Friday, 31 January 2020
ကမ္ဘာကြီး က တရုတ် ကို ဘယ်လော က် မှီခိုနေရသလဲဆို တာ သက်သေပြလိုက်တဲ့ ဝူဟန်ဗိုင်းရပ်စ်
ဝူ ဟန်ဗိုင်းရပ်ရောဂါ ပျံ့နှံ့ပြီးသွားချိန်မှာတော့ ကမ္ဘာကြီးဟာ တရုတ်ကို ဘယ်လောက်တောင် မှီခိုနေရတယ်ဆိုတာ မြန်မြန်ဆန်ဆန်သိလိုက်ရပါပြီ…
Ford နဲ့ တိုယို တာ ကားစက်ရုံတွေဟာ တရုတ်နိုင်ငံမှာရှိတဲ့ သူတို့ အလုပ်ရုံကြီးတွေကို နောက်ထပ် တစ်ပတ်လောက်ထပ် ပိတ်ထားရမဲ့ သဘောမှာရှိနေပါတယ်.. ကမ္ဘာကျော် Apple ကုမ္ပဏီဟာလည်း သူ့ရဲ့ ထုတ်လုပ်ရေး နဲ့ ဖြန့်ချိရေး လုပ်ငန်းတွေကို အစားထိုး လမ်းကြောင်းရှာဖို့ ပြင်ဆင်နေရပါပြီ…
ကမ္ဘာကျော် ကော်ဖီဆိုင်ကြီး စတားဘတ်ကတော့ တရုတ်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ သူ့ကော်ဖီဆိုင်တွေကို ပိတ်ထားလိုက်ရလို့ ဝင်ငွေဟာ သိသာစွာ ထိခိုက်လျှက်ရှိပါတယ်။ ဗြိတိသျှလေကြောင်းလိုင်းကတော့ ၃၀ ရက်နေ့ကစပြီး တရုတ်နဲ့ ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် အားလုံးကို ရပ်ထားနားရပါတော့မယ်။ တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာပဲ.. အမေရိကန်အဲလိုင်း.. ကနေဒါ အဲလိုင်းတို့ဟာလည်း သူတို့ရဲ့ ခရီးစဉ်တွေကို လျှော့ချ ပျံသန်းရမဲ့ အနေထားကို ရောက်လာနေပါပြီ…
ဂျပန်ခေါင်းဆောင်တွေကတော့ ထိခိုက်လာနိုင်ခြေရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကျားကန်ထားဖို့ ပြင်ဆင်နေရပါတယ်။ ဆိုးဆိုးရွားရွား ထိခိုက်သွားတာကတော့ အာရှ နိုင်ငံတွေရဲ့ ခရီးသွားလုင်ငန်းတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဟာ ကမ္ဘာပေါ်မှာ ခရီးသွားဆုံးနဲ့ ငွေအများဆုံး သုံးတဲ့ လူမျိုးတွေဖြစ်ပြီး တရုတ်နှစ်ကူး ခရီးသွားရာသီမှာ ဒီရောဂါ ဖြစ်လာတာ တိုးလောကအတွက် ကြောက်ခမန်းလိလိ ဆုံးရှုံးနစ်နာမှုပဲ ဖြစ်ပါတယ်။
ယခုလို ထူးဆန်းစွာ ပေါ်လာတဲ့ ရောဂါဆန်းကြောင့် လူတစ်ရာကျော်သေခဲ့ပြီး ထောင်ချီကူးစက်ခံနေရပါတယ်။ ဒီရောဂါကြောင့် တရုတ်ပြည်က မြို့တွေ စက်ရုံတွေ ပိတ်ထားရပါတယ်။ ဒါဟာ ကမ္ဘာစီးပွားရေး ယန္ဒယားမှာ လည်ပတ်နေတဲ့ စက်တွေထဲက ရေးကြီးတဲ့ စက်တစ်လုံးကို ရပ်ထားလိုက်ရသလိုပါပဲ။
