Thursday, 2 January 2020
ခေါင်းမာတဲ့မိန်းကလေးမျိုးကို ချစ်သူတော်မယ်ဆိုရင် ဒါတွေသိထားဖို့တော့လိုပါတယ်
ခေါင်းမာတာဟာ တခါတလေမှာစိတ်တိုချင်စရာကောင်းပေမယ့် တခါတလေမှာလည်း ချစ်စရာကောင်းပါတယ်။ အထူးသဖြင့် ခေါင်းမာတတ်တဲ့မိန်းကလေးတွေပေါ့။
ဒါကြောင့် သင့်အနေနဲ့ ခေါင်းမာတတ်တဲ့မိန်းကလေးတစ်ယောက်ကို ချစ်မိနေတယ်၊ ချစ်သူတော်ဖို့စဉ်းစားထားတယ်ဆိုရင် ဒါလေးတွေတော့ သိဖို့လိုပါတယ်။
ကိုယ်တိုင်ဆုံးဖြတ်ရမှ
ခေါင်းမာတယ်ဆိုမှတော့ ကိုယ်လုပ်ရမယ့်အလုပ်မှန်သမျှ ကိုယ်တိုင်ပဲဆုံးဖြတ်တော့မှာပေါ့။ ဒါကြောင့် ခေါင်းမာတဲ့ မိန်းကလေးတွေကို ဟိုဟာလုပ်၊ ဒီဟာလုပ်ဆိုပြီးဆရာလုပ်လို့မရပါဘူး။ ဒါလေးကိုသိထားပါ။
စိတ်ထားဖြူစင်တယ်
ခေါင်းမာတယ်၊ ကိုယ်လုပ်ချင်တာကိုလုပ်တတ်တယ်ဆိုပေမယ့် သူများကိုထိခိုက်အောင်မလုပ်တတ်ဘူး၊ နောက်ကျောဓားနဲ့မထိုးတတ်ဘူး၊သူများအပေါ်မကောင်းမကြံတတ်ဘူး၊ စိတ်ထားဖြူစင်တယ်။
လူတစ်ဖက်သားရဲ့အပြစ်အနာအဆာတွေကိုဖော်ထုတ်မပြောတတ်ဘူး
ကိုယ်လုပ်ချင်တာကို တဇွတ်ထိုး လုပ်တတ်ပေမယ့် လူအများကြားမှာ သူများရဲ့အပြစ်အနာ အဆာကို ထုတ်ပြောပြီး အရှက်ခွဲတာတွေမလုပ်တတ်ဘူး။ ကောင်းကွက်ကို မြင်အောင် ကြည့်တတ်ပြီး အပြစ်မြင် စိတ်နည်းတယ်။
သန်မာတယ်၊ အမှီအခိုကင်းတယ်
ခေါင်းမာတာကြောင့် ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့ ကိုယ့်အားကိုယ် ကိုးနိုင်အောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားတယ်။ အခက်အခဲ ကြုံလာရင် လွယ်လွယ်နဲ့အရှုံးမပေးဘဲ ကိုယ်တိုင် ရအောင်ကျော်ဖြတ်တယ်။
လွယ်လွယ်နဲ့မချစ်တတ်ဘူး
ခေါင်းမာတဲ့ မိန်းကလေးတွေဟာ လူတစ်ယောက်ကို လွယ်လွယ် နဲ့ မချစ် တတ် ပါဘူး။ အဲ့လို မချစ်တတ်ဘူး ဆိုတာလည်း သူတို့ရင်ထဲမှာ အချစ်မရှိလို့မဟုတ်ပါဘူး။
လူတစ်ယောက်ကို ချစ်မိလို့ ကိုယ့်စိတ်ကို မပိုင်တော့မှ ာစိုးလို့ မချစ်မိ သွားအောင် ကိုယ့်ကိုယ်ကို တားဆီး ထားတာ ကြောင့်ပါ။
အလွန်အမင်းခံစားတတ်တယ်
ကိုယ်လုပ်ချင်ရာကို နောက်မဆုတ်တမ်း လုပ်ပြီး ခေါင်းမာတတ် ပေမယ့် ဝမ်းနည်းစရာ ရှိလာ ရင်တော့ အလွန်အမင်း ခံစားပြီး ဝမ်းနည်း နေတတ် တ ာလည်း သူ တို့ ပါ ပဲ။
ငါမှားသွားပြီလားလို့ အမြဲတွေးတတ်ပေမယ့် တောင်းပန်ဖို့ဝန်လေးတယ်
ကိုယ်လုပ်လိုက်တဲ့ အရာတွေက မှားများ မှားနေလား၊ အဆင်မှပြေရဲ့လား၊ တစ်ဖက်သားကို ထိခိုက် သွားပြီလားဆိုပြီး တွေးတတ်ပေမယ့် သူတို့မှားနေရင်တောင် တောင်းပန်ဖို့ ကိုတော့ ဝန်လေး နေတတ် ပါ တယ်။
သူတို့တွေက တောင်းပန်ပြီ ဆိုရင်လည်း သင့်ကို အရမ်းအလေးထား လို့ ဖြစ် ပါ တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment