စိတ်ပိုင်း ဆိုင်ရာ သန်မာတယ် ဆိုတာ အခက်အခဲတွေကို ကောင်းကောင်းကျော်လွှား ခဲ့ပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်အောင် သွားနိုင် တာမျိုးကို ပြောတာပါ။ စိတ်ပိုင်း ဆိုင်ရာကြံ့ခိုင်တဲ့ သူဆိုတာ ဉာဏ်ပညာကြီးမားတဲ့ သူတွေဖြစ်ပြီး ဒီအချက်တွေကို လုံးဝ မလုပ်တတ် ကြပါဘူး။
(၁) ကိုယ့်လုပ်ရပ်အတွက်နောင်တမရဘူး
အလုပ်တစ်ခု လုပ်တဲ့ အခါ သေချာ စဉ်းစားပြီးမှ လုပ်တတ်တဲ့ အတွက် မှားသွားခဲ့ရင်တောင်မှ ဒီအတွက်နောင်တမရဘူး၊ သင်ခန်းစာယူတယ်။ ကိုယ့်လုပ်ရပ် တစ်ခုအတွက် နောင်တရပြီး ရှေ့မဆက် နိုင်တာမျိုး မဖြစ်ဘူး။ သင်ခန်းစာ ယူပြီး ရှေ့ဆက် သွားနိုင် တယ်။
(၂) ပြောင်းလဲဖို့အတွက်မရှက်ဘူူး
ကိုယ့်ကိုယ်ကို ပြောင်းလဲ ပစ်ဖို့၊ အသစ်အသစ်တွေ သင်ယူဖို့အတွက် မရှက်ဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေကို ပြုပြင်ဖို့လည်း ဝန်မလေးဘူး။
(၃) အမှားတစ်ခုကို ထပ်ခါထပ်ခါ မလုပ်ဘူး
အမှားလုပ်မိရင် ဒီအမှား အတွက် တာဝန်ယူတယ်၊ ဒီအမှားကေ နသင်ခန်းစာ ယူတယ်၊ ထပ်မမှားရအောင် ဂရုစိုက်တယ်၊ အမှတ်မရှိဘဲ အမှားတစ်ခုကို နောက်တစ်ခါ ထပ်မလုပ် မိအောင် ကြိုးစားတယ်။
(၄) ကျရှုံးမှာကိုမကြောက်ဘူး
ကျရှုံးမှာကို ကြောက်လို့ ဘာမှ မလုပ်ဘဲနေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူးလေ။ သူတို့ကဒါကို ကောင်းကောင်းသိတယ်။ အလုပ်တစ်ခု အတွက် အကောင်းဆုံး ကြိုးစားတယ်၊ ကျရှုံးမှုတွေကို ခံနိုင်ရည် ရှိအောင် ပြင်ဆင်ထားတယ်။ တစ်ကြိမ် ကျရှုံးရင် နောက်တစ်ကြိမ် ထပ်ပြီး အကောင် အထည်ဖော်တဲ့သူတွေဖြစ်တယ်။
(၅) အတိတ်မှာနစ်မြုပ်မနေဘူး
တိတ်ကအမှားတွေကိုဖက်တွယ်ပြီး ရှေ့ဆက်ဖို့ကြောက်နေတာမျိုး၊ အလုပ်တစ်ခုအတွက် အားမစိုက်ချင်လို့ အကြောင်းပြချက်တွေပေးနေတာမျိုးတွေမလုပ်တတ်ဘူး။ အတိတ်ထဲကနေရုန်းထွက်ပြီး အလုပ်ကောင်းကောင်းလုပ်ဖို့ပဲအာရုံစိုက်တယ်။
(၆) တစ်ယောက်တည်းဖြစ်မှာကိုမကြောက်ဘူး
စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေက အသင်းအဖွဲ့နဲ့လည်း အလုပ်လုပ် နိုင်သလို တစ်ယောက်တည်း ဖြစ်မှာကိုလည်းမကြောက်ဘူး။ ကိုယ့်အနောက်မှာ ထောက်ခံမယ့် သူတစ်ယောက်မှ မရှိရင်လည်း တစ်ယောက်တည်းအားနဲ့ ရှေ့ဆက်သွားနေတဲ့ သူတွေဖြစ်တယ်။
(၇) တခြားသူရဲ့အောင်မြင်မှုကိုမနာလိုမဖြစ်ဘူး
သူများအောင်မြင်တာကို မနာလိုဖြစ်တယ် ဆိုတာ စိတ်ဓာတ်ပျော့ညံ့တဲ့ သူတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ စိတ် ဓာတ်ကြံ့ခိုင် တဲ့သူ၊ သဘောထားကြီးတဲ့ သူတွေက သူများအောင်မြင်တာ အတွက် ကိုယ်အောင်မြင်တာလိုပဲ ဝမ်းသာပ ါတယ်။
(၈) ချက်ချင်းအောင်မြင်ဖို့မမျှော်လင့်ဘူး
ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုရဲ့ အကျိုးရလဒ်ကိုခံစားဖို့ အချိန်တစ်ခုတော့ စောင့်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်တယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တဲ့စိတ်မျိုးမရှိဘူး၊ အောင်မြင်မှုကိုခံစားဖို့အတွက် စိတ်ရှည်လက်ရှည်နဲ့ အားမယုတ်ဘဲ ဇွဲကောင်းကောင်းနဲ့ကြိုစားသူတွေဖြစ်ကြပါတယ်။
RAY
No comments:
Post a Comment