ဝူဟန်ဗိုင်းရပ်ဟာ ကြောက်စရာ ကောင်းလောက်အောင် ကူးစက်မှုနှုန်းက လျှင်မြန်ခဲ့ပြီး တရုတ်အစိုးရဟာ နှစ်သစ်ကူး ရုံးပိတ်ရက်ကို ဖေဖော်ဝါရီ ၃ ရက်နေ့ထိ တိုးမြင့်ပေးထားခဲ့ရပါတယ်။ ဒါအပြင် အရေးပါတဲ့ မြို့ကြီးတွေရဲ့ လမ်းတွေ ရထားတွေ လေယာဉ်တွေ အားလုံးကို ပိတ်ထားခဲ့ရပြန်ပါတယ်
တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်ထိ ဆင်းရဲတဲ့ နိုင်ငံတွေထဲမှာ ပါနေပါသေးတယ်။ သို့ပေမယ့် နှစ်ပေါင်းလေးဆယ်အတွင်းမှာ တရုတ်ဟာ ကမ္ဘာစီးပွားရေး ယန္ဒယားရဲ့ အရေးပါဆုံး အစိတ်ပိုင်း တစ်ခု ဖြစ်လာခဲ့ပါတယ်။
တရုတ်တစ်နိုင်ငံတည်းရဲ့ လက်ရှိ စီးပွားရေး ကြွယ်ဝမှုဟာ ကမ္ဘာစီးပွားရေးကြီးတစ်ခုလုံးရဲ့ ခြောက်ပုံတစ်ပုံရှိနေပါတယ်။ ဒါ့အပြင် တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်တဲ့ အပြင် ကမ္ဘာအကြီးဆုံး ကုန်သွယ်ရေး နိုင်ငံ တစ်ခုပါ ဖြစ်နေပါတယ်။
အခု ဗိုင်းရပ်ပိုးကတော့ အမေရိကန်တွေ တရုတ်ကို မှီခိုရလား မခိုရလားဆိုတာ စမ်းသပ်လိုက်တာပါပဲ။
General Motor နဲ့ နစ်ဆန်း လို ကားစက်ရုံကြီးတွေကတော့ တရုတ်အစိုးရဲ့ တိုးမြှင့်လိုက်တဲ့ နှစ်သစ်ကူး ပိတ်ရက်အတိုင်း ဖေဖော်ဝါရီလ သုံးရက်နေ့ထိ ပိတ်ထားမှာ ဖြစ်ပေမယ်… တိုယိုတာနဲ့ Ford ကတော့ အဲဒီထက် တစ်ပတ်လောက် ပိုပြီး ပိတ်ထားရဖွယ် ရှိတယ်လို့ဆိုပါတယ်။ G.M., Honeywell, Facebook နဲ့ Bloomberg တို့လို ကုမ္ပဏီတွေဟာလည်း တရုတ်မှာရှိတဲ့ သူတို့ ဝန်ထမ်းတွေကို ခရီးသွားလာတာတွေကို တားမြစ်ထားပြီး ကိုယ့်ဘာသာ သီးခြား ခွဲနေဖို့ စီစဉ်ထားရပါတယ်။
တရုတ်နိုင်ငံမှာ ကော်ဖီဆိုင်းပေါင်း ၄,၂၉၂ ဆိုင်ဖွင့်ထားတဲ့ စတားဘတ် ကော်ဖီကတော့ သူ့ရဲ့ ဆိုင်တွေ တစ်ဝက်လောက်ဟာ ပိတ်ထားလိုက်ရတဲ့ အတွက်.. ဒီနှစ်အတွက် စီးပွားရေးမှာ အတော်လေး အထိနာမယ်လို့ ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိခိုက်မှု ဘောင်ဟာ ဘယ်လောက်ထိ ကျယ်ပြန့်လာမလဲဆိုတာကိုတော့ အခုချိန်ထိ ဘယ်သူမှ မပြောနိုင်ကြသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါပိုး ပျံ့နှံ့နေမှုဟာ လျှော့နည်းသွားမဲ့ ပုံ မမြင်ရသေးလို့ပါပဲ။ ကုမ္ပဏီတော်တော်များများကတော့ ပိတ်ထားရမဲ့ ရက်တွေ ပိုများလာနိုင်တဲ့အတွက် ကြိုတင်ပြင်နေကြရတယ်လို့ဆိုပါတယ်။
