ်ခြင်းဆေး လှူ ဒါန်းခြင်း အိမ်သာများကို ဆေးကြော
ခြင်း စသည်ကုသိုလ်များကို ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်

စာအုပ်ကျမ်းညွန်း ဥပရိပံ ဋ္ဌ 139

Credit – ဖြေဆည်ရာ ဆရာတော်

No comments:

Post a Comment