ကိုယ့်ချစ်သူ ကိုယ့်အပေါ်သစ္စာ ရှိတယ်၊ မရှိဘူး ဆိုတာ ချစ်သူ သက်တမ်းကြာတာ၊ မကြာတာနဲ့ဆုံးဖြတ်လို့မရ ပါဘူး။
တချို့အတွဲတွေ ဆိုရင် ချစ်သူ သက်တမ်း ကြာလာပြီးမှ အသစ်တွေ့လို့ ပြတ်သွားကြတာတွေ၊ တချို့ဆို လက်ထပ်ပြီးမှ ဖောက်ပြန် တာတွေေ တာင်ရှိ ပါတယ်။ ဒါဆို သူကိုယ့်အပေါ်သစ္စာရှိ၊မရှိ ဘယ်လိုဆုံးဖြတ်ကြမလဲ ။ ဒီ အချက်လေးတွေနဲ့ ဆုံးဖြတ် ကြည့်ပါ။
အတိတ်မှာ နာမည်ကောင်း ရှိခဲ့သူ
သူ့ရဲ့အတိတ်မှာ တုန်းက ရည်းစားများတာ၊ ပွေတာရှုပ် တာစတဲ့ နာမည်ဆိုးတွေ မရှိခဲ့ဘဲ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်း ခဲ့တယ် ။ ဒီလို နာမည်ကောင်း ရှိခဲ့တဲ့ သူတွေဟာ သစ္စာတရားကို လည်းတန်ဖိုး ထားတတ်သူတွေ ဖြစ်ပါတယ်။
ကိုယ်ကျင့်တရားကောင်းတဲ့အပေါင်းအသင်းတွေရှိသူ
အပေါင်းအသင်းကြောင့် လမ်းမှန်ရောက်တဲ့ သူတွေ ရှိသလို၊ အပေါင်းအသင်းကြောင့် ဘဝပျက် ရတဲ့သူတွေလည်းရှိတာကြောင့် အပေါင်းအသင် းကောင်းရှိခြင်းက မင်္ဂလာ တစ်ပါးပါပဲ။ အပေါင်းအသင်းကို ကြည့်ပြီး လူတစ်ယောက်ကို ဆုံးဖြတ်လို့ မရဘူး ဆိုပေမယ့်
သူဘယ်လို လူူလဲ ဆိုတာတော့ အကြမ်းဖျင်း ခန့်မှန်းလို့ ရပါတယ်။ သူကိုယ်တိုင်လည်း အတိတ်မှာနာမည်ဆိုး မရှိခဲ့သလို သူပေါင်းသင်းတဲ့ သူငယ်ချင်းတွေ ကလည်း ဒီလို နာမည်ဆိုးတွေ မရှိဘူး၊
ကိုယ်ကျင့်တရားကောင်းတဲ့ သူတွေ ဖြစ်တယ် ဆိုရင် သူဟာ သစ္စာရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ များတယ်လို့ သတ်မှတ် နိုင်ပါ တယ်။
အိမ်မှာပျော်တတ်တဲ့သူ
သင့်ချစ်သူဟာ အိမ်မှာပျော်တဲ့ သူလား၊ အပြင်မှာ ပျော်တဲ့ သူလားဆိုတာ ကြည့်ပါ။ လူငယ်သဘာဝ အပျော်အပါးကြိုက် တတ်ကြ ပေမယ့် ကိုယ့်အိမ်လောက် ဘယ်နေရာကို မှ မခင်တွယ်တတ်တဲ့ သူမျိုးဟာ သူကိုယ်တိုင် အိမ်ရာ ထူထောင်တဲ့ အခါမှာလည်း အိမ်ကို ခင်တွယ်တတ် ပါတယ်။
ဒီလိုမဟုတ်ဘဲ အပြင်မှာနေရတာ အလွန်အမင်းကြို က်တတ်တဲ့ သူ၊အပျော်အပါးမက်လွန်းတဲ့သူ ဆိုရင်တော့ အိမ်ထောင်ကျတဲ့အခါမှာလည်း ဒီအတိုင်းပဲ ဖြစ်ဖို့ များပါတယ်။
ချစ်ခြင်းမေတ္တာကိုနားလည်သူ
တချို့မိန်းကလေးတွေ ပြောတာကြားဖူး ပါတယ်။ သူတို့ချစ်သူက သူတို့ချစ်သလောက် ပြန်မချစ်ဘူး၊ ချစ်ပြရင် ပစ်ချသွားကြတယ် ဆိုတာပါ။ တကယ်တော့ ချစ်ပြလို့ ပစ်ချသွားတယ် ဆိုတာ ချစ်ခြင်းမေတ္တာကိုနားမလည်၊ တန်ဖိုး မထားတတ်တဲ့ သူတွေ လုပ်တာပါ။
ဒီလိုလူမျိုးတွေ ကိုယ့်ဘဝထဲက ထွက်သွားတာ ဝမ်းနည်းစရာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုလူမျိုးတွေက အိမ်ထောင်ကျပြီး နောက်မှာ ဖောက်ပြန် နိုင်ချေများတဲ့ သူတွေပါ။ ဒါကြောင့် ချစ်ပြလိုက်ပါ၊ ကိုယ်ချစ်ပြလို့ပစ်မချခဲ့တဲ့ လူကို ရွေးချယ်ပါ။
ပြဿနာမရှိအောင်နေတတ်သူ
လောကကြီးမှာ လူနှစ်မျိုးပဲ ရှိပါတယ်။ အဲ့ဒါကတော့ ပြဿနာရှာတဲ့ သူနဲ့ ပြဿနာကို ရှောင်တဲ့ သူပါ။ ပြဿနာ ရှာတတ်တဲ့ လူက ထိုင်နေရင် ထိုင်ပြန်ပြီ၊ ထနေရင်ထပြန်ပြီ ဆိုတာမျိုး အမျိုးမျိုးပြဿနာ ရှာနေတာပါ။
ပြဿနာကို ရှောင်တတ်တဲ့ သူတွေကတော့ သူများတွေ ပြဿနာရှာ လာရင်လည်း ပြဿနာကို ပိုကြီးအောင်ဘယ်တော့မှ မလုပ်ဘူး၊ အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန် ဖြေရှင်းတတ် တယ်၊ ကိုယ်တိုင်လည်းပြဿနာကို မဖန်တီးဘူး၊ အေးအေးဆေးဆေး နေလို တယ်။
စိတ်ပညာအရ အဲ့လိုပြဿနာကို ရှောင်တတ်တဲ့ လူတွေက လူတစ်ဖက်သား အပေါ်မှာ သစ္စာဖောက်ဖို့ မစဉ်းစားကြ ဘူးလို့ ဆိုထားပါ တယ်။
written by PP
No comments:
Post a Comment