အမေရိကန် တရုတ်ကုန်သည်များ ကောင်စီက ဒုဉက္ကဌ ဂျက်ပါကတော့.. ကျွန်တော်တို့ အဖွဲ့ဝင် ကုန်သည်တွေဟာ သူတို့ရဲ့ စီးပွားရေး ဘယ်လောက်ထိ ရိုက်ခတ်လာနိုင်လဲဆိုတာကို တွက်ချက်ဖို့ လုပ်နေကြပါတယ်။ ယာယီပိတ်ထားရမဲ့ ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းတွေ လက်လီအရောင်းဆိုင်တွေ စက်ရုံတွေအထိ အပါဝင် တစ်ခြား စိန်ခေါ်မှုတွေကိုရောပေါ့။ တကယ်လို့များသာ အခုလို ပိတ်ထားရတဲ့ အခြေနေတွေဟာ ဖေဖော်ဝါရီ ၈ ရက်ကို ကျော်ခဲ့မယ်ဆိုရင် ပြသနာဟာ ပိုပြီး ကြီးထွားသွားနိုင်တယ်.. လို့ ပြောခဲ့ပါတယ်။
တရုတ်ဟာ ကမ္ဘာကြီးအတွက် တကယ်ကို အရေးပါပါတယ် သူတို့ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေတင်ကြောင့် မဟုတ်ပါဘူး… သူတို့ဟာ စမတ်ဖုန်းတွေ ကားတွေ ဝယ်တဲ့နေရာမှာ တစ်ခြား နိုင်ငံတွေထက် အများကြီး ပိုများပါတယ်။ ဒါ့ပြင် တရုတ် တိုးရစ်တွေဟာ တစ်နှစ်ကို ကမ္ဘာပတ်ပြီး ၂၅၈ ဘီလျှံ ဒေါ်လာလောက် သုံးပါတယ်။ ဒီပမာဏဟာ အမေရိကန် တိုးရစ်တွေ ကမ္ဘာပတ်ပြီး သုံးတဲ့ ပိုက်ဆံထက် နှစ်ဆလောက် နီးပါးရှိတယ်လို့ ကမ္ဘာခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ဆိုပါတယ်။
တကယ်တော့လည်း နိုင်ငံတကာက ကုမ္ပဏီတွေဟာ ကုန်သွယ်ရေး စစ်ပွဲမစခင်ကတည်းက တရုတ်မှာ ဆက်နေရေးမနေရေးကို စဉ်းစားနေကြတာပါ။ အကြောင်းကတော့.. နိုင်ငံခြားကုမ္ပဏီတွေရဲ့ တိုးတက်မှုနှုန်းက နေးကွေးလာတယ်။ အလုပ်သမားခတွေက တိုးမြင့်လာတယ်။ တရုတ်နိုင်ငံသား အပြိုင်အဆိုင် လုပ်ငန်းတွေကလည်း တိုးလာနေတယ်။ ပြီးတော့ အစိုးရဆီက အကူညီကလည်း နည်းလာနေပါတယ်။
သို့ပေမယ့် တရုတ်ရဲ့ ကျွမ်းကျင်ဝန်ထမ်းပေါများတာ အဝေးပြေးလမ်းတွေနဲ့ ရထားလမ်း စနစ်တွေ ကောင်းမွန်းတာ ကြီးမား ခိုင်မာတဲ့ စားသူဈေးကွက်ကြီး ရှိနေတာတွေက တရုတ်ကနေ ထွက်ခွါသွားဖို့ ခက်ခဲစေပါတယ်။ ဒါပေမယ့် ကုမ္ပဏီတော်တော်များများကတော့ ယာယီ အလုပ်သွားလုပ်လို့ရမဲ့ နေရာတွေကို ရှာဖွေလာကြပါပြီ။
အိုင်ဖုန်းကုမ္ပဏီကတော့ တရုတ်မှာ တစ်ခုခုဖြစ်ရင် ရပ်သွားနိုင်တဲ့ ထုတ်ကုန်တစ်ချို့ကို အစားဖြည့်နိုင်ဖို့ တစ်ခြား ပစ္စည်းတင်သွင်းသူတွေကို ရှာကြောင်း Apple CEO တင်ကွတ်က ကြာသာပတေးနေ့က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ စက်ရုံတွေဆောက်ပြီး Apple အတွက် ထုတ်ကုန်တွေ ထုတ်လုပ်ပေးနရေတဲ့ ထိုင်ဝမ်ပိုင် Foxconn ကတော့ သူတို့ စက်ရုံတွေဟာ တရုတ်အစိုးရ သတ်မှတ်ပေးလိုက်တဲ့ အားလပ်ရက်အတိုင်း ဖေဖော်ဝါရီ သုံးရက်နေ့အထိ ပိတ်ထားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တရုတ်မှာ အလှည့်အပြောင်းကို အလျှင်အမြန် လုပ်ဆောင်နေတာ Apple တစ်ခုတည်းတော့ မဟုတ်ပါဘူး…
အမေရိကန် အခြေစိုက် အင်ဂျင်နီယာ ကုမ္ပဏီ Honeywell က တာဝန်ရှိသူတွေဟာ ဆန်းသစ်တီထွင်ခြင်းဆိုင်ရာ ရုံးချုပ်ဖွင့်ဖို့ ရာအတွက် ဆက်စပ်တဲ့ အခန်းနားတစ်ခုကို တက်ဖို့ ဝူဟန်ကို ပြီးခဲ့တဲ့ အပတ်က သွားရောက်ခဲ့ကြပါတယ်… သူတို့ရောက်ပြီး နှစ်ရက်အကြာမှာပဲ အစိုးရက ဝူဟန်မြို့ကို ပိတ်လိုက်ပါတယ်။ အဲနောက်မှာတော့ ကုမ္ပဏီအကြီးကဲတွေဟာ ဝူဟန်မှာ ပိတ်မိသွားပြီး နောက်ထပ် ခရီးမဆက်နိုင်တော့ဘူး။
ဝူဟန်ဟာ တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးရဲ့ ဗဟိုချက် ဖြစ်တဲ့အတွက် ပြည်ပ ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ မြို့ဖြစ်ပါတယ်။ General Motor, နစ်ဆန်း, ဟွန်ဒါတို့လို ကားကုမ္ပဏီတွေဟာလည်း ဆိုင်ကြီးတွေ အပြိုင်အဆိုင် ဖွင့်ထားကြပြီး သူတို့နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေဟာလည်း ဝူဟန်မှာ အခြေစိုက်ထားကြရပါတယ်…
ပြင်သစ်ရဲ့ တရုပ်မှာ ရင်းနှီးမြုတ်နှံထားတဲ့ လုပ်ငန်းတွေရဲ့ သုံးပုံတစ်ပုံဟာလည်း ဝူဟန်မြို့မှာ တည်ရှိနေတာပါ.. ပြီးခဲ့တဲ့ တနလ်ာနေ့က ဝူဟန်မှာရှိနေတဲ့ ပြင်သစ် ကားလုပ်ငန်း PSA Group ဟာ ပဲရစ်မှာရှိတဲ့ ရုံးချုပ်နဲ့ ဆက်သွယ်ပြီး ဝူဟန်မှာ အလုပ်တွေ ရပ်နားထားရအတွက် ထုတ်ကုန်တွေပေါ် ထိခိုက်လာနိုင်ခြေတွေကို တွက်ချက်ခဲ့ကြပါတယ်။ ဖက်စပ်လုပ်ငန်းတွေဆီက တစ်ဆင့် ဝန်ထမ်း နှစ်ထောင်ကို ခန့်ထားခဲ့ပြီး နိုင်ငံခြားသားဝန်ထမ်းသုံးဆယ်ကျော်ကိုတော့ ကယ်ဆယ်ရေးအစီစဉ်နဲ့ ပြည်တော်ပြန်ပို့လိုက်ရပါတယ်။
