Tuesday, 28 January 2020

တောရိုင်းတိရစ္ဆာန်တွေကို ကုန်သွယ်ခြင်းက ရှာမတွေ့သေးတဲ့ ဗိုင်းရက် ၁.၇ သန်းနဲ့ လူတွေကို ထိတွေ့စေတာပဲ

ဆေးပညာ ရှင်တွေနဲ့ ရောဂါရှာဖွေရေး ပညာရှင်တွေ မတွေ့သေးတဲ့ အမည်မတပ် ရသေးတဲ့ ဗိုင်းရက်ပိုး ၁.၇သန်းလောက်ရှိ နေတယ်လို့ ဂေဟစနစ်နဲ့ ကျန်းမာရေး မဟာမိတ်အဖွဲ့ ဥက္ကဌ ပီတာဒါဇတ်က ဆိုတယ်။

လက်ရှိ ဝူဟန်မှာ ဖြစ်ပွားနေတဲ့ ထူးဆန်း တုတ်ကွေးရောဂါက ဝူဟန်မြို့က တရားမဝင် တောရိုင်းတွေကိုရောင်းဝယ် ဖောက်ကား မှုကြောင့် ဖြစ်ရတာပါလို့ ယုံကြည် ရပါ တယ်။
အကယ်၍များ ဒါက အဲ့ဒိဈေးကနေလာတဲ့ တုတ်ကွေး တစ်မျိုးလို့ ခင်ဗျားတို့ထင်ရင် မှားသွာပါလိမ်မယ်။ ကမ္ဘာပေါ်မှာ ဝူဟန်မြို့ထက် တောရိုင်းတွေကို ပိုစားတဲ့ မြို့တွေ အများကြီး ရှိပါတယ်။

ဆားစ်လို တုတ်ကွေးပိုးတွေက လင်းနို့လို ကြောင်ကတိုးလို တောရိုင်းတွေကို စားလို့ ဖြစ်တာလို့ ဖြစ်ရတာပါဆိုပြီး ကွင်းဆက်လိုက် လေ့လာခြင်းက အဖြေ ရခဲ့ တယ်။ အဲ့ဒိတုတ်ကွေးက လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ပေါ်ခဲ့တာ ပါပဲ ။
ဆားစ်ဗိုင်ရက်ကို သတ်နိုင်တဲ့ နည်းတွေ့ ခဲ့တော့ရော လူတွေက လင်းနို့တွေ ကြောင်းက တိုးတွေကို အစားရပ်ခဲ့ပါသလား။ ဘာမှမပြောင်းလဲ ခဲ့ ပါဘူး ။ စားမြဲစားဆဲ ပါပဲ။

အမှန်တော့ တောရိုင်း တိရိစ္ဆာန်တွေကို စားသုံးနေခြင်းကိုက လူသား ကျန်းမာရေး အတွက် အန္တရာယ် ရှိနေ တာပါ။

ကမ္ဘာ့ဗိုင်းရက် ဆိုင်ရာ လေ့လာရေးအဖွဲ့ မှာ အလုပ်လုပ်နေတဲ့ ဒါရက် ကိုယ်တိုင်က သူတို့အမည်မပေးရသေးတဲ့ ဗိုင်ရက် ၁.၇သန်း ရှိနေ ပါတယ် လို့ ဆို တယ် ။ အဲ့ဒိထဲက ဗိုင်ရက်၈သိန်းခွဲလောက်က လူတွေအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ ပိုးတွေပါ ။

အဲ့ဒီ ဗိုင်းရက်ပိုးတွေက တောရိုင်း တိရစ္ဆာန် တွေနဲ့ ထိတွေ့ နေကြတာပါ။ တောရိုင်းတွေက ဗိုင်းရက်တွေအတွက် လက်ခံ ကောင်တွေပါ။ တောရိုင်းတွေကို စားသုံးလိုက်တာနဲ့ ဗိုင်းရက်တွေက လူ့လောကထဲကို အလည်ဝင်လာတော့တာပါပဲ။

ဥပမာဆိုရရင် အီဘိုလာဗိုင်းရက်က လင်းနို့်ကနေ လာတာလို့ နောက်ောကာင်းပြန်ခြေရာခံခြင်းက သိလာရသလို HIV ပိုးက လူဝံတွေ ဆီကနေ လာတာလို့ သိလာ ရတယ်။

သိပ္ပံပညာရှင်တွေက လူသားတွေ ထပ်မံကြုံတွေရမယ့် ရောဂါ ၆၀ ရာခိုင်းနှုန်းက တောရိုင်း တိရစ္ဆာန်တွေဆီကနေ လာတာပါ လို့ ဆိုတယ်။ တကယ်ဆိုရင် တောရိုင်းမှ မဟုတ် ပါဘူး ။ မွေးမြူရေး ကြက်ငှက် ဝက် တွေကနေပြီးတော့လည်း ဗိုင်ရက်တွေ ဝင်လာ နေတာ ပါပဲ။

ငှက်တုတ်ကွေးနဲ့ နွားရူးရောဂါ ပိုးတွေက နှစ်စဉ်လို ကူးစက်မှု ရှိနေတာ ပါပဲ။ တောရိုင်းတွေကိုဖမ်းမယ်။ သယ်ယူပို့ဆောင်မယ်။

သတ်ဖြတ်ပစ် လိုက် မယ်ဆိုရင် သူတို့ကိုယ် ထဲမှ ာရှိတဲ့ ဗိုင်းရက်ပိုးတွေက အပြင်ကို ထွက်လာပြီး သူတို့ရဲ့ လက်ခံကောင် အသစ်ဖြစ်မဲ့ အနီးဆုံးက လူအပါ အဝင် တိရစ္ဆာန်တွေ ဆီကို သွားကြတော့ တာပါပဲ။ အဲ့ဒိမှာ ရှာမတွေ့ သေးတဲ့ ဗိုင်းရက် တွေကြောင့် ထူးဆန်းတဲ့ ရောဂါတွေ ဖြစ်ကြရတာပါ။

မောင်ယဿ ref; world of buzz

No comments:

Post a Comment