Sunday, 26 January 2020

ဝင်ငွေ နှင့် ထွက်ငွေ။( အရမ်းကောင်းလို့ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ)

ဝင်ငွေထက် ထွက်ငွေများနေတဲ့သူကို
ဆင်းရဲသားလို့ခေါ်ပြီး ….

ဝင်ငွေထက် ထွက်ငွေနည်းတဲ့သူကို
ချမ်းသာသူလို့ ခေါ်လေ့ရှိပါတယ်။

တစ်နည်းအားဖြင့် မိမိရဲ့ ဝင်ငွေကိုလည်း သိမယ်၊ ထွက်ငွေကိုလည်း စိစစ်နိုင်ရမယ်။

အဲဒီလူဟာ အရည်အချင်းရှိတဲ့ သူဖြစ်ပြီး လစဉ်လတိုင်း ထွက်ငွေဟာ ဝင်ငွေထက် များနေပြီ ဆိုရင်တော့ လူညံ့ သို့မဟုတ် အရည်အချင်း မရှိသူလို့ ယေဘုယျအားဖြင့် သတ်မှတ် နိုင်ပါတယ် ။

ဒီနေရာမှာ ထွက်ငွေ ဆိုကလည်း နှစ်မျိုး ရှိပြန် ပါတယ်။ ငြင်းဆန် နိုင်သော ထွက်ငွေနဲ့ မငြင်းဆန်နိုင်သော ထွက်ငွေပေါ့။

အစားအသောက်၊ အဝတ်အစား၊ အလှအပပစ္စည်း စတာတွေနဲ့ပတ်သတ်တဲ့ ကုန်ကျစ ရိတ်တွေကို ငြင်းဆန်နိုင်သော ထွက်ငွေလို့ သတ်မှတ် လို့ ရပါ တယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ့်စိတ်ကို ချုပ်တီ းနိုင်ရင် ချုပ်တီးနိုင်သလောက် အဲဒါတွေနဲ့ပတ်သတ်ပြီး ငွေမထွက်ဘဲနေအောင် တားဆီးလို့ရပါတယ်။

မငြင်းဆန်နိုင်သောထွက်ငွေကတော့..
့ ဥပမာ, အရေးပေါ်ကျန်းမာရေး ကုသ စရိတ် လိုမျိုး၊ မြေခွန်၊ ရေခွန် စတဲ့ အခွန် အခတွေ လိုမျိုးကို ခေါ်ပါတယ်။

အဲဒါတွေကတော့ ကိုယ်ပေးချင်သည်ဖြစ်စေ မပေးချင်သည်ဖြစ်စေ သေချာပေါက် ထွက်သွားရမယ့် ငွေကြေးတွေဖြစ်ပါတယ်။

ဒီနေရာမှာ ရုတ်တရတ် မငြင်းဆန်နိုင်တဲ့ ထွက်ငွေ တစ်ခုခု ပေါ်လာရင် လူတွေမှာ အရေးပေါ် ငွေလိုတယ်ဆိုတာ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ နီးစပ်ရာကို ငွေချေးတာ တို့ဘာတို့ လုပ်ကြ ရပါတယ်။

(ဒီနိုင်ငံမှာ Soft Loan မရှိသေးတာကြောင့်လည်း ဖြစ်ပါတယ်) ဒီအထိက ကိစ္စမရှိသေးပေမယ့် ငြင်းဆန်နိုင်တဲ့ထွက်ငွေတွေကို မငြင်းဘဲ သုံးပစ်လိုက်လို့ ဝင်ငွေထက် ထွက်ငွေပိုများသွားလို့ ငွေချေးရပြီဆိုရင်တော့ အရမ်းရှက်စရာကောင်းတဲ့လူ ဖြစ်သွ ားပါပြီ။

တစ်နည်းအားဖြင့် ကျွန်တော်အသုံ းမကျပါ ဘူးလို့ ဝန်ခံ လိုက်တာနဲ့ အတူတူပါပဲ။

ဘယ်လိုငြင်းမလဲ

လူအများစုဟာ ဝင်ငွေများသထက် များဖို့ကိုသာ မျှော်လင့်တတ်ကြပြီး ထွက်ငွေ နည်းသထက် နည်းအောင် ကြိုးစားတဲ့သူက နည်းပါးပါ တယ်။

အဲဒီကိစ္စဟာလည်း အခန့်မသင့်ရင် ကပ်စေးနည်းတဲ့ သူတစ်ယောက် ဖြစ်သွား တတ်ပြန် ပါသေး တယ်။

ကုန်သင့် တာကို မကုန်အောင် စိစစ်လွန်းတာကို နှမြောခြင်းလို့ခေါ်ပြီး ကုန်သင့် တာကို အကုန်အကျခံနိုင်ခြင်းကတော့ လူတော် တစ်ယောက် ဖြစ်ပါ တယ်။

ပစ္စည်းတစ်ခု ဝယ်ယူ ကာနီးတိုင်း အသေချာ စဉ်းစား ပါ။ ဒါဟာ ငါ့အတွက် တကယ် လိုအပ်ရဲ့လား၊ အဲဒါမရှိရင် ငါ့ဘဝ ဘာတွေဖြစ်သွားနိုင် သလဲ ဆိုတာ တွေးပါ။ ဘဝအတွက် တစ်ကယ်လို အပ်ပြီ ဆိုမှ ဝယ်ပါ။

တခြားသူတွေနဲ့ကိုယ့်နဲ့ မယှဉ်ပါနဲ့

အဝတ်အစား၊ အသုံးအဆောင်၊ နာရီ၊ ဆွဲကြိုး၊ ကား၊ ဆိုင်ကယ် အစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေမှာ တန်ဖိုးအနည်းအများ ရှိကြ ပါတယ်။

ငွေငါးထောင်တန် အကျီလည်း ရှိသလို ငွေငါးသိန်းတန် အကျီလည်း ဈေးကွက် ထဲမှာ ရှိတာ ပါပဲ။

အဲဒီလူ့အသုံးအဆောင်တွေ ဝယ်ယူတဲ့အခါမှာ သူများနဲ့ကိုယ်နဲ့ မယှဉ် ပါနဲ့။

တစ်လကို ဝင်ငွေ သိန်းနှစ်ဆယ်ဝင်တဲ့သူက ငါးသောင်းတန် အကျီဝယ် နိုင်တာ ဘာမှမဟုတ်ပေမယ့် တစ်လမှာ တစ်သိန်းတည်းဝင်တဲ့သူက ငါးသောင်းတန် အကျီဝယ်မယ် ဆိုရင် လူမိုက် ဖြစ်သွား ပါပြီ။

လောကမှာ လူတွေဟာ တန်းတူ မဟုတ်ဘူး ဆိုတာ သဘောပေါက် ထားဖို့ လိုပါတယ် ။

ကိုယ့်ဝင်ငွေလောက်နဲ့ သင့်တော်ရုံသာ သုံးစွဲပါ။

အချောင်မလိုချင်ပါနဲ့…
ဝင်ငွေကတော့ နည်းတယ်။ သို့ပေမယ့် ဟိုဟာလိုချင် ဒီဟာလိုချင် အများကြီးဖြစ်နေတယ်။ တစ်နည်းအားဖြင့် ထွက်ငွေအများကြီးထွက်ချင်တယ်။

အဲဒီလို လူတွေဟာ အမြဲတမ်းလိုငွေပဲ ပြနေတော့တာမို့ သူတို့ဟာ ငွေကြေးကို အသေရရ အရှင်ရရ လိုချင်တဲ့စိတ်တွေ ပေါ်လာပြီး မတော်လောဘတွေ ဖြစ်လာတတ်ပါတယ်။

အဲဒီအချိန်မှာ ငွေကြေးကို အချောင်လိုချင်တဲ့ အချောင်သမားတွေ ဖြစ်လာကြပြီး သူများအပေါ်က ငွေကို လိမ်လည်ယူတာ၊ ဥပဒေနဲ့ မညီတဲ့ အလုပ်တွေ လုပ်လာတာမျိုးတွေ ဖြစ်လာပါတယ်။

ဒါမျိုးတွေမဖြစ်ဖို့က ထွက်ငွေအများကြီး ထွက်ချင်နေတဲ့ ကိုယ့်ရဲ့စိတ်ကို ဘရိတ်အုပ်တတ်ဖို့ပဲ လိုပါတယ်။

လောကမှာ ငွေကြေးဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပြီးပြည့်စုံမှုဆိုတာ သေသည်အထိ မရနိုင်ဘူးဆိုတာ နားလည်ထားဖို့ လိုပါတယ်။

တစ်လမှာ ငွေတစ်သိန်းပဲ ဝင်တဲ့သူက ငွေဆယ်သိန်း လိုချင် တယ်။ တကယ် ငွေဆယ်သိန်း ရလာပြီဆိုရင် တစ်လကို သိန်းတစ်ရာ လောက် ဖြစ်လာ ချင်ပြန် တယ်။ တစ်လ သိန်းတစ်ရာ ဝင်လာပြီဆိုရင်လည်း တစ်လ သိန်းတစ်ထောင်ဖြစ်လာချင်ပြန်ရော။

ဝင်ငွေနဲ့ ပတ်သတ်ပြီး လူ့ရဲ့ လောဘဟာ ထိန်းမရနိုင်သလို ထွက်ငွေနဲ့ပတ်သတ်ပြန်ရင်လည်း သင့်အနေနဲ့ စိတ်ပါရင် ဒေါ်လာသန်းပေါင်းများစွာကို မိနစ်ပိုင်းအတွင်း ဖြုန်းတီးလို့ ရပါသေးတယ်။ ကမ္ဘာကြီးက ကြိုဆိုလျက်ပါပဲ။

သင်မွဲသွားရင်တော့ ကမ္ဘာကြီးက လှည့်ကြည့်မှာ မဟုတ် ပါဘူး။

ဝက်သားစားမစောပါနဲ့
ဗမာတွေဟာ ဝက်သား စားစော ကြတယ်လို့ ပြောလေ့ ရှိပါ တယ်။

ဆိုလိုတာက နည်းနည်းလေး ပုံမှန် ဝင်ငွေ ရလာရင် သိပ်မကြိုးစားကြတော့ဘဲ အပျော်အပါးဘက်ကို ရောက်သွားကြတာ များလို့ပဲ ဖြစ်ပါ တယ် ။

ကိုယ့်အလှည့် ကျရင် ဒါမျိုး မဖြစ် ဖို့က ပတ်ဝန်းကျင်ကောင်း တစ်ခု လိုပါ တယ်။ အထူးသဖြင့် တရုတ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။ တရုတ်တွေဟာ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ အလုပ်ကို အမြဲတစေ ကြိုးစား နေလေ့ရှိပါတယ်။ သူတို့တွေ ဆီက အတု ယူပါ။

နိုင်ငံရေး၊ စီးပွားရေးသတင်းစတာတွေကို မပြတ်တမ်းနားစွင့်ပါ။ ရင်းနှီးမြှပ်နှံစရာ အခွင့်အလမ်းပေါ်လာရင် ရင်းနှီးမြှပ်နှံပါ။

ေငြစုပါ

ဘဏ်အကောင့်ဖွင့်ထားပါ။ တစ်လတစ်ခါ ကိုယ်တတ်နိုင်သလောက် ငွေကြေးလေးကို ပုံမှန် ဖြည့်သွားပါ။ စာရေးသူ တစ်ခါက ဘဏ်သွားရင်း သူ့ရဲ့ငွေစုစာအုပ်ထဲကို တစ်လ ငါးထောင်ထည့်ပြီး ပုံမှန်စုနေတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို တွေ့ဖူး ပါ တယ် ။

အရမ်းချီးကျူး စရာ ကောင်းလှ ပါတယ် ။ အဲဒီလို မိန်းကလေးမျိုးဟာ ဆင်းရဲ တဲ့သူ ဖြစ်မှာ မဟုတ် ပါဘူး။

အသုံးစရိတ်တွေကို စာရင်းပြုစုပါ

ဒီနိုင်ငံမှာက ATM ကတ်ကိုင်ပြီး သုံးလို့ရတဲ့ နေရာ နည်းပါးတာ၊ ကတ်အစား ငွေကြေးကို လက်ကကိုင်ပြီး သုံးစွဲရတာတွေပဲ ဖြစ်နေတာ လကုန်တိုင်း ဒီလအတွင်း ကိုယ်ဘာတွေ သုံးမိသလဲ ဆိုတာက ပြန်စဉ်းစာ းနေရတဲ့ အလုပ်တစ်ခု ဖြစ်နေ ပါတယ် ။

ကတ်စနစ် တွင်ကျယ် လာရင်တော့ ကိုယ်ဘယ် အတွက် သုံးခဲ့တယ် ဆိုတာ ဘဏ်က ထုတ်ပေးတဲ့ Invoice ထဲမှာ ကြည့်လိုက် ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် စာရင်းကို ရအောင် ပြုစုပါ။ ပြီးရင် ဆင်ခြင် သုံးသပ် ပါ။

နောက်လကျရင် ကိုယ် ဘယ်အပိုင်းမှာ လျှော့သုံးသင့် လဲဆိုတာ အဖြေပေါ်လာ ပါလိမ့် မယ် ။

No Comments

No comments:

Post a Comment