ဆွီဒင်ရဲ့ နာမည်ကျော် ပရိဘောက လုပ်ငန်း Ikea ကတော့ တရုတ်မှာ ဝန်ထမ်းပေါင်း တစ်သောင်းလေးထောင်ကျော်နဲ့ ဆိုင်ခွဲပေါင်း သုံးဆယ်ကျော် ဖွင့်ထားတာဖြစ်ပြီး တစ်ဝက်လောက်ဟာ အခု ယာယီပိတ်ထားရပါတယ်… အစိုးရ နောက်ထပ်ကြေငြာချက် တစ်စုံတစ်ရာ မထုတ်မချင်းတော့ ဝန်ထမ်းတွေကို လစာပေးပြီး အိမ်မှာပဲ နေခိုင်းထားရဉီးမှာ ဖြစ်ပါတယ်။
ဒီလို ကသောင်းကနင်း ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဘယ်အချိန်မှာ ပြန်ကောင်းလာနိုင်မယ်ဆိုတာ ဘယ်သူမှ အတိကျ မပြောနိုင်သေးပါဘူး။ လွန်ခဲ့တဲ့ ၁၇ နှစ်က လူရာချီသေခဲ့တဲ့ ဆားရောဂါတုန်းကတော့ ဝန်ထမ်းတွေ အလုပ်ဆင်းဖို့ရာအတွက် နိုင်ငံခြား ကုမ္ပဏီတွေဟာ ပိုက်ဆံတွေ အများကြီးပိုပေးခဲ့ကြရပါတယ်။ အခုအခြေနေကတော့ ကုမ္ပဏီတွေဟာ အဲလို လုံလုံလောက်လောက် ပြန်ခေါ်နိုင်ပါ့မလားဆိုတာ မသေချာသေးပါဘူး…
အိန္ဒိယ အခြေစိုက် အင်ဂျင် မီးစက်နဲ့ ဆက်စပ် ပစ္စည်းတွေထုတ်တဲ့ Cummins ကတော့ သူ့အလုပ်ငန်း ခုနှစ်ခုကို ဝူဟန်မှာ ဘယ်တော့ ဖွင့်နိုင်မယ်ဆိုတာ မသိရသေးပါဘူး။ အစိုးရက ရက်တိုးပေးထားတဲ့ နှစ်သစ်ကူး အားလပ်ရက်က ဖေဖော်ဝါရီ သုံးရက်နေမှာ ပြီးဆုံးမယ် ဆိုပေမယ့်လည်း ဝူဟန်မြို့ဟာ ပိတ်ခံထားရဆဲ အခြေနေမှာပဲ ရှိနိုင်ပါတယ်…
Fobe ကားကုပ္ပဏီကတော့ ဝူဟမ်မှာ လုပ်ငန်းလုပ်ဆောင်မှုတွေမရှိပေမယ့် တရုတ်မှာရှိတဲ့ သူတို့ရဲ့ အဓိက ကျတဲ့ လုပ်ငန်းတွေကတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မတိုင်ခင်ထိတော့ လုပ်ငန်းလုပ်ကိုင်နိုင်ဖွယ် မမြင်သေးဘူးလို့ဆိုပါတယ်။ Fobe ဟာ တရုတ်မြို့လေးမြို့မှာ တည်ဆောက်ထားတဲ့ စက်ရုံတွေကနေ တစ်နှစ်ကို ကားအစီးရေး ငါးသိန်းလောက်ထုတ်လုပ်ပြီး… တစ်ပတ်ကို ကားအစီးရေး ၄၉၀၀ လောက်ထုတ်လုပ်ပါတယ်။
တရုတ်မှာရှိတဲ့ လုပ်ငန်းတွေတင်မဟုတ်ပါဘူး တစ်ခြားနိုင်ငံမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာလည်း ဗိုင်းရပ်ကြောင့်ထိခိုက်လာနိုင်မဲ့ စီးပွားရေး အခြေနေတွေကို သုံးသပ်နေကြရပါတယ်။
