တစ်ကမ္ဘာလုံးက စိုးရိမ်တကြီးဖြစ်နေကြတဲ့ ဝူဟန်ဗိုင်းရပ်စ်က အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကတောင် နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ဝူဟန်ဗိုင်းရပ်စ် သံသယရှိသူတစ်ယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရှိခဲ့တာကြောင့် ပြည်သူတွေက ကြောက်ရွံ့နေကြပြီ ဖြစ်ပါတယ်။ Sinon Loresca ကတော့ မြန်မာပြည်သူတွေအနေနဲ့ မစိုးရိမ်ဖို့ကို အခုလိုပဲ ပြောထားပါတယ်။
“Coronavirus (ဝူဟန်ဗိုင်းရပ်စ်) ကတော့ နိုင်ငံအချို့မှာ အနီရောင်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြမယ်ဆိုရင် ကြောက်နေစရာမရှိပါဘူး။ ကျွန်တော်တို့ အားရှိစေမယ့် ဆေးဝါးတွေနဲ့ အစားအစာတွေ စားသောက်ပြီး ကိုယ်ခံစွမ်းအားကို တိုးမြှင့်နိုင်ပါတယ်။”
“ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်သတိထားနေဖို့တော့ လိုပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ကို နိုင်ငံတကာက စိုးရိမ်နေကြတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ဒီဗိုင်းရပ်စ် ထပ်ပြီးမပျံ့ပွားအောင်
အတူတကွ တိုက်ထုတ်လို့ရပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့အသိုင်းအဝိုင်းမှာ ကျွန်တော်လုပ်နိုင်တဲ့အပိုင်းတွေကို ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ ခင်များတို့လည်း လုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်။”
” ရောဂါကာကွယ်ဖို့ Mask တွေရောင်းချနေတဲ့ဆိုင်တွေကို ပြောချင်တာကတော့ ခင်များတို့က အမြတ်ရချင်လို့ ရောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သင့်တင့်မျှတတဲ့ စျေးနှုန်းတွေနဲ့သာ ရောင်းချစေချင်ပါတယ်။ ဒီအခြေအနေဆိုးကြီးကို အခွင့်အရေးယူပြီး အမြတ်မထုတ်ချင်ပါနဲ့ခင်ဗျာ။ ”
” ကျွန်တော်တို့အချင်းချင်း ရိုင်းပင်းကူညီစွာနဲ့ ဒီရောဂါဆိုးကြီး ပျံ့ပွားတာ ရပ်တန့်သွားအောင် ကူညီကြမယ်လေ။ ” ဆိုပြီး Sinon က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားတာပဲ ဖြစ်ပါတယ်။
Sinon ကတော့ သူကိုယ်တိုင် ဗိုင်းရပ်စ်ပျံ့ပွားမှု ရပ်တန့်သွားအောင် Mask တွေကို လိုက်လံဝေငှပေးနေလျက်ရှိပါတယ်။ Sinon ပြောသလိုပဲ အချင်းချင်းစည်းလုံးရင် ဒီရောဂါကြီးကို အနည်းနဲ့အများ ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။
မိုမိုလေး
No comments:
Post a Comment