Sunday, 26 January 2020

နတ်ဘုရားဝင်စားတဲ့ဆိတ် လူမျက်နှာဖြစ်နေ

အိန္ဒိယကရွာလေးတစ်ရွာမှာ ဗီဇသဘောတရား အရ ထွန်းခြင်း ဖြစ်ပေါ်နေတဲ့ ဆိတ်တစ်ကောင်က လူမျက်နှာနဲ့တူနေလို့ ရွာသားတွေက နတ်ဘုရား ဝင်စားတယ် ဆိုပြီး ရှိခိုးပူဇော် သက္ကာရပြု နေကြပါတယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ရာဇသန်ပြည်နယ် နီမိုဒီယားဒေသမှာ ဆိတ်လေးတစ်ကောင်က မျက်နှာပြားပြီးလူနဲ့တူကာ မျက်လုံး တွေက လူနဲ့ပိုလို့ တူနေ ပါတယ်။

အဲ့ဒိ ဆိတ်ပိုင်ရှင် ပရာဂျပတ်က “ဆိတ်ကလေးကိုမွေးတော့ ကျနော်က စွယ်စုံကျမ်းထဲမှာ ရှာဖွေဖတ် ကြည့်တော့ ဗီဇဖောက်ပြန်မှုကြောင့်လို့ သိခဲ့ရပါတယ်။

ဗီဇမျှဉ်တွေ ပြန်တွဲတဲ့ အခါမှာ ကမောက်ကမ ဖြစ်စဉ် တစ်ခုခုကြောင့် ဒီလိုမျိုး ဆိတ်ကဆိတ်နဲ့မတူပဲ လူရုပ်ထွက်နေတာပါ”လို့ ရှင်းပြပါ တယ်။ ဒါပေမဲ့ နီမိုဒီယားက လူအများစု ကတော့ ဒီလို သိပ္ပံဆိုင်ရာ အချက် အလက်တွေက သူတို့အတွက် စိတ်ရှုတ်စရာ ဖြစ်နေ ပါတယ်။

သူတို့အတွက်ကတော့ လူနဲ့တူတဲ့ အကောင် တစ်ကောင် ဆိုရင် ဒါက ဗြဟ္မာကြီးက ဖန်ဆင်းထားတဲ့ နတ်ဘုရား တစ်ပါးပါး ဝင်စားတာပဲ ဖြစ်လိမ့် မယ်လို့ သဘောထား လိုက်တာ ပါပဲ ။ သူတို့ အတွက်က လူမျက်နှာနဲ့ ဆိတ်ကလေးက နတ်ဘုရား တစ်ပါးပါး ပါပဲ။

သူတို့က ပြီးခဲ့တဲ့လက အာဂျင်တီးနားမှာ ဗီဇထွန်းပြီး လူမျက်နှာ ပုံစံထွက် လာတဲ့ နွားကလေးအကြောင်းကို မသိဘူး။ သိခဲ့ရင်လည်း အာဂျင်တီးနားက နွားကလေးကတော့ နီမိုးဒီယားမှာမမွေးလို့ နတ်ဘုရားဖြစ်မှာ မဟုတ်ပါဘူး။

ခက်တာက ဗီဇထွန်းပြီး မွေးတဲ့အကောင်တော်တော်များများက မွေးကာစမှာပဲသေတာများပါတယ်။ မနှစ်က နိုဝင်ဘာလ ၅ရက်တုန်းကလည်း တရုတ်နိုင်ငံက ကူမင်းမြို့ရဲ့ ရေကန်တစ်ကန်မှာ လူမျက်နှာနဲ့ငါးတစ်ကောင်ကိုတွေ့ခဲ့ရပါတယ်။

အဲ့ဒိငါးက လူရဲ့ခေါင်းနဲ့ တော်တော်တူတဲ့အပြင် နှာတံပါ ပေါ်နေပါတယ်။ ဗီဇထွန်းခြင်းဆိုတဲ့ ကိစ္စက အခြေအနေ ၄ရပ်ရှိပါတယ်။

၃ ရပ်က DNAနဲ့ ပတ်သက်နေပြီး ကျန်တစ်ရပ်ကတော့ RNAနဲ့ ပတ်သက် နေပါတယ်။ ဆဲလ်တွေက မျိုးရိုးဆက်ခံတဲ့ ကိစ ္စလုပ်နေချိန်မှ

ာ ဗီဇမျှဉ်တွေ ပြန်တွဲတော့ အမှားမှား အယွင်းယွင်း တွဲမိတဲ့အခါမှာ အဲ့လို ထွန်းခြင်းဆိုတာဖြစ်ပေါ်လာ တာပါ။ မောင်ယဿ REF: mirror

No comments:

Post a Comment