ဂျပန်ကစီးပွားရေးဝန်ကြီး Yasutoshi Nishimura က ဒီအခြေနေဟာ ဒီတိုင်းဆက်ကြာသွားမယ်ဆိုရင်တော့ ဂျပန်ရဲ့ ထုတ်ကုန် တင်ပို့မှုတွေကို ထိခိုက်လာမှာကို စိုးရိမ်မိပါတယ် လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဂျပန်ခရီးသွားလုပ်ငန်းရဲ့ ၃၀ ရာနှုန်းသော သူတွေဟာ တရုတ်ခရီးသည်တွေဖြစ်ကြပြီး တရုတ်ဟာ ဂျပန်ထုတ် ပစ္စည်းတွေရဲ့ အဓိက ဖောက်သည်တွေဖြစ်ကြပါတယ်။ ကွန်ပြူတာ နဲ့ ဖုန်းအတွင်းမှာ သုံးတဲ့ လျှပ်စစ်ပစ္စည်းတွေ ဖုန်းနဲ့ ကင်မရာ အမျိုးမျိုးမှာ သုံးတဲ့မှန်ဘီလူးတွေဟာ ဂျပန်ကနေ တရုတ်ကုမ္ပဏီတွေက ဝယ်ယူကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ တရုတ်ခရီးသွားတွေဟာ ၁၈ ဘီလျှံဒေါ်လာလောက် နှစ်စဉ် သုံးစွဲနေကြတာ ဖြစ်ပြီး ဒီပမာဏဟာ ထိုင်းခရီးသွားလုပ်ငန်းရဲ့ ဝင်ငွေ လေးပုံတစ်ပုံလောက်ရှိပါတယ်။ တရုတ်တိုးရစ်တွေဟာ ထိုင်းနိုင်ငံအတွက် နံပါတ်တစ် ခရီးသည်တွေ ဖြစ်ပါတယ်လို့ ထိုင်းခရီးသွားလာရေး ဝန်ကြီး Yuthasak Supasorn ကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ တရုတ်ခရီးသည်တွေ နည်းသွားလို့ နစ်နာသွားရတဲ့ ထိုင်းနိုင်ငံထဲက စီးပွားရေး လုပ်ငန်းတွေအတွက် အစားထိုး တစ်ခုခု ပေးဖို့ ထိုင်းအစိုးရအနေနဲ့ နည်းလမ်းရှာဖွေနေတယ်လို့ သူက ဆက်ပြောခဲ့တယ်။ ဥပမာ လေယာဉ်ပါကင်ကြေးတွေ လျှော့ပေးတာ.. ယစ်မျိုးအခွန်နဲ့ လေယာဉ်ဆီအခွန်နဲ့ တိုးရစ်တွေကို ဆွဲဆောင်နိုင်တဲ့ လုပ်ငန်းအခွန်တွေ လျှော့ပေးတာ.. မျိုးလုပ်ပေးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ တိုးရစ်ကား မောင်းတဲ့ ၄၅ နှစ်အရွယ်ရှိတဲ့ ဒရိုင်ဘာ Anan Buates အဖို့ကတော့ တရုတ်တိုးရစ် အုပ်စုတွေရဲ့ ခရီးစဉ်ဖျက်သိမ်းသာတွေကို ကြုံတွေ့နေရပြီး ” ရောဂါတွေ မပျံနှံ့အောင် ခရီးစဉ်တွေ ဖျက်သိမ်းတာကတော့ သူတို့ရဲ့ အခွင့်ရေးပါလို့ ” လို့ သူက ဆိုပါတယ်.. ဒါပေမယ့် သူ့အဖို့တော့ ခရီးသည်နည်းသွားလို့ ဝင်ငွေနည်းမဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်/
နယူးယောက်တိုင်း သတင်းစာမှာ Alexandra Stevenson ရေးထားတဲ့ Coronavirus Outbreak Tests World’s Dependence on China ကိုဆီလျှော်သလို ဘာသာပြန်ထားတာပါ
Myanmar International Breaking News
လေးစားစွာဖြင့် Blacker
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment