Thursday, 30 January 2020

Relationship တစ်ခုမှာ ချစ်သူ ၂ဦး လမ်းခွဲလိုက်ရတဲ့ အဓိက အကြောင်းအရင်း ၇ချက်

၁။ သံ သ ယ တွေ နဲ့ ယုံ ကြည် မှု နည်း ပါး ခြင်း

တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နဲ့ ယုံကြည်မှု အပြည့်အဝေ ပးထားသူဟာ တစ်ယောက် သီးမခံနိုင်တဲ့ လုပ်ရက်မျိုးကို တစ်ယောက်က လုပ်ဖို့ဆိုတာ ခဲယဉ် းပါတယ်။

ဒီလိုမှမဟုတ်ဘဲ ယုံလည်ယုံကြည်ချင်တယ် ယုံလည် မယုံရဲဘူး ဆိုပြီး ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ Relationship တစ်ခုကို ရှေ့ဆက်မိတဲ့ အခါ အထင်မှားစရာ/ သံသယဖြစ်စရာ ကိစ္စတွေ ပေါ်လာတာနဲ့ သင်တို့နှစ်ယောက်ကြားမှာ ပြဿနာက ကြီးသထက် ကြီးလာ ပါလိမ့် မယ်။

အခုပြဿနာကို ရှင်းပြတဲ့ အခါ လောလောဆယ်ဆယ်မှာ သင်လက်ခံ နိုင်ပေမဲ့ နောက်ထပ် သံသယဖြစ်စရာ/ အထင်မှားစရာ ကိစ္စတွေ တစ်ခုလောက် ကြုံလိုက် တာနဲ့ သင်တို့နှစ်ယောက်က လမ်းခွဲဖို့အတွက် အကြောင်းဖန် လာပါ လိမ့်မယ်။

၂။ တ ယူ သန် အ တွေး နဲ့ ပြု မူ ခြင်း

Relationship တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက်က အပေးအယူ မျှတဖို့ လိုအပ် ပါတယ်။ နှစ်ယောက်သားလက်တွဲ လာတဲ့ ကာလတစ်လျှောက်မှာ သူ့ဘက်က မှားခဲ့တာ ရှိသလို ကိုယ့်ဘက်က မှားခဲ့တဲ့ အခါလဲ ရှိချင် ရှိနေနိုင် ပါတယ်။ ဒါကို နှစ်ယောက်စလုံးက သူ့အမှား ကိုယ့်အမှားလို့ ဝေဖန် အပြစ်တင် နေလို့ မရပါဘူး။

သင့်မှားခဲ့တုန်းက သူ ခွင့်လွှတ်ပေး ခဲ့ပေမဲ့ သူမှားသွားတဲ့ အခါ မျိုးကျတော့ လုံးဝ ခွင့်မလွှတ် နိုင်ဘူး ဆိုရင်တော့ သင့်ဘက်က မတရားသလို ဖြစ်သွားပါ လိမ့်မယ်။

သင့်လုံးဝ ခွင့်မလွတ် နိုင်တဲ့ အပြုအမူမျိုး – ဥပမာ သင့်အပေါ် သစ္စာဖောက် တာမျိုး၊ သင့်အပေါ် အဆက်အသွယ်တွေ အကြာကြီး ဖြတ်ခဲ့တာမျိုး စသဖြင့် ပေါ့ လူအများ သည်းမခံနိုင် တဲ့ အမှားမျိုးကို ကျူးလွန်ခဲ့ရင်တော့ သင့်ခွင့်မလွှတ်သင့်တာ အမှန်ပါပဲ။

ဒါပေမဲ့ သာမာန်ကိစ္စလို – တစ်ရက်လောက် message မပို့တာနဲ့ ခဏခဏ ရန်ဖြစ်ပြဿနာတတ်နေမယ်ဆိုရင်တော့ သင်တို့အတွဲက လမ်းခွဲဖို့ အတွက် အစပြုနေပါပြီ။

၃။ ပွင့် လင်း မှု မ ရှိ ခြင်း သို့ မ ဟုတ် နှုတ် ဆိတ် နေ တတ် ခြင်း
တစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ စိတ်အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ မိန်းကလေး အများစု ကတော့ ပြောပြစရာ မလိုဘဲ ကိုယ့်စိတ်ကို ကိုယ့်ချစ်သူက အလိုလို သိနေတာမျိုးကို လိုလား တတ်ကြ ပါတယ်။ ဒါပေမဲ့ အချို့ကိစ္စတွေမှာ အလိုလို သိနေပေမဲ့ အချို့ကိစ္စတွေမှာ သိချင်မှ သိနေ ပါလိမ့် မယ်။

ဒါ့ကြောင့် သင့်ချစ်သူက သင်ဘာဖြစ်နေလဲ မသိတဲ့အခါ ပွင့်ပွင့်လင်းလင် းပြောဆို လိုက်ပါ။ အနေဝေးတဲ့ Relationship အတွက်ဆို ပိုပြီး ပွင့်လင်းဖို့ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က အနေဝေးတဲ့အခါ တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က သိဖို့ဆိုတာ ခဲယဉ်းပါတယ်။


ဒီလိုမှ မဟုတ် ကိုယ်ကလဲ မပွင့်လင်း၊ သူကလည်း နုံနုအအ ဆိုရင်တော့ စိတ်အလို မချမှုတွေ များလာတဲ့ အခါ ပြတ်စဲဖို့ အတွက် ဦးတည် သွားပါလိမ့်မယ်။

၄။ အ ချိန် မ ပေး ခြင်း သို့ မ ဟုတ် အ ချိန် အ ပေး လွန် ခြင်း

ချစ်သူဘဝမှာ နင်ငါ့အပေါ် အချိန်မပေး ဘူးဆိုပြီး ပြတ်ခဲ့တဲ့ အတွဲတွေ အများကြီး ပါပဲ။ ဒီလိုပဲ အချိန်ပေးတာများသွားတဲ့အခါလဲ ငြီးငွေ့ပြီး အကြောင်း မျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ သူတွေလည်း ရှိပါတယ်။ တန်ရင်ဆေး လွန်ရင်ဘေး ဆိုသလိုပေါ့များလွန်းလည်း မကောင်း နည်းလွန်းလည်းမကောင်းပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်က အချိန်မပေးဖြစ်တဲ့ အခါ သူငါ့အပေါ် ဂရုစိုက်မှု မရှိဘူး၊ ငါက သူ့လောက်အရေးမကြီးဘူး၊ သူငါ့ကို တကယ်ချစ်ခဲ့ တာ မဟုတ်ဘူး စတဲ့အတွေးတွေနဲ့တစ်ယောက်နဲ့ တစ်ယောက်က ပြတ်စဲသွား တတ်ကြ ပါတယ်။ အမြဲလိုလို သူ့အတွက် အချိန်တွေ အများကြီ းပေးရတဲ့ အခါ ငြီးငွေ့လာပါတယ်။

လွတ်လပ်မှု မရှိဘူးလို့ ခံစား လာရ ပါတယ်။ အစပိုင်းက မတွေ့ရရင် မနေနိုင်ဘူးလို့ ထင်ပေမဲ့ ခဏခဏ အချိန်ပေးတာများလာတဲ့အခါ တာဝန်ကြီး တစ်ခုလို ဖြစ်သွား တတ်ပါတယ်။

ဒီလို အခြေအနေ မျိုးမှာ ကိုယ့်ဘက်က အကြောင်းတစ်ခု ခုကြောင့် အချိန်မပေး တာဘဲဖြစ်ဖြစ်၊ ငြီးငွေ့တာပဲဖြစ်ဖြစ် လမ်းခွဲဖို့က နီးစပ်သထက် နီးစပ်လာပါလိမ့်မယ်။

၅။ ရှင်း ပြ ခွင့် မ ပေး ခြင်း သို့ မ ဟုတ် မ ရှင်း ပြ ခြင်း

“ငါမဟုတ်တာ မလုပ်ထားတဲ့ အတွက် ရှင်းပြစရာ မလိုဘူး၊ ဘာမှ လာရှင်းမပြနဲ့ ငါနားမထောင် နိုင်ဘူး” ဆိုတဲ့ စကားသံတွေက ချစ်သူ ရည်းစားတွေရဲ့ လက်စွဲတော် တစ်ခုလို ဖြစ်နေပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အထင်လွဲစရာ ကိစ္စမျိုးကြုံ လာတဲ့ အခါ သံသယတွေ မဖြစ်အောင် သေချာရှင်းပြဖို့လိုအပ်သလို တစ်ဖက်ကလည်း ရှင်းပြတာကို လက်ခံသင့် ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ တစ်ယောက်ကလည်း လာမရှင်းပြနဲ့ တစ်ယောက်ကလဲ ငါ့လိပ်ပြာ ငါလုံတယ် ရှင်းစရာမလို ဘူး ဆိုရင် သင့်တို့နှစ်ဦးလည်းရှေ့ဆက်ဖို့အတွက် ဖြစ်နိုင်မှ မဟုတ်ပါဘူး။

၆။ သ စ္စာ မ ရှိ ခြင်း သို့ မ ဟုတ် ဖောက် ပြန် တတ် ခြင်း
သစ္စာမရှိတဲ့သူ ဖောက်ပြန်တတ်တဲ့ သူကတော့ အထူးတလည် ပြောနေစရာ မလိုပါဘူး။ သင်ဖောက်ပြန်တာသိသွားတဲ့ တစ်နေ့ သင့်ကို လမ်းခွဲသွားမဲ့ သူတွေ ချည်းပါပဲ။

ဒါ့ကြောင့် ကိုယ့်မှာ သဝန်တိုတတ်တဲ့ ချစ်သူမျိုး ပိုင်ဆိုင်ထားတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက်က အနေအထိုင် ဆင်ခြင်ဖို့ လိုအပ် ပါတယ်။

အတတ်နိုင်ဆုံး သံသယ မဖြစ်အောင် နေထိုင်တတ်ဖို့လိုအပ် ပါတယ်။ ကိုယ့်ဘက်က အနေအထိုင် အပြုအမူက သူ့အတွက် သံသယ ဖြစ်ချင်စရာတွေ ချည်းပဲဆိုရင် သင်တို့နှစ်ယောက်ကြားမှာ ခဏခဏ ပြဿနာတတ်ရန်ဖြစ်စရာတွေနဲ့ပဲ ကြုံနေရပါလိမ့်မယ်။

ဒါ့ကြောင့် အတတ်နိုင်ဆုံး ကိုယ့်ရဲ့ အပြုအမူအနေ အထိုင်တွေက သူ့အတွက် သံသယတွေမဖြစ်အောင် ဆင်ခြင်ပါ။ အထင်လွဲမှား စရာကြုံ လာရင်လည်း တစ်ဖက်သူ စိတ်ကျေနပ်မ ှုရှိတဲ့ အထိ သင့်ဘက်က ပြေပြေလည်လည်ရှင်းပြ တတ်ဖို့ လိုအပ် ပါတယ်။

၇။ မာ န တွေ နဲ့ အ တ္တ ကြီး ခြင်း

မာနတွေနဲ့ အတ္တတွေ ရောနှောနေတဲ့ အချစ်က ရေရှည်ခိုင်မြဲဖို့ မလွယ်ကူပါဘူး။ တစ်ယောက်ကို တစ်ယောက် အလျော့လည်း မပေးချင်၊ အောက်ကျို့ခံရမှာ လည်းကြောက် ဆိုရင်တော့ ပြဿနာဖြစ်တိုင်း သည်းခံစိတ်က နည်းပါးပြီး ကိစ္စသေးသေးလေးကနေ အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်တဲ့ အဆင့်ကို ရောက်သွားပါလိမ့်မယ်။

ဒါ့ကြောင့် တစ်ယောက် အမှားလုပ်မိ တဲ့အခါ တစ်ယောက်က တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ချစ်သူရည်းစားဘဝမှာ အောက်ကျတာတွေ၊ အောက်ကျို့တာတွေ၊ အနှိုင်အရှုံးတွေ၊ အတ္တတွေ၊

မာနတွေနဲ့ ကိုယ့်စိတ်ကို ကိုယ် ချည်နှောင်းထားရင် သင်တို့နှစ်ဦးရဲ့ အချစ်ရေးကရေ ရှည်တည်မြဲဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အတ္တတွေ၊ မာနတွေဆိုတာ ထားရှိသင့်တဲ့ နေရာမျိုးမှာ ထားထားတာပဲ ကောင်းပါတယ်။

#Lifestyle_Myanmar

Unicode

No comments:

Post a Comment